လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့

နန္ဒာလှစေတီတော်

Sunday, March 28, 2010

ထေရ၀ါဒသာသနာပြန့်ပွားရာ အပိုင်း (၁)

အေဒီ ၁၂-ရာစုတွင် အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာကွယ်ပြောက်ခဲ့ရသည်။ ထိုအချိန်တွင်အာရှတိုက်တခွင်၌ ဗုဒ္ဓဘာသာပြန့်ပွားထွန်းကားနေလေပြီ။ အာရှတိုက်ဒေသတချို့တွင် အာသောကလက်ထက် သို့မဟုတ် ထိုထက်စောသော ကာလကပင်ဗုဒ္ဓသာသနာရောက်ရှိပြန့်ပွားနေခဲ့၏။ မဟာယနဗုဒ္ဓဘာသာသည် မြောက်ပိုင်းဒေသကြီးများ၌ရောက်ရှိပြန့်ပွာ စည်ပင်နေသကဲ့သို့ ထေရ၀ါဒဗုဒ္ဓဘာသာသည်လည်း တောင်ပိုင်းဒေသများ၌ ထွန်းကားစည်ပင်နေလေသည်။ ထေရ၀ါဒထွန်းကားစည်ပင်ရာ နိုင်ငံများမှာ ထိုင်း၊ ကမ္ဘောဒီယား၊ လာအို၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့ဖြစ်သည်။ ထိုနိုင်ငံများသို့ ထေရ၀ါဒဗုဒ္ဓ ဘာသာရောက်ရှိပြန့်ပွားလာပုံ သမိုးအကျဉ်းချုပ်ကိုတင်ပြလိုပေသည်။
                     အရှင်မဟိန္ဒထေရ်နှင့်ဒေ၀ါနံပီယတိဿမင်းတို့ မိဿကတောင်၌တွေ့ဆုံစဉ်
သီဟိုဠ်နိုင်ငံ ယခုသီရိလင်္ကာ ထေရ၀ါဒဖြစ်စဉ်
ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် သာသနာသက္ကရာဇ်-၂၃၅ ခုနှစ်၌ အာသောကမင်းတရားသည် ၉ တိုင်း ၉ ဌာနသို့သာသနာပြုလုပ်ငန်းများ လုပ်ကိုင်ရန်ရဟန်းတော်များကို စေလွှတ်ခဲ့သည်။ ဤဌာနများ တွင် သီဟိုဠ်နိုင်ငံလည်းပါသည်။ သီဟိုဠ်နိုင်ငံ၌ တာဝန်ကျသောမထေများမှာ သားတော်အရှင်မဟိန္ဒ နှင့် နောက်ပါသံဃာတော် ၅ပါးဖြစ်သည်။ အရှင်မဟိန္ဒမထေနှင့်အဖွဲ့သည် ၂၃၆-ခုနယုန်လပြည့်နေ့ တွင် ရောက်ရှိတော်မူသည်။
                                   သံဃာမိတ္တာထေရီသည် ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှ တောင်ကိုင်းကိုပွားယူကာ
                                               သီရိလင်္ကာသို့ ပင့်ဆောင်လာရာသီဟိုဠ်သို့ရောက်စဉ်
ထိုနောက်သင်္ဃမိတ္တာထေရီကိုလည်း သီရိလင်္ကာသူအမျိုးသမီးများအား ဘိက္ခူနီ(ရဟန်းမ) ပြုပေးရန်အတွက်စေလွှတ်တော်မူခဲ့သည်။ သံဃာမိတ္တာထေရီသည် ဗုဒ္ဓဂါယာရှိ ဗောဓိပင်မှ တောင်ကိုင်းကိုပွားယူကာ သီရိလင်္ကာသို့ ပင့်ဆောင်ခဲ့သည်။ သီရိလင်္ကာနိုင်ငံ အနုရာဓပူရ မြို့၌စိုက်ပျိုးထားရာ ယ္ခုတိုင်မျိုးဆက်မပြတ်ရှိနေသည်။ အရှင်မဟိန္ဒတို့ရောက်သွားချိန်၌ ဒေ၀ါနံပိယ တိဿမင်းအုပ်စိုးနေချိုန်ဖြစ်သည်။ ထိုမင်းသည် အဘိသိက်ခံ၍တလမျှသာရှိသေးသည်။ ပိယတိဿ မင်းသည် မင်းဖြစ်၍ တလမြောက်သောနယုန်လပြည့်နေ့၌ မိဿကတောင်သို့တောကစားထွက်လာ သည်။ ထိုတောင်ပေါ်၌ပင် အရှင်မဟိန္ဒနှင့်တွေ့ဆုံဖူးမျော်ရသည်။ အရှင်မဟိန္ဒမထေရ်က ဒေ၀ါနံပီယ တိဿမင်းအား စူဠတ္ထိပဒေါပမသုတ်ကို ဟောကြားတော်မူသည်။ ဒေသနာအဆုံးတွင်နောက်လိုက် အချွေအရံ ၄၀၀၀၀ (လေးသောင်း) နှင့်တကွ သရဏဂုံတည်ကြပြီး ဗုဒ္ဓဘာသာဝင်ဖြစ်ကြကုန်၏။ အရှင်မဟိန္ဒမထေရ်နှင့်အဖွဲ့သည် ၀ါဆိုလပြည့်နေ့တွင် ဥပုသ်အိမ် သိမ်ကိုသမုတ်ကြပြီး အရိဋ္ဌအမတ် နှင့် ၅၅ ယောက်တို့ကို ရဟန်းခံပေးသည်။ ထိုနှစ်တွင် မိဿကတောင်၌ ၀ါကပ်၍သာသနာပြုတော်မူ ကြသည်။ ဒေ၀ါနံပီယတိဿမင်းသည် မထေရ်များသတင်းသုံးရန်အတွက် မဟာဝိဟာရကျောင်းတိုက် ကိုဆောက်လုပ်လျှုဒါန်းသည်။ ထိုပြင် စေတီ၊ ပုထိုး၊ ဗောဓိ၊ သိမ်၊ အာရမ်များကိုလည်း တည်ထား ဆောက်လုပ်လေသည်။ နောက်မင်းများလက်ထက်တွင်လည်း ဗုဒ္ဓသာသနာကိုဆက်လက်အားပေးခဲ့ ကြသည်။ ထိုမင်းများလက်ထက်တွင် ဗုဒ္ဓသာသနာကိုအထူးအားပေးသောမင်းများလည်း ပေါ်ထွက်ခဲ့ သည်။ ဒုဋ္ဌဂါမဏိမင်းသည် လောဟပါသာဒခေါ်ကျောင်းကြီးကိုတည်ထောင်လေသည်။ အနုရာဓမြီု့ တော်၌ မဟာစေတီကြီးကိုတည်ထားသည်။ ထိုစေတီကြီးသည် သီရိလင်္ကာနိုင်ငံ၌ ယ္ခုတိုင်ထင်ရှား သောစေတီကြီးဖြစ်သည်။ သီဟိုဠ်သံဃာတို့၏ ထူးခြားသောဆောင်ရွက်ချက်မှာ ဗုဒ္ဓဒေသနာတို့ကို သံဂါယနာပွဲကျင်းပ၍ ပေလွှာရွက်ဖြင့် အက္ခရာတင်နိုင်ခြင်းဖြစ်သည်။
သီဟိုဠ်သံဃာဂိုဏ်းများ
သီဟိုဠ်နိုင်ငံ၌လည်း ထေရ၀ါဒဆိုင်ရာဂိုဏ်းကွဲများပေါ်ပေါက်ခဲ့သည်။ ဤသို့ကွဲပြားလာခဲ့သည်မှာ နိုင်ငံ အုပ်ချုပ်သောမင်းတို့ကအားပေးလာခဲ့သောကြောင့်လည်းဖြစ်သည်။ သီဟိုဠ်နိုင်ငံတွင် ရှေးဦးခေတ်က ကွဲပြားသောဂိုဏ်းကြီး ၃ ဂိုဏ်းရှိ၏။ ၎င်းတို့မှာ
(၁) မဟာဝိဟာရ၀ါသီဂိုဏ်း
(၂) အဘယဂိရိဝါသီဂိုဏ်း
(၃) ဇေတ၀န၀ါသီဂိုဏ်း တို့ဖြစ်သည်။

