လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့

နန္ဒာလှစေတီတော်

Showing posts with label ဆောင်းပါး ၅. Show all posts

Saturday, February 4, 2012

ချမ်းသာသုခ ရှာကြရာဝယ်

  တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။
          “ပြောဆို ပြုမူတဲ့နေရာမှာ ကြည်လင်သော ဖြုစင်သန့်ရှင်းသောစိတ်ဖြင့်ပြုလုပ်ပါ။ ထိုသို့ပြုလုပ် သောပုဂ္ဂိုလ်ကို ချမ်းသာသုခသည် အရိပ်သဖွယ်မိမိနောက်သို့လိုက်၏”ဟု မြတ်ဗုဒ္ဓကမိန့်တော်မူခဲ့ပါ သည်။
          ဘာသာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ လူမူ့ရေး စီးပွားစသည့်နယ်ပယ်အားလုံးတို့တွင် “မနသာ စေ ပသန္နေန - ကြည်လင် သန့်ရှင်းသောစိတ်ထားဖြင့်” ဟူသောဤစကားဖြင့် ပြောဆို လုပ်ကိုင်ကြမည်ဆိုလျှင် မြတ်စွာဘုရားက ဤကဲ့သို့ “တတောနံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ - ထိုကဲ့သို့ပြောဆို လုပ်ကိုင်သောပုဂ္ဂိုလ်အား ကိုယ်ကျန်းမာစိတ်ချမ်းသာခြင်းသုခဟာ မိမိအရိပ်သဖွယ် နောက်မှလိုက်သည်” ဆိုတော်မူပါသည်။ ဒါကြောင့်လိုက်နာကျင့်သုံးသင့်သောစကားတော်ဖြစ်ပါသည်။ ဗုဒ္ဓတရားတော်ဖြစ်သော စကားတော်သည် လိုက်နာရမည့်တာဝန်အကျင့်တရားနှင့် ရရှိမည့်ရလဘ် အကျိုးတရားတို့ပါဝင်နေပေသည်။ အကြောင်းအကျိုးတရားများဆက်စပ်နေပေသည်။
          လူသားတိုင်းလိုက်နာကျင့်သုံးမည်ဆိုလျှင်ကမ္ဘာလောကကြီးသည် လွန်စွာသာယာချမ်းမြေ့ဖွယ် ကောင်းနေပေတော့မည်။ ထိုစကားသည် လူမျိုးဘာသာမရွေးလိုက်နာသင့်လှပေသည်။ လူသားတိုင်း မိမိတို့၏ ချမ်းသာသုခကို ရှာဖွေရာတွင် မိမိတို့၏ကိုယ်ကျိုးစီးပွားကိုရှေးတန်တင်ပြီးပြောဆိုပြုမူကြခြင်း။ သူတပါးတို့၏ဆန္ဒ၊ သူတပါး၏အခြေအနေတို့ကိုလျစ်လျူပြုတတ်ကြပေသည်။ ထိုသို့လျစ်လျူ ပြုကြသဖြင့် ယ္ခုအခါတွင် စစ်ပွဲပေါင်းစုံ၊ ပဋိပက္ခပေါင်းစုံပေါ်ပေါက်နေပေသည်။ ပြဿနာပေါင်းစုံကို ဖြေရှင်းလိုလျှင် ဗုဒ္ဓစကားတော်ကိုလက်ကိုင်ထားဘို့လိုပါသည်။
          ချမ်းသာသုခကို လူသားတိုင်းနေစဉ်ရှာဖွေနေကြသည်။ နေရာမျိုးစုံ အလုပ်မျိုးစုံတို့ကိုလုပ်ကိုင် နေကြရသည်။ ထိုသို့ပြောဆိုလုပ်ကိုင်နေကြသောအလုပ်တိုင်းတွင် “မနသာ စေ ပသန္နေန  -ကြည်လင်သောဖြူစင်သန့်ရှင်စိတ်ထား” နှင့်ပြည့်စုံသောလူတို့အတွက်အောင်မြင်မူ့ စိတ်ချမ်းသာမူ့ တို့ကိုရမည်မှာဧကန်မလွဲပေ။ သူတပါးတို့အပေါ်၌ နိုင်လိုမူ့ အသာစီးရယူလို့မူ့ ကိုယ်ဆန္ဒကို ရှေးတန်တင်မူ့တို့ကြောင့် အောင်မြင်မူ့နှင့်ဝေးကွာနေကြပါသည်။
ယနေ့ကမ္ဘာ၌ အောင်မြင်မူ့ကျော်ကြားသောပုဂ္ဂိုလ်တို့သည် ထိုစကားကိုလက်ကိုင်ထားသော သူတို့ဖြစ်ပေသည်။  “စိတ္တေန နိယတေ လောကော”ဟုလောက၌ပြောဆိုကြသည်။ စိတ်သည် သတ္တ၀ါ တို့ကိုရှေးဆောင်သည်။
ထိုကြောင့် “စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ”ဆိုရိုးစကားအတိုင်း ရုပ်အဆင်းလှပရုံတင်ပြင်ဆင်မနေပဲ စိတ်ကိုပါပြင်ဆင်လျက် ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်ထား နှစ်လုံးသားများလှပနေပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါသတည်း။
                             မေတ္တာ စိတ္တေန - မေတ္တာဖြင့်ယှဉ်သောစိတ်ဖြင့်

Birthday ceremony

pandavamsa's  album on Photobucket

ဆရာတော်ကြီး၏ မွေးနေ့အလှူတော်

pandavamsa's Srimingalar album on Photobucket

ရှင်ဉာဏိဿဿရ ရဟန်းခံ