လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့

နန္ဒာလှစေတီတော်

Friday, March 5, 2010

ကြည်ညိုတတ်က အကျီုးရ

               ရဟန်းတော်များနှင့် ဒကာ၊ ဒကာမများမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို အမှီသဟဲပြုနေ ကြရသည်။ ရဟန်းတော်များဘက်မှ
-မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊
အသစ်ဟောကြား၊ နာဘူးထပ်မံ၊ နတ်ထံတင်ရာ၊
မေတ္တာလည်းပြု၊ ရဟန်းမူ့ ခြောက်ခုလွန်သေချာ-
              လင်္ကာအတိုင်း(၁)ဒကာ၊ ဒကာမများအား မကောင်းမူ့များမပြုမိအောင်သတိပေးတားမြစ်ခြင်း၊ (၂)ကောင်းကျိုးချမ်းသာကိုသာဖြစ် စေခြင်း။(၃) တရားဓမ္မအသစ်များကိုဖေါ်ထုတ်၍ဟောကြားခြင်း၊ (၄)ဒကာ၊ဒကာမများနာဘူးပြီးသားဖြစ်သော်လည်းအကျိုးတရားများစွာဖြစ်ပါကထပ်မံဟောကြားခြင်း၊ (၅) သုဂတိဘုံဟုဆိုအပ်သော ချမ်းသာသုခကိုခံစားရသော ဘုံဘ၀ ကိုသာရောက်စေခြင်း၊ (၆) ဒကာ၊ဒကာမများ၏ အပေါ်၌ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ပြုမူဟောကြား ဆုံးမခြင်းကိုပြုခြင်း၊ တိုဖြစ်ပါသည်။ ဤခြောက်ပါးက ရဟန်းတော်များကပြုမူဆောင်ရွက်ရမည့် ၀တ္တရားများဖြစ်ပါသည်။
ဒကာ၊ ဒကာမများဘက်မှလည်းလိုက်နာစရာ ၀တ္တရားများရှိပါသည်။ ထိုဝတ္တရားများမှာ-
မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊
ခင်မင်နူတ်ချီု၊ လိုလျှင်ဖိတ်ထား၊
တတ်အားလျှစေ၊ ၀တ်ငါးထွေ၊ ကျင့်လေဒါယကာ။
          မေတ္တာစိတ်ကိုရှေးရူလျှက် ရဟန်းတော်တို့၏အပေါ်၌ သေနာသနအမူ့များ အခြားသော ၀တ်ကြီး ၀တ်ငယ်ကိုပြုလုပ်ကြရမည်ဖြစ်သည်။ ရဟန်းတော်တို့နှင့်ပြောဆိုဆက်ဆံရာ၌ ဂါရ၀တရားနှင့်ယှဉ် သော ခင်မင်ရင်းနှီးမူ့မျိုးဖြင့်ပြောဆိုဆက်ဆံရမည်ဖြစ်သည်။ ရဟန်းတော်များမှာ ဒကာ၊ ဒကာမများမှ ဖိတ်ကြားမှ အလျှခံကောင်းရာ အရှင်ဘုရား တပည့်တော်တို့ကို ပစ္စည်းလေးပါး ဒကာ၊ ဒကာမများအ ဖြစ်သတ်မှတ်တော်မူပါဟု ဖိတ်ကြားရမည်ဖြစ်သည်။ လိုအပ်လာလျှင်လည်း မိမိတို့တတ်စွမ်းသ လောက်လျှဒါန်းကြရမည်ဖြစ်သည်။ သည်ငါးပါးသည် ဒကာ၊ဒကာမများဘက်ကလိုက်နာကြရမည့် ကျင့်ဝတ်တို့ဖြစ်ပါသည်။
`        အင်္ဂုတ္တိုရ်၊ ကုလသုတ်၌ မြတ်စွာဘုရားက - ချစ်သားတို့ သီလရှိသောရဟန်းချဉ်းကပ်သော အိမ်၌လူတို့သည် အကျိုးငါးပါးရ၏။ (၁) လူတို့သည် ဖူးမြင်ရသောအခါ စိတ်ကြည်လင်၍ နတ်ရွာ သုဂတိရောက်ကြောင်း အကျင့်ကိုကျင့်သည်မည်၏။ (၂) လူတို့သည် ခရီးဦးကြိုဆိုကြ နေရာထိုင်ခင်း ပေးကြကာ ရှိခိုးရသဖြင့် ထိုအိမ်သည်မြင့်မြတ်သောအမျီုး၌ ဖြစ်စေသောအကျင့်ကိုကျင့်သည်မည်၏။ (၃) လူတို့သည် ၀န်တိုမူ့အညစ်အကြေးကို ပယ်ဖျောက်သောအခါ ထိုအိမ်သည် တန်ခိုးကြီးခြင်းဖြစ်စေ သောအကျင့်ကိုကျင့် ကိုကျင့်သည်မည်၏။ (၄) လူတို့သည် အစွမ်းရှိသလောက် လျှဒါန်းရသဖြင့် ထိုအိမ်သည် ပစ္စည်းပေါများခြင်းကို ဖြစ်စေတတ်သောအကျင့်ကို ကျင့်သည်မည်၏။ (၅) လူတို့သည် ပစ္ဆာမေးကြ၊ ပြဿနာမေးကြ တရားနာကြားရသောအခါ ထိုအိမ်သည် ပညာကြီးခြင်းကိုဖြစ်စေ၏။
မင်္ဂလသုတ်၌လည်း- သမဏာနဉ္စဒဿနံ- ရဟန်းတော်တို့ကိုဖူးမြင်ရခြင်းသည်မင်္ဂလာတပါးအဖြစ် ဟောတော်၏။ 

      တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ တနည်းအားဖြင့်-ကြီးပွားချမ်းသာခြင်း၏ အကြောင်းတရပ် ဖြစ်သည်။ ရှေးသရောအခါ အလ္လကပ္ပ အမည်ရှိသောတိုင်းဝယ် ကူးစက်တတ်သော ရောဂါကြီးတမျိုး ဖြစ်ပွားသည်။ ဆေးကု၍မရ၊ လူအများ သေကျေပျက်စီးကြသည်။ ယောက်ျားတယောက်သည် ကြောက်ရွံ့လှသဖြင့် ဇနီးနှင့်သားငယ်ကို ခေါ်ယူကာ အခြားတိုင်း တတိုင်းသို့ ထွက်ပြေးသည်။ လမ်းခရီးတွင် အခက်အခဲအမျိုးမျိုးကို ကျော်လွန်ပြီးနောက် ညနေချမ်းအချိန်၌ နွားကျောင်းသားတဲတခုသို့ ရောက်သွားကြသည်။ နွားကျောင်းသားသည် သူတို့ ၃-ယောက်ကို မြင်လျှင် ကရုဏာဖြစ်မိသည်။ ထို့ကြောင့် ကောင်းစွာလက်ခံကျွေးမွေးသည်။ ယောက်ျားဖြစ်သူသည် အလွန်ဆာလောင် မွတ်သိပ်လှသဖြင့် အလွန်အကျူးစားသောက်သည်။ ဤတွင်အစာမကြေရောဂါရကာ ထိုညလွန်သောအခါ သေဆုံး သွားလေသည်။ သူသည် သေခါနီးဝယ် စိတ်စွဲလမ်းသဖြင့် နွားကျောင်းသားတဲရှိ ခွေးမ၏၀မ်း၌ ပဋိသန္ဓေ ယူလေသည်။ ခွေးမသည် လစေ့သော် သားငယ်ကို ဖွား၏။ နွားကျောင်းသားသည် ထိုခွေးငယ်ကိုချစ်ခင်သဖြင့် အစာကောင်းစွာကျွေးသည်။ မိမိသွားလေရာသို့ အတူခေါ် ဆောင်သွားလေ့ရှိသည်။
           တနေ့သ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တပါးသည် နွားကျောင်းသားထံ ဆွမ်းခံကြွရောက်လာသည်။ နွားကျောင်းသားသည် ဆွမ်းကပ်လှူသည်။ ကြည်ညိုလှသဖြင့် မနီးမဝေးတွင် တ၀ါတွင်း သီတင်းသုံးတော်မူပါရန် တောင်းပန်သည်။ ဆွမ်းကိုလည်း မိမိကပင် တာဝန်ယူ လှူဒါန်းလိုပါကြောင်း လျှောက်ထားသည်။ အရှင်မြတ်လည်း လက်ခံတော်မူသည်။ တဲနှင့် မနီးမဝေး တောအုပ်တခု၌ သီတင်းသုံးနေထိုင်တော်မူသည်။ နွားကျောင်းသားသည် အရှင်မြတ်ထံသို့ သွားလျှင် ခွေးငယ်ကို ခေါ်ဆောင်သွားတတ်သည်။ ခွေးငယ်သည် လိမ္မာလှသည်။ လမ်းကို ကောင်းစွာသိနေသည်။ တနေ့သ၌ နွားကျောင်းသားသည် အရှင်မြတ်အား-မိမိမအားလပ်သောအခါ မိမိကိုယ်စား ခွေးငယ်အား လွှတ်လိုက်ပါမည်။ ခွေးငယ်ရောက်လာချိန်တွင် မိမိအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်ပါမည့်အကြောင်း ပန်ကြားလျှောက်ထားသည်။