မဟာဝိဟာရ၀ါသီဂိုဏ်း ။  ။ ဤဂိုဏ်းကြီးမှာ အရှင်မဟိန္ဒမထေရ်တို့ခေတ်က တည်ရှိလာသော ပင်မ ဂိုဏ်းကြီးဖြစ်သည်။ ဒေ၀ါနံပီယတိဿမင်းတည်ထောင်ပေးသော မဟာဝိဟာရကျောင်းတိုက်ကြီး၌ မထေရ်များစဉ်ဆက်မပြတ် စောင့်ရှောက်လာခဲ့သောကြောင့် “မဟာဝိဟာရဂိုဏ်း” ဟုခေါ်တွင်လာခြင်း ဖြစ်သည်။

အဘယဂိရိဝါသီဂိုဏ်း ။  ။ ၀ဋဂါမဏိမင်းသည် ကျည်းသားတို့၏ဘေးရန်ကြောင့် ထွက်ပြေးတိမ်း ရှောင်နေစဉ် ရဟန်းတော်တို့က ပြုစုထောက်ပံ့ထားခဲ့သည်။ ထိုမင်းသည်နောက်တကြီမ်မင်းဖြစ်လျှင် အဘယဂိရိကျောင်းတိုက်နှင့် အဘယဂိရိစေတီတော်တို့ကို တည်ထားလျက်ကျေးဇူးပြုခဲ့ဘူးသော အရှင်တိဿမထေရ်အားတင်လှုသည်။ ထိုအရှင်တိဿမထေရ်သည် ကုလသံသဋ္ဌ မဟာဝိဟာရ ရဟန်းတို့က ပဗ္ဗာဇနိကံပြုကြသည်။ ထိုအခါ အရှင်တိဿ၏တပည့်ဖြစ်သူ မဟာဒဠှိယတိဿရဟန်း ကတားမြစ်သည်။ ထိုရဟန်းကိုလည်းမစင်ကြယ်မူ့ကိုအတုလိုက်သူဟုဆိုကာဝိုင်းပယ်မူ့ ဥက္ခေပနိယ ကံကို ပြုကြပြန်သည်။ ထိုရဟန်းသည်မိမိအားဝိုင်းပယ်မူ့ကိုမကျေနပ်သောကြောင့် သံဃာ ၅၀၀ တို့ကို ခွဲယူကာ မဟာဝိဟာရ၀ါဒီဂိုဏ်းမှထွက်သွား၏။ ထိုအချိန်မှစ၍ အဘယဂိရိဝါသီဂိုဏ်းဟု ထင်ရှား သွား၏။ ထိုဂိုဏ်းကွဲသောနှစ်မှာ သာသနာနှစ် ၄၅၄-ခုနှစ်တည်း။

ဇေတ၀န၀ါသီဂိုဏ်း ။    ။ ထိုဂိုဏ်းသည် မဟာသေနမင်းလက်ထက်တွင်ပေါ်ပေါက်လာသည်။ မဟာသေနမင်းသည် မဟာဝိဟာရကျောင်းတိုက်ကြီးအတွင်း၌ ဇေတ၀န်ကျောင်းတော်ကြီးကိုတည် ဆောက်သည်။ ထိုကျောင်းသို့ ဒက္ခိဏဂိရိကျောင်းတိုက်မှသံဃာတော်များလာရောက်သီတင်းသုံးကြ သည်။ ထိုသံဃာမျာသည် မဟာဝိဟာရ၀ါသီရဟန်းများနှင့်ပေါင်းဖေါ်မပြုပဲ သီးခြားဂိုဏ်းတခုကိုထောင် ကြသည်။ ဇေတ၀န၀ါသီဂိုဏ်းဟုခေါ်သည်။ ဇေတ၀န၀ါသီတို့သည် မဟာဝိဟာရဂိုဏ်းပျက်ဆီးစေရန် မဟာသေနမင်းနှင့် တိုင်ပင်၍ မဟာဝိဟာရကျောင်းတိုက်ကြီးကိုဖျက်ဆီးကြသည်။ ထိုကြောင့် မဟာဝိဟာရကျောင်းတိုက်ကြီးမှာ ၉ နှစ်မျှ သံဃာဆိတ်သုဉ်းနေရလေသည်။
ထိုဂိုဏ်းကြီး ၃ ဂိုဏ်းသည် သီဟိုဠ်နိုင်ငံ၌ နှစ်ပေါင်းအတော်ကြာမျှ တည်တံ့နေခဲ့သည်။ သီရိသင်္ခဗောဓိ ပရက္ကမဗာဟုမင်းနန်းတက်သောအခါတွင် မဟာဝိဟာရ၀ါသီသံဃာတို့အားသန့်စင်သောဂိုဏ်း သံဃာ ဟုအသိအမှတ်ပြုသည်။ ကျန် ၂ ဂိုဏ်းမှသံဃာတို့ကို အကျင့်မဲ့သော ဒုဿီလများဖြစ်သည်ဟုဆိုကာ လူထွက်စေသည်။ ထိုအချိန်မှစ၍ မဟာဝိဟာရဂိုဏ်းသာတည်ရှိတော့သည်။
ယ္ခုခေတ်ဂိုဏ်းများ
ယ္ခုအချိန်၌ သီရိလင်္ကာနိုင်ငံတွင် ရှေးဂိုဏ်းကြီး ၃ ဂိုဏ်းကွယ်ပြောက်ခဲ့လေပြီ။ ထိုနိုင်ငံ၌တိုင်းတပါး သားများဝင်ရောက်စိုးမိုးသောကြောင့်၎င်း၊ သဘာဝဘေးအန္တရာယ်များကြောင့်၎င်း ထေရ၀ါဒသာသနာ အားပျော့ခဲ့ရသည်။ ထိုကြောင့်နောက်ပိုင်းခေတ်များတွင် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့အကူညီဖြင့် သာသနာတော်အားဆက်ခဲ့ရသည်။ ယ္ခုအချိန်၌ သီရိလင်္ကာနိုင်ငံ၌ အောက်ပါဂိုဏ်းကြီးများထွန်းကား ပြန့်ပွားလျက်ရှိသည်။
သျှမ်းဂိုဏ်း ။  ။ သာသနာတော်နှစ် ၂၂၈၉ ခုနှစ်နန်းတက်သော ကိတ္တသီရိရာဇသီရိမင်းလက်ထက် ရဟန်းသံဃာများမရှိသောကြောင့် ယိုးဒယား ယ္ခုထိုင်းနိုင်ငံမှ ရဟန်းသံဃာတို့ကိုပင့်ဆောင်၍ သာသနာကိုပြုစုခဲ့ရ၏။ ထိုဂိုဏ်းကို သျှမ်းဂိုဏ်း “သျှာမနိကာယ”ဟုခေါ်သည်။
အမရပူရဂိုဏ်း ။  ။ သာသနာနှစ် ၂၃၄၄ ခုနှစ်တွင် သီဟိုဠ် သာမဏေ ၆ပါးနှင့် ဥပါသကာ ၁ယောက် သည် မြန်မာနိုင်ငံ အမရပူရမြီု့တော်သို့ရောက်ရှိလာပြီး ဆင်ကြိုးရွှေဂူသိမ်၌ ဥာဏဘိဝံသဓမ္မသေနာ ပတိထေရ်ကို ဥဇ္ဈယ်ပြု၍ ပဉ္ဇင်းခံကြသည်။ ထိုနောက်လည်း သီဟိုဠ်ရဟန်းတို့ရောက်လာပြီး သိက္ခာသစ်တင်ယူကြသည်။ ထိုရဟန်းတို့၏အဆက်အနွယ်တို့သည် သီရိလင်္ကာနိုင်ငံ၌ အမရပူရဂိုဏ်း “အမရပူရနိကာယ”ဟုထင်ရှားသည်။
ရာမညဂိုဏ်း ။   ။ သာသနာနှစ် ၂၄၀၆ ခုနှစ်တွင် သီဟိုဠ်မှ အရှင်ဓမ္မာလင်္ကာရ၊ အရှင်သုမနတိဿနှင့် ရဟန်း ၁၇ ပါးတို့သည် ရာမညတိုင်းပဲခူးမြီု့သို့ကြွရောက်လာကြပြီး ရန်ကုန်မြီု့မှ သဒ္ဓမ္မဓရမဟာထေရ် ကို ဥပဇ္ဈယ်ပြု၍ ကလျာဏီသိမ်တော်၌ သိက္ခာသစ်တင်ယူကြသည်။ ထိုဂိုဏ်းကို ရာမညဂိုဏ်း “ရာမညနိကာယ”ဟုခေါ်သည်။ ထိုပြင် ဒုတိယကမ္ဘာစစ်မတိုင်မှီက သီဟိုဠ်သားအချို့သည် မန္တလေးမြီု့ ၀ိသုဒ္ဓါရုံတိုက်သို့ရောက်လာပြီးပညာသင်ယူကြသည်။ ထိုရဟန်းများထဲမှ အရှင်သဒ္ဓမ္မဆရာတော်သည် သီဟိုဠ်ပြန်ရောက်သောအခါ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်ကို တည်ထောင်၍သာသနာပြုရာ ဆင့်ပွား တပည့်သံဃာများထွန်းကားခဲ့သည်။ သို့ရာတွင်ထိုဆရာတော်ပျံလွန်တော်မူပြီးနောက် တပည့်ရဟန်း များ၏အားနည်းမူ့ကြောင့် သီရိလင်္ကာရွှေကျင်ဂိုဏ်းမှာထင်ရှားခြင်းမရှိတော့ချေ။

