လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့

နန္ဒာလှစေတီတော်

Tuesday, March 2, 2010

အမြတ်ဆုံးကား စရဏ

               လူသားတိုင်းသည် များသောအားဖြင့် ကိုးကွယ်မူ့ကို ရှာတတ်ကြသည်။ ထိုသို့ရှာဖွေရာ၌ ပုဂ္ဂိုလ် ကိုယ်ကို ကိုးကွယ်မူ့နှင့် ဓမ္မကို ကိုးကွယ်မူ့ဟု ၂မျုီုးတွေ့နိုင်ပေသည်။ ပုဂ္ဂိုလ်ကိုယ်ကို ကိုးကွယ်ခြင်းထက် သူကျင့် နေသောအကျင့်ကို လိုက်နာကျင့်သုံးခြင်းသာအကောင်းဆုံးဖြစ်သည်။  သည်နေရာ မှတ်သားစရာ ကောင်းသော ဖြစ်ရပ်တခုကို တင်ပြလိုပေသည်။ မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အခါက၊ မြတ်ဗုဒ္ဓသည် သည်အိုးဖုတ် သမား၏ တဲလေးတွင်တည် သတင်းသုံးလေသည်။ ထိုတဲ၌ မြတ်ဗုဒ္ဓမရောက်မှီ ရသေ့လေး တပါးလည်းရောက် နေသည်။ မြတ်ဗုဒ္ဓသည် ရသေ့လေး၏ ယှဉ်ကျေးသိမ့်မွေ့သော အမူအယာကိုကြည့်ပြီး စကားပြောရရင်ကောင်း မှာပဲဟုဆိုကာ နှုတ်ဆက်စကားဆိုလေသည်။ ရသေ့လေး "နာမည်ဘယ်လိုခေါ်လဲ" "ဘယ်သူ၏တရားကိုနှစ် သက်သလဲ" ဟုမေးလေသည်။ ထိုအခါ ရသေ့လေးက " အို၊ မိတ်ဆွေ သကျသာကီနွယ်မျိုးမှ တောထွက်ရဟန်း ပြုခဲ့သော ရဟန်းဂေါတမရှိသည်။ သူသည် ကျွန်ပ်၏ ဆရာဖြစ်သည်။ သူ၏တရားတော်ကိုနှစ်သက်သည်။" ပြန်ဖြေလေသည်။ မင်း၏ဆရာ ရဟန်းဂေါတမ သည် ဘယ်မှာသတင်းသုံးသနည်း။ ယခုမျက်မှောက်အချိန်ကော ဘယ်မှာသတင်းသုံးနေသနည်းဟုမေးလေသည်။ ထိုအခါ ရသေ့လေးက သာဝတ္ထိမြို့၊ ဇေတ၀န်ကျောင်းတော်မှာ သတင်းသုံးပါသည်-ဟုပြန်ဖြေလေသည်။ အရင်တုန်းက သူကိုမြင်ခဲ့ဘူးလား၊ မြင်ခဲ့ဘူးရင်လဲ တွေ့ရင်မှတ်မိပါမလား- ဟု မြတ်ဗုဒ္ဓကမေးလေသည်။ မမြင်ဘူးပါ-ဟုဖြေလေသည်။ မြတ်ဗုဒ္ဓက သိသည် သူကိုမမြင်ဘူး၊ မသိပါဘဲလျှက် သူကိုရည်မှတ်လျက် ရသေ့ပြုကာ နေသည်။ မြတ်ဗုဒ္ဓက မင်းရည်မှန်းပြီး ရသေ့ပြုခဲ့သော ဆရာသည် ငါဖြစ်သည်ဟုမပြောဘဲ။ ငါမင်းကိုတရားဟောမယ် မင်းအာရုံစိုက်နားထောင်ဟုဆိုကာတရားဟောလေသည်။ တရားတော်၏ အဆုံး၌ ရသေ့လေးသည် အခုဟောနေသော တရားပိုင်ရှင်သည် ငါရည်မှန်းရဟန်းပြုခဲ့သော ဘုရားဖြစ်သည်ဟု သိသွားလေသည်။ ထိုအခါမှ မြတ်ဗုဒ္ဓအားတောင်းပန်ခဲ့လေသည်။ သည်ဖြစ်ရပ်၌ မိမိကိုးကွယ်သော ဆရာ ကိုမမြင်ဘူးသော်လည်း ဆရာချမှတ်ထားသော တရားတော်တွေကိုလိုက်နာကျင့်သုံးနေသည်ကို တွေ့သည်။ မြတ်စွာဘုရားကိုယ်တိုင်ကလည်း ပုဂ္ဂိလ်ကိုအား ကြည်ညိုနေဘို့ထက် ဓမ္မကိုလက်နာကျင့်သုံးခြင်းသာ အကောင်းဆုံးဖြစ်ကြောင်းမိန့်ဆိုခဲ့ဘူးသည်။
                 ကိုးကွယ်ရာအမှန်ကား အကျင့်တရား-စရဏ ဖြစ်ပါ၏။
                 သစ်သီးစားခြင်သူသည် သစ်ပင်ပေါ်တက်ရမည်ဖြစ်ပါ၏။
                  ဟိုဘက်ကမ်းရောက်လိုလျှင် လှေရှာ၍ ကူးရမည်ဖြစ်ပါ၏။
                    အနာရောဂါပျောက်လိုလျှင် ဆေးသောက်ရမည်ဖြစ်ပါ၏
    ထိုနည်းတူစွာ ဆင်းရဲ့လွတ်လိုလျှင် မကောင်းသောအကျင့် ကိုရှောင်ရမည်ဖြစ်ပါ၏။ ချမ်းသာလိုလျှင် ကောင်းသော အကျင့်ကိုကျင့်ရမည်ဖြစ်ပါ၏။ မိမိအကျင့် မကောင်းလိုမိမိဆင်းရဲတာ မိမိအကျင့်ကောင်းလို့ မိမိချမ်းသာတာဖြစ်ပါ၏။

No comments:

Post a Comment

Birthday ceremony

pandavamsa's  album on Photobucket

ဆရာတော်ကြီး၏ မွေးနေ့အလှူတော်

pandavamsa's Srimingalar album on Photobucket

ရှင်ဉာဏိဿဿရ ရဟန်းခံ