             ဤသို့ မှာထားသည့်အတိုင်းလည်း မိမိမအားလပ်သောနေ့များတွင်- ချစ်သား၊ အရှင်မြတ်ကို သွားရောက်ပင့်ဆောင်လော့-ဟု ဆိုလေသည်။ ခွေးလိမ္မာကလည်း သွားရောက်ပြီးလျှင် အရှင်မြတ်၏ ခြေရင်း၌၀ပ်တွားနေသည်။ အရှင်မြတ်လည်း ဆွမ်းပင့်ရောက်လာလေသည်ဟု သိရှိတော်မူကာ ဆွမ်းခံကြွတော်မူသည်။ အရှင်မြတ်သည် နွားကျောင်းသားတဲဝယ် ဆွမ်းဘုဉ်းပေးတော်မူသောအခါ ဆွမ်းကျန်အချို့ကို ခွေးလိမ္မာအား ပေးကမ်းကျွေးမွေး တတ်သည်။ ခွေလိမ္မာလည်း အရှင်မြတ်ကို အလွန်ပင်ချစ်ခင်မြတ်နိုးလေသည်။ ၀ါကျွတ်သောအခါ အရှင်မြတ်က နွားကျောင်းသားအား အချိန်စေ့ပြီဖြစ်သဖြင့် အရပ်တပါးသို့ မိမိကြွသွားတော်မူမည် ဖြစ်ကြောင်း မိန့်တော်မူကာ ကြွသွားတော်မူသည်။ ခွေးလိမ္မာသည် အရှင်မြတ် အပြီးတိုင် ကြွသွားတော်မူသည်ကို သိသောအခါ လွမ်းဆွတ်၍ နှလုံးကွဲကာ သေဆုံးသွားရှာလေသည်။
                      ထို့နောက် အရှင်မြတ်ကို ဖူးမြင်ရသော ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်ဝယ် နတ်သားသွားဖြစ်လေသည်။ ထိုနတ်သားသည် ခွေးလိမ္မာဖြစ်စဉ်က အရှင်မြတ် ဘေးရန်ကင်းအောင် သားရဲများအား ကျယ်လောင်စွာ ဟိန်းဟောင်ပေးခဲ့ဖူးသည်။ ထိုကုသိုလ်ကံအကျိုးကြောင့် အလွန်အသံအောင်သည်။ ထိုနတ်သား၏ အသံသည် နတ်ပြည်အလုံးကို လွှမ်းဖုံးသွားတတ်သည်။ ထို့ကြောင့် ထိုနတ်သားသည် ဃောသက-အောင်မြင်သောအသံရှိသောနတ်သားဟူ သောအမည်ကို ရရှိလေသည်။ ထိုဇာတ်တော်ကိုမြတ်စွာဘုရားရှင်သည် ဃောသက၀တ္ထု၌ ဟောကြားထားပါသည်။
                အသိပညာမကြွယ်ဝသော အဟိတ်တိရိစ္ဆာန်တောင် ရဟန်းတော်တို့အပေါ်၌ ကြည်ညိုသော စိတ်ထားကြောင့် သုဂတိဘုံ-ချမ်းသာသုခနှင့်ပြည့်စုံသော ဘုံဘ၀သို့ရောက်ရှိသေးရာ အသိဥာဏ် ဗဟုသုတနှင့်ပြည့်စုံသော လူပုဂ္ဂိုလ်တို့မှာ အဘယ်မှာဆိုဖွယ်ရှိတော့မည်နည်း။

No comments:

Post a Comment

Birthday ceremony

pandavamsa's  album on Photobucket

ဆရာတော်ကြီး၏ မွေးနေ့အလှူတော်

pandavamsa's Srimingalar album on Photobucket

ရှင်ဉာဏိဿဿရ ရဟန်းခံ