Saturday, March 27, 2010

ဗုဒ္ဓဘာသာအမျိုးမျိုး

ယနေ့ခေတ်မှာ လူငယ်တွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ ဒီလို
အခြေအနေ တွေကိုသိလို့ မြတ်စွာဘုရားက "နောင်အနာဂတ်ကာလမှာ ဗုဒ္ဓဘာသာ
ငါးမျိုး ကွဲပြား လိမ့်မယ်" ဟု ဟောတော်မူထားခဲ့ပါတယ်။ အဲဒီဗုဒ္ဓဘာသာ
ငါးမျိုးကတော့......
(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ

(၁)။ ကုလ ဗုဒ္ဓဘာသာ( မိရိုးဖလာဗုဒ္ဓဘာသာ)
ကုလ ဗုဒ္ဓဘာသာ ဆိုတာ ရိုးရာ ဗုဒ္ဓဘာသာ ကိုပြောတာပါ။ အမေအဖေက ဗုဒ္ဓဘာသာမို့
သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတာပါ။ မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း
ခရစ်ယာန်။ မိဘက အစ္စလာမ်ဆိုရင် သားသမီးကလည်း အစ္စလာမ်။ ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။ မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးက ဗုဒ္ဓဘာသာ ဖြစ်လာရတယ်
ဘုရားရှင် ဘာလို့ ပွင့်မှန်းမသိ။ ဘုရား ဘာတရားဟောမှန်းလည်း မသိ။
ကိုယ်ပြောတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာတောင်မှ ဘာပြောမှန်းမသိ။
ကိုယ်ကိုးကွယ်နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရ မှန်းမသိ။ ဘုရားကို ဦးချတာ
ဘာရည်ရွယ်ချက်နဲ့ ဦးချနေမှန်းကို မသိတာ။ ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့
အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့ လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။
ကုလဗုဒ္ဓဘာသာပါ။

(၂) လာဘာဗုဒ္ဓဘာသာ
လာဘာဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဆိုလိုတာပါ။
ဒီဘ၀ စီးပွားရေးလေး တက်မလားဆိုပြီးတော့မှ ဘုရားကိုးကွယ်တာမှာ
ရွေးပြီးတော့ ကိုးကွယ်တယ်။ ဒီဘုရားကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရားကိုးကွယ်ရင်တော့ စီးပွားတတ်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘဗုဒ္ဓ
ဘာသာပါ။ ဘုရားကိုးကွယ်မှ လာဘ်ပေါမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ
ဘာလို့ လာဘ်ရွှင်နေတာလဲ။ အဓိက စီးပွားရေး ဖြစ်နေတယ်ဆိုတာ
ဘုရားကြောင့်မဟုတ်ပါဘူး။ ကံဥာဏ်ဝီရိယ သတ္တိကြောင့်ပါ။
အရောင်းအ၀ယ်တစ်ခုလုပ်မယ်။ အိမ်ခြံဝင်းဝယ်မယ်။ ရောင်းမယ်။ အိမ်နေရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ၊ ဘုရားကျောင်းဆောင်
ပေါ်မှာ ဘိုးတော်ပုံတွေ ဘွားတော်ပုံတွေ တင်ထားတာတွေ၊ ကိုးကြီးကျော်
မနှဲလေး အစရှိတွေ နတ်တွေ ကိုးကွယ်တာတွေ၊ ဗေဒင်တွေ ယုံကြည်ပြီး ယတြာတွေ
ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်များကို
လာဘာဗုဒ္ဓဘာသာ ဟုခေါ်ပါသည်။

