အစီုးရမူလတန်းကျောင်းအသစ်ဆောက်လုပ်၍မပြီးခင် သူငယ်တန်၊ ပထမတန်းကို ရွာတွင် အငှါးဖြင့် သင်သောဆရာမ တယောက်ထံတွင်သင်ရသည်။ ကျောင်းက စာရေးသူ၏ ဦးလေးအိမ်ခြံထောင့်တွင် ဆောက်လုပ်ထားသော အင်ဖက်မိုး တဲ့လေးဖြစ်သည်။ ဆရာမကတယောက်ထဲ သင်ရသော အတန်းတွေက သူငယ်တန်း၊ ပထမတန်းတို့ဖြစ်သည်။ အားလုံးကလေးတွေချည်းဖြစ်သည်။ ဆရာမသည် စာမရလျှင်စာရေးသူတို့ကို ဗိုက်ကြောများအား လိမ်ဆွဲလေ့ရှိသည်။ စာရေးသူတို့ ဆရာမလိမ်ဆွဲလျှင် ၀မ်းဗိုက်များကိုတွန့်လိမ်သွားသည်။ တော်တော်လည်းနာသည်။ အဲသည်တုန်းက ဆရာ ကပတ်ဝန်းကျင်မေးခွန်းများ၊ ဗဟုသုတမေးခွန်းများကို မေးလေ့ရှိသည်။ စာရေးသူတို့ကလေးတွေ ပတ်ဝန်းကျင် မေးခွန်းများကို တခါတရံ မှန်အောင်ဖြေနိုင်သော်လည်း ဗဟုသုတမေးခွန်းများကို မှန်အောင်မဖြေနိုင်ကြပေ။ စာရေးသူတို့ငယ်စဉ်က ကားဆိုတာကောင်းကောင်းမမြင်ဘူး။ လယ်ထွန်စက်ကြီးတစီး ရွာကိုရောက်လာလျှင်ဝိုင်းကြည့်ကြသည်။ ချောင်းထဲသို့မော်တော်လာလျှင်လည်း ၀ိုင်းကြည့်ကြသည်။ တခါတရံ ရွာတွင်သာရေးနာရေးများရှိ၍ အသံ ချဲ့စက်ရောက်လာသော် စာရေးသူတို့ကလေးတသိုက်ဝိုင်းကြည့်ကြသည်။ သည်အခါတွင် လူကြီးများက ကြိမ်းမောင်းတတ်သည်။ အဲသည်လောက်တောကျသည်။ စာရေးသူတို့တရွာလုံးတွင် လေဒီယိုတလုံးပဲရှိသည်။ အဲဒီတလုံးကလည်းစာရေးသူတို့အိမ်တွင်ဖြစ်သည်။ စာရေးသူမမှီအောင် အဖေသည် တိုင်ကိုကပ်လျှက် ခုံရိုက်ကာတင်ထားသည်။ စာရေးသူကလည်း လူကြီးများမရှိလျှင်ခုန်တွေကိုမနိုင်တနိုင်မကာ ခုပြီးဖွင့်သည်။ သည်လေဒီယိုကလည်း မကြာခဏပြင်ရသည်။ လေဒီယို၌ တရားတော်များလွင့်သည့်နေများမှာ စာရေးသူ တို့မျက်နှာခြင်းဆိုင်အိမ်မှ ဦးအောင်မြင့်ဆိုသော လူကြီးကတရားအမြဲလာနာသည်။ တရားနာလျှင်လည်း အမှတ်တမဲ့ မနာတတ်ပါ။ သူလက်ထဲတွင် မီးမရှိသော မီးခဲစလေးများပါလာတတ်သည်။ သူလက်က စာရေး သူတို့အခင်းပျဉ်ပြားပေါ်၌ စာရေးပြီးမှတ်နေတတ်သည်။ စာရေးသူတို့က တော့လေဒီယိုက အသံလွှင့်ဇာတ် လမ်းများကိုသာမျော်တတ်သည်။ ရွာတွင် အငှါးဖြင့်သင်သောတန်းကျောင်းတွင် သူငယ်တန်း၊ ပထမတန်း အောင်သောအခါ ဒုတိယတန်းကို မူလတန်းကျောင်းအသစ်က ဆောက်လုပ်မပြီးသောကြောင့် ရွာဦးဘုန်းကျောင်းရှိ ဇရပ်တခုတွင်သင်ကြားသည်။ နွေအခါ၌ ကျောင်းဝန်းထဲရှိ ခရေပင်အောက်တွင်သင် သည်။ သည်လိုဖြင့် ဒုတိယတန်းအောင်ခဲ့ပြန်သည်။ တတိယတန်းကိုတော့ မူလတန်းကျောင်းအသစ်သို့ ရောက်ခဲ့တော့သည်။ အစပိုင်း၌စာရေးသူပြောခဲ့သော ၂မိုင်ကျော်ဝေးသော ကျောင်းဖြစ်ပါသည် အသစ်သာပြောရသည် ဆောက်လုပ်တာအားလုံးလက်စမသတ်သေးပေ။ အမိုးက မလုံ မိုးရွာလျှင်မိုးလုံသောနေရာ၌ ကျောင်းသားအားလုံးစုနေကြရသည်။ ကျောင်းအုပ်ဆရာမကြီးတယောက် လက်ထောက်ဆရာမက တယောက်အားလုံးမှ ဆရာကနှစ်ယောက်ရှိသည်။ ကျောင်းသားက အားလုံးတရာ ကျော်လောက်ရှိမည်ထင်သည်။ စာရေးသူတို့ကတော့ ကျောင်းအသစ်မှာပျော်နေသည်။ ကျောင်းရှေးက မြက်ခင်းပြင်တွင်ဆော့လည်းရ၊ ကျောင်းနောက်ကတောတန်းတွင်ဆော့လည်းရ အတော်အဆင်ပြေသည်။ သို့သော် စာရေးသူစာကိုသာကြီးစားခဲ့သည်။ တတိယတန်းတွင်ကျောင်းသားက ၁၀ ယောက်လောက်ရှိကာ စတုထ္ထတန်းတွင်လည်းကျောင်းသားက ၃ ယောက်သာရှိသည်။ သို့ပေမဲ့ စာရေးသူတို့ ငယ်ငယ်က တတိယတန်းဆိုလျှင် စာကောင်းကောင်းဖတ်နိုင်နေပေသည်။ စာရေးသူဆိုလျှင် စာဖတ်တာဝါသနာပါခဲ့ သည်။ ငယ်ငယ်က ဖတ်စာမရှိလျှင်အမေဈေးကပြန်လာလျှင် အထုပ်ထုပ်ထားသော သတင်းစာ အပိုင်း အစလေးများကိုဖတ်ခဲ့ရသည်။ တခါတရံ အဖေသောက်သော ဆေးလိပ်အဆီခံ လေးကိုခွာ သတင်းစာ အစ လေးများကိုဖတ်ခဲ့ရသည်။ သတင်းတစောင်လုံးမပြောနဲ့ တရွက်ပြည့်အောင်မမြင်ဘူးခဲ့ပါ။ သည်လိုနှင့် တတိယတန်းအောင်တော့ စတုထ္ထတန်းတက်ရသည်။ စာရေးသူတို့ခေတ်က စတုထ္ထတန်းသည် အရေးကြီး သည်။ အဘယ်ကြောင့်ဆိုသော် အစိုးရစစ်ဖြစ်သောကြောင့်ဖြစ်သည်။ စာရေးသူကို အသစ်ရောက်လာ သော လက်ထောက်ဆရာ သူတည်းသောအိမ်သို့ခေါ်ကာ စာကျက်ခိုင်းသည်။ စတုထ္ထတန်းကျောင်းသားက အားလုံးမှ ၃ ယောက်ရှိရာ ယောက်က်ျားလေး စာရေးသူတယောက်သာဖြစ်သည်။ ကျန်တာက မိန်းကလေး ၂ ယောက်ဖြစ်သည်။ ဆရာသည် လူပျိုဖြစ်ရုံသာမက တခြားကလာသင်ရသောကြောင့် စာရေးသူတို့ရွာနား က ရွာတွင်တည်းကာသင်သည်။ ကျောင်းပိတ်မှပြန်လိမ့်ရှိသည်။ စာရေးသူကို ညဘက်များ၌ပါ ခေါ်ကာ စာ ကျက်ခိုင်းသည်။ လေးတန်းစာမေးပွဲနီသောအခါ ကျောင်းအုပ်ဆရာမကြီးက စတုထ္ထတန်း ကျောင်းသား အား လုံးကို သူအိမ်သိုခေါ်ကာ စာကျက်ခိုင်းကာ စာကျက်ခိုင်းပါတော့သည်။ စာရေးသူတို့ စာဖြေပြီးသည်အထိ တလလုံးလုံး ဆရာမကြီးအိမ်၌ နေကာစာကျက်ခဲ့ရသည်။
စာသင်ပျိုနု သောတုဇနတို့အခြေပြုရာ သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်၊ ကွင်းကောက်မြို့၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
Showing posts with label စာရေးသူ၏ကလေးဘ၀အမှတ်ရများ အပိုင်း(၁). Show all posts

Sunday, February 28, 2010
Subscribe to:
Posts (Atom)
Birthday ceremony
ဆရာတော်ကြီး၏ မွေးနေ့အလှူတော်
Showing posts with label စာရေးသူ၏ကလေးဘ၀အမှတ်ရများ အပိုင်း(၁). Show all posts
Showing posts with label စာရေးသူ၏ကလေးဘ၀အမှတ်ရများ အပိုင်း(၁). Show all posts
Sunday, February 28, 2010
စာရေးသူ၏ ကလေးဘ၀အမှတ်တရများ (၂)