(၃)ဘယ ဗုဒ္ဓဘာသာ(ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)
ဘယဗုဒ္ဓဘာသာဆိုတာ ဘေးကို ကြောက်လို့ ကိုးကွယ်တာကို ခေါ်ပါတယ်။
အန္တရယ်ကင်းဖို့ ၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊ ကျန်းမာဖို့ ၊
ဒီလိုအတွေးအခေါ် အယူအဆတွေနဲ့ ဘုရားကို ကိုးကွယ်တာကို
ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင်
ဒီဘုရားကို မကိုးကွယ်တဲ့ ခရစ်ယာန်တွေ အစလာမ်တွေ အသက်ရှစ်ဆယ်
တစ်ရာကျော်တွေ ရှည်နေကြတာ ဘာလို့ပါလဲ။

ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလဗုဒ္ဓဘာသာ၊လာဘ်လာဘာ လိုချင်ပြီး ကိုးကွယ်တာ
လာဘ်လာဘ လိုချင်ပြီး ကနားတွေပေးတာ လာဘဗုဒ္ဓဘာသာ၊ ဘေးကြောက်ပြီး
အကိုးကွယ်တွေ မှားနေတာ ဘယဗုဒ္ဓဘာသာ။ ဒီကုလ၊လာဘ၊ ဘယဗုဒ္ဓဘာသာ သုံးမျိုးကို
အောက်တန်းစားဗုဒ္ဓဘာသာဟု ခေါ်ပါသည်။
ဟိုလူမပါ၊ ဒီလူမပါ၊ ဟိုလူပသပါတယ်။ ဒီလူပသပါတယ်။ လက်ညှိုးထိုး ခွက်လှန်
လုပ်နေတာတွေကို မြတ်စွာဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။
ခန္ဓာကိုယ်မှာ အသိ၊ဘာသာရေးအသိဓာတ်ခံ အားနည်းတော့ လိမ်စားနေတဲ့ သူတွေက
လိမ်လို့ကောင်းနေပါတယ်။ ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊
ဆွမ်းဦးကိုလည်း လောင်လှူရသေး သာသနာတော်ကိုလည်း သင်္ကန်း ဆွမ်းကျောင်းဆေး ၊
ပစည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ
ဘာအတွက် သာသနာကို ချီးမြှောက်နေတာလဲ၊ ဘာအတွက် ကျောင်းဆောက်နေတာလဲ ။
စဉ်းစားပါ၊ ဝေဖန်ပါ၊ သုံးသပ်ပါ။

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။ သဒ္ဓါတရားဆိုတာ
ယုံကြည်ချက်ပါ။ ဘုရား၊တရား၊ သံဃာာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ဘုရား၊ တရား၊ သံဃာကို ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့
သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး
နှစ်မျိုးရှိပါတယ်။ သမ္မာသဒ္ဓါဆိုတဲ့ မှန်မှန်ကန်ကန်ယုံကြည်ချက် ဆိုတာ
သစ္စာာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တ၀ါတွေကို သူသိသကဲ့သို့
မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာာလေးချက် အနက်ကို ဟောကြားတော်မူခဲ့ပါတယ်။
ဒီတရားတော် အနက်တွေကို ပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့
အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အိုနာသေ
လွတ်ရာပါ။ "အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့
ယုံကြ ည်ချက်ဟာ မှန်သောယုံကြည်ချက်။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။ မြတ်စွာဘုရားဟော်တော်မူခဲ့တဲ့
တရားတော်ကို ကြိုးစားမယုတ် ပွားများအားထုတ်လိုက်လို့
တရားလမ်းကြောင်းအတိုင်း မဂ္ဂင်လမ်းအတိုင်းသာ လျှောက်သွားရင်
နှိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာ ပို့ဆောင်တာဟာ တရားက ပို့ဆောင်တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ တရားတော်ကို မှန်သောယုံကြည်မှု။
ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာာရဲ့ 
ကျေးဇူးပါ။ ဘုရားရှင် ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊
သုတ်ဝိနည်း အဘိဓမ္မာတရားတွေ ဒီတရားတွေကို သံဃာာတော်တွေက ဆောင်ထားတာပါ။
ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက်ထားတာပါ။ သံဃာာတော်ကို
ယုံကြည်မှု။
ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဓါ ယုံကြည်မှု။
မိစ္ဆာသဒ္ဓါယုံကြည်မှုက လာဘ်လာဘပေါတယ်။ အန္တရာယ်ကင်းတယ် ဆိုပြီး
ကိုးကွယ်ယုံကြည်နေတာဟာ မိစ္ဆာသဒ္ဓါ။ လာဘ်လာဘပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓ
ဘာသာယုံကြည်ချက်၊ အန္တရာယ်ကင်းအောင်ဆိုပြီး ဘယဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု
ဗုဒ္ဓရဲ့  ဂုဏ်တော်ကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ
ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့  ယုံကြည်မှု ဒါတွေက မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာကို ပို့ဆောင်နိုင်လို့ ၊
အသေလွတ်ရာ တရားကို ဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့
သမ္မာသဒ္ဓါ ။ အနှစ်သာရမရှိတာကို မရှိဘူးလို့ သိတယ်။ အနှစ်သာရ ရှိတာကို
ရှိတယ်လို့ သိတယ်။ မှားတာကို မှားတယ်လို့သိတယ်။ မှန်တာကို မှန်တယ်လို့
သိတယ်။ သိတဲ့အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည့်
သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။

(၅)ပညာဓိက ဗုဒ္ဓဘာသာ
ပညာဓိက ဗုဒ္ဓဘာသာဆိုတာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ခေါ်တာပါ။
သဒ္ဓါဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံတာလည်း
ဆိုတော့ ရမ်းယုံတာမဟုတ်ဘဲ ခန္ဓာသိနဲ့ အသေအချာ သိပြီး ယုံတယ်။ ထိုသို့
သိတာကို ပညာဟု ခေါ်ပါတယ်။ သစ္စာလေးပါးတရားတော်ကို အသေအချာ ပညာသိနဲ့ သိတဲ့
ဗုဒ္ဓဘာသာ၊ ဖြစ်မှုပျက်မှုတွေကို သိတဲ့ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက
မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတယ် လို့ ဟောခဲ့ပါတယ်။
ဒါကို ကိုယ်တိုင် သစ္စာတရားတော်ကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့
မြင်တယ်။ ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တာက သဒ္ဓါ၊
ဖြစ်ပျက်မြင်တာက ပညာ။ ထို့ကြောင့် သဒ္ဓါနဲ့ ပညာ သွားပြီး တွဲနေပါတယ်။
သဒ္ဓါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဓါတရား မှန်မှန်ကန်ကန် နဲ့ သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ ကူးမြောက်နိုင်၏။
တို့မှာ အပါယ်မျိုးစေ့တွေ၊ အပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိတယ်။
ဒါတွေကို ဘယ်သူမှ ၀င်တားလို့ မရပါဘူး။ သူ့ကိုတားချင်ရင်၊ သူ့ကို
အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ ဖြတ်ရပါမယ်။ ဥာဏ်နဲ့
ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဓါလည်း ပါတယ်၊
ပညာလည်း ပါပါတယ်။ ဒါသည် သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာနဲ့ ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်းစား ဗုဒ္ဓဘာသာပါ။ 
မှ---ဗုဒ္ဓဘာသာဆိုင်သိမှတ်ဖွယ်ရာများ--မြန်မာစကားဝိုင်း 

ပုံပြ ၂၄ ပစ္စည်း

[Image: Bagan00002-709176.jpg][Image: Bagan00003-709722.jpg]
[Image: Bagan00004-710288.jpg][Image: Bagan00005-710741.jpg]
[Image: Bagan00006-712330.jpg][Image: Bagan00007-712811.jpg]
[Image: Bagan00008-713248.jpg][Image: Bagan00009-714888.jpg]
[Image: Bagan00010-715368.jpg][Image: Bagan00011-716909.jpg]
[Image: Bagan00012-717344.jpg][Image: Bagan00013-717805.jpg]
[Image: Bagan00014-718161.jpg][Image: Bagan00015-718637.jpg]
[Image: Bagan00016-719075.jpg][Image: Bagan00017-719516.jpg]
[Image: Bagan00018-721073.jpg][Image: Bagan00019-721447.jpg]
[Image: Bagan00020-723010.jpg][Image: Bagan00021-724570.jpg]
[Image: Bagan00022-726526.jpg][Image: Bagan00023-726938.jpg]
[Image: Bagan00024-731133.jpg][Image: Bagan00025-732634.jpg]

မှတ်သားဖွယ်ရာ၂၄ ပစ္စည်း

ဟေတုပစ္စယော

* ကောင်းသော အကြောင်းတရား တိုးပွားကြ ရပါစေသော်။

အာရမ္မဏပစ္စယော

* ကောင်းသောအာရုံ၊ အကောင်းဆုံးသော အာရုံ တွေ့ကြုံကြရ ပါစေသော်။

အဓိပတိပစ္စယော

* ဆန္ဒနှင့်ဇွဲ စိတ်ဉာဏ်တွဲ ကြီးကဲဖြစ်ကြရပါစေသော်။

အနန္တရပစ္စယော

* ကုသိုလ်၏ အခြားမဲ့မှာ ကုသိုလ်သာ ဖြစ်ကြရပါစေသော်။

သမနန္တရပစ္စယော

* ကောင်းမှု၏ အခြားမဲ့မှာ ကောင်းမှုသာ ဖြစ်ကြရပါစေသော်။

သဟဇာတပစ္စယော

* အတူတကွ ပုညကုသိုလ်တိုးစေသော်။

အညမညပစ္စယော

* အချင်းချင်း ရင်တွင်းမေတ္တာ ဖြိုးစေသော်။

နိဿယပစ္စယော

* ရတနာသုံးလီ မှီတည်ကြရပါစေသော်။

ဥပနိဿယပစ္စယော

* လောကုတ္တရာ ကိုးလီ မှီတည်ကြရပါစေသော်။

ပုရေဇာတပစ္စယော

* ရှေ့ဖြစ်ကုသိုလ် နောက်ကိုလွှမ်းခြုံပါစေသော်။

ပစ္ဆာဇာတပစ္စယော

* နောက်ဖြစ်ကုသိုလ် ရှေ့ကိုလွှမ်းခြုံပါစေသော်။

အာသေ၀နပစ္စယော

* ပါရမီ အစုံစုံ အထုံမြဲကြရပါစေသော်။

ကမ္မပစ္စယော

* ကောင်းသောကုသိုလ်ကံ မြဲမြံကြရပါစေသော်။

ဝိပါကပစ္စယော

* ကောင်းသောအကျိုး ပွားတိုးကြရပါစေသော်။

အာဟာရပစ္စယော

* စိတ်အာဟာရ ပြည့်ဝကြရပါစေသော်။

ဣန္ဒြိယပစ္စယော

* စိတ်ကိုစိုးပိုင် စိတ်နိုင်ကြရပါစေသော်။

ဈာနပစ္စယော

* မေတ္တာဈာန် ရှင်သန်ကြရပါစေသော်။

မဂ္ဂပစ္စယော

* မဂ္ဂင်လမ်း လျှောက်လှမ်းကြရပါစေသော်။

သမ္ပယုတ္တပစ္စယော

* သူတော်ကောင်းဓာတ် ယှဉ်စပ်ကြရပါစေသော်။

ဝိပယုတ္တပစ္စယော

* မကောင်းမှုများ ပယ်ရှားကြရပါစေသော်။

အတ္ထိပစ္စယော

* ကောင်းရာသုဂတိ မြဲရှိကြရပါစေသော်။

နတ္ထိပစ္စယော

* အပါယ် ဒုဂ္ဂတိ မရှိကြရပါစေသော်။

ဝိဂတပစ္စယော

* ဆင်းရဲခြင်း ကင်းရှင်းကြရပါစေသော်။

အ၀ိဂတပစ္စယော

* ချမ်းသာခြင်း မကင်းကြရပါစေသော်။

       ၂၄ ပစ္စည်းဆုတောင်း ဆိုသည့်အတိုင်းပင် ၂၄ပစ္စည်း၏ အနက်အဓိပ္ပာယ်ကို မြန်မာဘာသာဖြင့် အနှစ်ချုပ် နားလည်နိုင်သလို နားလည်ထားသည့် အတိုင်း အကျိုးရလဒ်များ ထင်ရှားဖြစ်ထွန်းလာအောင် စီစဉ်ထားရကား ယင်း၂၄ပစ္စည်းဆုတောင်းဖြင့် ကောင်းကျိုးသုခများ ရရှိလာကြမည်မှာ မုချဧကန်ဖြစ်ပါ၏။ အလုပ်ကိစ္စတွေ အဘယ်မျှ များပြားနေပါစေ။ ယုတ်စွအဆုံး တစ်ရက်တစ်ပစ္စည်း နှုတ်တက်ကျက်မှတ်ပါက ၂၄ ရက်တွင် ၂၄ ပစ္စည်းလုံး နုတ်တက်ရရှိမည်ဖြစ်ပြီး ဆက်လက်၍နေ့စဉ် ဘုးရားဝတ်ပြုပြီးတိုင်း ပဌာန်း ၂၄ ပစ္စည်းဆုတောင်းကို ရွတ်ဆိုဆုပန်ပါလျှင် အမှန်ပင် ရုပ်ပိုင်းရော စိတ်ပိုင်းမှာပါ ကောင်းကျိုးတရားတွေ တိုးပွားလာပါမည်။

ဣတိဝုတ် ပါဠိတော်၌ မြတ်ဗုဒ္ဓ ညွှန်ပြတော်မူ သည့်အတိုင်း ဆုတောင်းပတ္ထနာသည် တဏှာပတ္ထနာနှင့် ဆန္ဒပတ္ထနာ ဟု နှစ်မျိုးရှိသည့်အနက် ဆန္ဒပတ္ထနာ (ကုသိုလ်ဆန္ဒ)နှင့် ဆုတောင်းကြရပါမည်။ ဆုမတောင်းမီ ဘုရားရှိခိုးခြင်း စသည့် ကုသိုလ်ကံတစ်ခုခု ပြုပြီးမှသာ ဆုတောင်းကြရပါမည်။ ပဌာန်း ၂၄ ပစ္စည်းသည် ဗဟုဝုစ် (အများဆိုင်) ဖြစ်သဖြင့် ဆန္ဒပတ္ထနာ မည်ပါသည်။

သို့ဖြင့် ပဌာန်း ၂၄ ပစ္စည်းဆုတောင်းအပေါ် ယုံကြည်မြတ်နိုးသော သဒ္ဓါဗလကို အရင်းထားလျက် အဆက်မပြတ်ဆုတောင်းခြင်း ၀ီရိယဗလ၊ မမေ့မလျော့ခြင်း သတိဗလ၊ တစိုက်မတ်မတ် တည်ခြင်း သမာဓိဗလ၊ အဓိပ္ပါယ်ကို ပို၍ ပို၍ ထိုးထွင်းသိမြင်ခြင်း ပညာဗလ ဟူသည့် ဗလ ငါးမျိုး တိုးထက်တိုး ကောင်းကျိုး ပြည့်ဝကြမည် ဖြစ်ပါသတည်း။

မှ--ဗုဒ္ဓဘာသာဆိုင်ရာသတ်မှတ်ဖွယ်များ-မြန်မာစကားဝိုင်း

ဒက္ခိဏသာခါနှင့်အခြားရုပ်ပွားကိုးကွယ်မူ့

မြန်မာပြည်၌ ဒက္ခိဏသာခါရုပ်ပွားတော်ကိုးကွယ်မူ့လည်း ခေတ်စားလှသည်။ ဤရုပ်ပွားတော်နှင့်ပတ် သက်၍လည်းဖြစ်ရပ်ဇာတ်လမ်းများရှူပ်ထွေးလှသည်။ ဒက္ခိဏသာခါဆိုသည်မှာ မြန်မာဘာသာဖြင့် တောင်းကိုင်းဟုအဓိပ္ပါယ်ရသည်။ ဘီစီ ၃ရာစုလောက်က အရှင်မဟိန္ဒနှင့် သင်္ဃမိတ္တာထေရီတို့သည် သီဟိုဠ်(ယ္ခု-သီရိလင်္ကာ)သို့သာသနာပြုကြွတော်မူကြသည်။ သီဟိုဠ်ကျွန်းသားတို့ ကိုးကွယ်ရန်အိန္ဒိယ ပြည် မဇ္ဇျိမဒေသ မဟာဗောဓိပင်မှာ လက်ယာတောင်ကိုင်းကိုဖြတ်ယူ၍ သီဟိုဠ်ကျွန်း၌စိုက်ပျိုးခဲ့သည်။ ထိုဗောဓိပင်မှအသားတို့ကို ရုပ်ပွားထုလုပ်ကိုးကွယ်ရာမှ ဒက္ခဏသာခါဘုရားတော်ပေါ်ပေါက်တော်မူ လာသည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင်သက္ကရာဇ် ၇၈၈-ခုနှစ်၌ နန်းတက်သောမိုးညုင်းမင်းတရားလက်ထက် သီဟိုဠ်ကျွန်းမှ ဒက္ခိဏသာခါရုပ်ပွားတော်အဆူ ၃၀၀ ကျော်ရောက်ရှိလာရာ ရဟန်းရှင်လူ မူးမတ်တို့အမြတ်တနိုးကိုး ကွယ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ ဒက္ခိဏသာခါရုပ်ပွားတော်ကိုးကွယ်မူ့ခေတ်စားလာခဲ့သည်။ ရှေးဦးက ဒက္ခိဏသာခါရုပ်ပွားတော်များကို အခြားရုပ်ပွားတော်များကဲ့သို့ အချိုးအဆစ်ပြေပြစ်စွာထုလုပ်ခဲ့ကြ သည်။ အခြားရုပ်ပွားတော်များနှင့်ခြားနားခြင်းသည် ကြပန်းဆောင်းခြင်းသာထူးသည်။ ဤကဲ့သို့ကြာ ပန်းဆောင်းသောဖြစ်ရပ်မှာမူ မဟာယနဂိုဏ်းနှင့်ဆက်နွယ်နေပြန်သည်။ မဟာယနကျမ်းတို့၌ ဤသို့ ရေးသားထားသည်။ ကောသလမင်းနှင့် မလ္လိကာမိဖုရားတို့သည် မြတ်စွားဘုရားအထံတော်သို့လာကြ ရာမြတ်စွာဘုရားရှင်မရှိခိုက်နှင့်ကြုံနေ၏။ ရှင်မောဂ္ဂလ္လာန်သည် တန်ခိုးတော်ဖြင့်လိုက်ရှာရာ ဘုရားရှင် သည် ကြာမျိုး ၅-ပါးဖူးပွင့်နေသော အနောတတ်အိုင်ထဲ၌ ကြာပွင့်ကြီးတပွင့်ပေါ်တွင် ဈာန်ဝင်စားနေ၏။ အိုင်စောင့်နတ်ကြီး ၉-ဦးတို့ကလည်း ဘုရားရှင်ကို ကြာပွင့်ကြီးတပွင့်စီဖြင့်ဆောင်းမိုးပေးထားကြသည်။ ဤဖြစ်စဉ်ကိုတွေ့မြင်လာခဲ့သဖြင့် အရှင်မဟာမောဂ္ဂလ္လာန်သည် ကောသလမင်းနှင်း မလ္လိကာမိဖုရား တို့အားပြန်လည်ပြောပြ၏။ မင်းနှင့်မိဖုရားတို့သည် ဘုရားရှင်စံမြန်းနေပုံကို စိတ်ကူးဖြင့်ကြည်ညိုသွား ကြ၏။ ဤပုံသဏ္ဍာန်မျိုးကို ရုပ်ထုပြုလုပ်၍ကိုးကွယ်လိုကြောင်း ရှင်မောဂ္ဂလာန်အားလျောက်ထားကြ သည်။ ခွင့်ပြုချက်ရသဖြင့်မင်းနှင့်မိဖုရားတို့သည် ကြာပန်းဆောင်းရုပ်ပွားကို ကိုးကွယ်ခဲ့ကြသည်ဟု ဆိုပါသည်။ ဤအဆိုအရ ဒက္ခိဏသာခါရုပ်ပွားများမှာ မဟာယနအယူအဆရထုလုပ်ကိုးကွယ်ခဲ့ ကြသည် ဟုဆိုနိုင်ပြန်သည်။
နောက်ပိုင်းတွင် ဒက္ခိဏသာခါရုပ်ပွားတော်များကို ဂိုဏ်းဆရာလုပ်သူများကအမျိုးမျိုးစိတ်ကူး၍ ချဲ့ထွင် ပြုလုပ်ကြသည်။ ရုပ်ပွားတော်တွင် မှို-၉-ချက်ရိုက်ခြင်းစသော အစီအမံတို့ကိုထည့်သွင်းထားကြသည်။ ထိုရုပ်ပွားတော်ကို ကိုးကွယ်လျှင်လာဘ်ပေါများမည်။ အရောင်းအ၀ယ်ကောင်းမည်။ ရာထူးတိုးမည်။ အန္တရာယ်ကင်းမည်။ မီးဘေးမှလွတ်မည်။ သိဒ္ဓိပေါင်းစုံပြီးစီးနိုင်သည်စသည်ဖြင့် ဂိုဏ်းဆရာတို့၏အသုံး ချခံရုပ်ပွားတော်တဆူဖြစ်လာလေသည်။ အဆိုးရွားဆုံးပြုလုပ်ချက်မှာရုပ်ပွားတော်၏ ပုံသဏ္ဍာန်ဖြစ် သည်။ ရုပ်ပွားတော်သဏ္ဍာန်ကို ပန်းပုမတတ်သူထုလုပ်သကဲ့ ပုအိုင့်သော လည်ကုပ်တိုသောပုံဆိုးများ ကိုထုလုပ်ကြသည်။ ဗုဒ္ဓဘုရားရှင်သည် လက္ခဏာတော်ကြီးငယ်အသွယ်သွယ်တို့ဖြင့် ပြည့်စုံသူဖြစ်၍ အပြစ်ပြောစရာမရှိ။ တင့်တယ်သောရူပကာယတော်ရှိပါသည်။ ဤကဲ့သို့ဆိုးရွားသောပုံသဏ္ဍာန်ရုပ်ပွား တော်တို့ကို ထုလုပ်ကိုးကွယ်နေကြသည်မှာ ဘုရားရှင်၏ကြည်ညိုမြတ်နိုးဖွယ်ရာ ရူပကာယတော်ကို ဖျက်ဆီးထားခြင်းပင်ဖြစ်ပါသည်။
ယနေ့မြန်မာနိုင်ငံတော်တွင် ဗုဒ္ဓရုပ်ပွားတော်များကို ပုံစံအမျိုးမျိုးအယူအဆအသွယ်သွယ်တို့ဖြင့် ထုလုပ်ကိုးကွယ်နေကြသည်။
-    နူတ်ခမ်းမွှေးတပ်သောရုပ်ပွားများ
-    မျက်မှန်တပ်သောရုပ်ပွားများ
-    မှဲ့တပ်သောရုပ်ပွားများ
-    နဖူး၌အဖုတပ်သောရုပ်ပွားများ
-    လက်စွပ်ဝတ်သောရုပ်ပွားများ
-    မြွေပတ်သောရုပ်ပွားများ
-    ဆင်းစီးမြင်းရံရုပ်ပွားများ
စသည်ဖြင့် အမျိုးမျိုးပြုလုပ်နေကြသည်။ အချို့ရုပ်ပွားများမှာ မူလတင်ပျဉ်ခွေရုပ်ပွား၏ ဒူးနှစ်ဖက်နှင့် ပခုံးနှစ်ဖက်ပေါ်၌ မတ်ရပ်ရုပ်ပွားလေးများကို ထည့်သွင်းထုလုပ်ထားသည်ကိုတွေ့ရသည်။ ပလပ်စတစ် ဖြင့်လောင်းထားသောရုပ်ပွားဖြစ်သည်။ ထိုရုပ်ပွားကိုကြည့်၍ ဆပ်ကပ်ပြနေသလားဟုထင်မှားလောက် အောင်အရုပ်ဆိုးအကျဉ်းတန်နေပါသည်။ အချို့ဘုရားရင်ပြင်ပေါ်၌ လူကြိုက်များသော ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်စသော ဘိုးတော်ဆိုသူစိတ္တဇရုပ်ကောင်တို့ကို ပြုလုပ်ထားရာ ဗုဒ္ဓဘာသာအတွက်ရှက် ဖွယ်ကောင်းသော လုပ်ဆောင်ချက်များဖြစ်ပေသည်။ ယ္ခုဖေါ်ပြခဲ့သော အကြောင်းအရာများမှာ ထေရ၀ါဒထဲ၌ ရောနှောနေသည့် ကိုးကွယ်မူ့များထဲမှ ထင်ရှားသောကိုးကွယ်မူ့များဖြစ်ပါသည်။ မထင် မရှားဖြင့်ကိုးစားနေကြသော အသေးအဖွှားကိစ္စများလည်းအမြောက်အများရှိနေပါသေး၏။

ရေစကြို-အရှင်ဧသိက၏- “ထေရ၀ါဒ ဗုဒ္ဓဘာသာ” ပြိုင်ပွဲဝင်ပထမဆုရ စာအုပ်မှ ကောင်းနူတ်ထားခြင်း ဖြစ်ပါသည်။

ရင်ထဲသို့စွဲငြီစေခဲ့သောကဗျာတပုဒ်

စာရေးသူတို့သည် ဘ၀မျိုးမျိုးစုံနေရာမျိုးစုံ၌ သွားလာလှုပ်ရှားနေကြရသည်။ ထိုသို့လှုပ်ရှားရုန်းကန်နေကြရာတွင် အတွေ့အကြုံ မျိုးစုံကိုလည်းတွေ့ကြုံခံစားကြရသည်။ မိမိတို့ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်တွေ့ကြုံနေရမည်သာဖြစ်သည်။ အတွေ့အကြုံသည် မိမိတို့ကျင်လည်ရာပတ်ဝန်းကျင်ကိုလိုက် ၍ အမျိုးမျိုးရှိနိုင်သည်။ မိမိတို့တွေ့ကြုံရသော အတွေ့အကြုံတို့သည်ဝမ်းနည်းမူ့ဝမ်းသာမူ့ရသ အမျိုးမျိုးခံစားမူ့အမျိုးမျိုးကို ပေးနိုင်သည်။ ကြုံတွေ့ခံစားခဲ့ရသောဝမ်းနည်းစရာ မေ့ပြောက်အောင်ကြီုး စားသော်လည်း မိမိရင်ထဲမှာကျန်ခဲ့  တတ်သည်။  တိုက်ဆိုင်မူ့များရှိသောအခါပြန်လည်း သတိယတတ် သည်။ ၀မ်းသာစရာများကိုတော့ အမြဲတမ်းအမှတ်ရခြင် တမ်းတခြင်ကြသည်။ ၀မ်းနည်းမူ့လည်းမဟုတ် ၀မ်းသာစရာလည်းမဟုတ် သို့သော် မိမိရင်ထဲစွဲကျန်ခဲ့သော အကြောင်းအရာများစွာတို့လည်းရှိတတ် ကြသည်။
စာရေးသူဘ၀တွင် ၀မ်းနည်းစရာမဟုတ် ၀မ်းသာစရာမဟုတ်၊ သို့သော်ရင်ကိုထိမှန်ရိုက်ခိုက်ခဲ့သော ကဗျာများစွာရှိခဲ့ပါသည်။ ထိုကဗျာများစွာထဲမှ ကဗျာတပုဒ်ကို စာဖတ်သူများနှင့်မျှဝေခံစားလိုပါသည်။ ကဗျာဆရာမှာ မြန်မာသမိုင်းတွင်ထားရှားခဲ့သော ထင်ရှားလတ္တံ့သော ဆရာဇော်ဂျီဖြစ်သည်။ ကဗျာက ခေါင်းစဉ်က သင်သေသွားသော်-တဲ့။ ကဗျာကို ဆရာကသည်လိုစခဲ့ပါသည်။ -
သြော်
လူ့ ပြည်လောက လူ့ ဘ၀ကား
အိုရ နာရ သေရဦးမည်
မှန်ပေသည်တည့်။
လူသားတယောက်ဖြစ်လာဖြစ်လာပြီဆိုရင် ဇာတိ-ဖြစ်လာပြီဆိုလျှင် သူ၏အဖေါ်အိုခြင်းတရား-ဇရာ၊ နားခြင်းတရား-ဗျာဓိ၊ သေခြင်းတရား-မရဏ တို့သည်ကပ်ပါလာသည်။ ထိုတရားတို့သည်မည်သူမျှ ရှောင်လွဲမရနိုင်သော အမှန်တရား-ပရမတ္ထသစ္စာတို့ဖြစ်သည်။  ထိုအမှန်တရား-ပရမတ္ထသစ္စာကို အမှတ်ရနေဘို့ရန် ဆရာကအစဦးမှာပင်သတိပေးခဲ့သည်။ ထိုအမှန်တရားတို့ကို စာရေးသူတို့ဘ၀တွင် တခါတရံမေ့နေတတ်သည်။ ငယ်စဉ်အခါက ခွန်အားဗလနှင့်ပြည့်စုံနေသောကြောင့် ဗလမာန်၊ စည်းစိမ်ချမ်းသာသော မိသားစုကကြီးပြင်းလာသောပုဂ္ဂိုလ်တို့များ၊ ရာထူးဌာနရှိသော ပုဂ္ဂိုလ်များမှာ ဂုဏမာန်၊ ပညာတတ်သောပုဂ္ဂိုလ်တို့မှာ ပညာမာန်၊ အသက်အရွယ်ရလာသောအခါ ၀ယမာန်၊ စည်းစိမ်ချမ်းသာသော ပုဂ္ဂိုလ်တို့မှာ ဘောဂမာန်၊ စသည်ဖြင့်အမျိုးမျိုးဖြစ်တတ်ကြသည်။  ထိုမာန်တို့ ဖြစ်နေသောပုဂ္ဂိုလ်တို့မှာ အိုခြင်းနာခြင်းသေခြင်းဟူသောပရမတ္ထသစ္စာကိုမေ့နေတတ်သည်။
သို့ ပြည်တကား သင်သေသွားသော်
သင်ဖွားသောမြေ သင်တို့ မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင်၏
အမှန်တရား-ပရမတ္ထသစ္စာကိုမေ့နေသော်လည်း နောက်ဆုံးသေခြင်းတရားကိုတော့မည်သူမျှမလွန်ဆန်နိုင်ပေ။ သေသွားခဲ့သော် မိမိတို့၏ဇာတိမြေတွင် ဖွံ့ဖြိုးတိုက်စွာကျန်ခဲ့ဘို့လိုပေသည်။ မိမိတို့သည်ဘယ်နေရာရောက် မည်သည့်နိုင်ငံ၌နေရစေကာမူ မိမိတို့၏မွေးဖွားရာဇာတိမြေဖြစ်သော အမိမြန်မာကိုတော့ ဘယ်တော့မှမမေ့အပ် ပေ။ မိမိတို့၏ ဘာသာစကား စာပေတို့သည်လည်းသည်ထက်ပို၍ တိုးတက်ရှင်သန်ကြီးထွားစေရန်မှာလည်း မိမိတို့၌တာဝန်ရှိပေသည်။ တချို့သောပုဂ္ဂိုလ်တို့သည် အခြားဖွံ့ဖြိုးတိုးတက်သော နိုင်ငံများသို့ရောက်နေသော် မိမိတို့၏ဘာသာစကား စာပေတို့ကိုမေ့နေတတ်သည်။ မိမိတို့ယဉ်ကျေးမူ့ဓလေ့ထုံးစံအစဉ်အလာများ၊ ဘာသာ စကား၊ စာပေတို့ကိုအထင်သေးတတ်သည်။ သို့သော်မိမိတို့နိုင်ငံ၏ ဘာသာစကား စာပေ ဓလေ့ထုံးစံတို့သည် နှစ်ပေါင်းထောင်ချီကစတင်ကာ ဖွံ့ဖြိုးတိုးတက်အဆင့်အတန်းမြင့်လှသည်။ နှစ်ပေါင်းများစွာအကြာက စတင်ကာ  ခဲ့သော တန်ဘိုးမဖြတ်နိုင်သော သည်အမွေအနှစ်တို့ကို အဖိုးအဖွားဆရာသမားတို့က လက်ဆင့်ကမ်းသယ် ဆောင်ခဲ့ရာ မိမိတို့လက်ထက်တွင်ဆက်လက်ရှင်သန်ဘို့ရန်မှာ လွန်စာအရေးကြီးသည်။ ထိုကြောင့်မိမိတို့ သားသမီး တပည့်များအားလက်ဆင့်ကမ်းနိုင်အောင်ကြီုးစားကြရမည်။
သင်ဦးချ၍ အမျှဝေရာ
စေတီစာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း.......။
ဆရာဇော်ဂျီ....
သည်အပိုဒ်၌လည်း ဆရာက မိမိတို့ကိုးကွယ်ဆည်းကပ်ခဲ့သော စေတီများ၊ နာယူမှတ်သားခဲ့ရသော တရား တော်များကို၊ ထိန်းသိမ်းစောက်ရန်တိုက်တွန်းထားသည်။ ၀ံသာနုရက္ခိတစိတ်ဓါတ်သည် လွန်စွာအရေးကြီး သည်။ အမျိုးအနွယ်ကိုစောင့်ရှောက် မိမိဘာသာတရားကိုစောင့်ရှောက်ထိန်းသိမ်းရန်မှာ မိမိတို့တာဝန်သာ ဖြစ်သည်။ ဆရာ၏ ကဗျာအရေးအသားသည်ထိမိလှသည်။ ဆရာ၏ကဗျာများကိုဖတ်ခြင်းဖြင့် သူ၏၀ံသာနု စိတ်ဓါတ်ကို ခန်းမှန်းနိုင်သည်။
လူလောက၌လူတယောက်ဖြစ်လျှင် တန်ဘိုးရှိသောလူတယောက်ဖြစ်လာရန်မှာလွန်စွာအရေးကြီးလှသည်။ မိမိအကျိုး သူတပါးအကျိုးတို့ကို ထမ်းဆောင်နိုင်သောပုဂ္ဂိုလ်တို့သည်သာ တန်ဘိုးရှိသောလူများဖြစ်သည်။ ဂေါတမဗုဒ္ဓသည် ဒီပင်္ကရာမြတ်စွာဘုရားလက်ထက်တော်အခါက သုမေဓာရသေ့ဖြစ်ခဲ့သည်။ အတ္တဟိတ အကျိုးတခုတည်းကိုသာ ကြည့်ပါက အဲဒီဘ၀တွင်ပင် အေးငြိမ်းရာနိဗ္ဗာန်သို့တက်လှမ်းနိုင်ပေသည်။ သို့သော် လက်တကမ်းသို့ရောက်နေသော အတ္တဟိတ-မိမိတဦးတည်းချမ်းသာသုခကိုစွန့်လွတ်လျက် အများချမ်းသာ-ပရဟိတ-အကျိုးကိုသာသယ်ပိုးနိုင်ရန် ဘ၀များစွာသံသရာမှာ ဆင်းရဲဒုက္ခကိုခံကာကြီုးစားခဲ့သည်။ ဘုရားဖြစ် သောအခါ၌လည်း ချမ်းသာသုခကိုသာခံစားမနေပဲ အချိန်ရှိသရွှေ့ အများအကျိုးကိုသယ်ပိုးဆောင်ရွက်ခဲ့သည်။ ထိုကြောင့်စာရေးသူတို့အားလုံးလူလောကကိုရောက်ရှိနေသောကြောင့် လူသားကောင်းကျိုး အများအကျိုး ဆောင်ရွက်ကာ မိမိ၏မြန်မာပြည်ကြီး၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမူ့ စသည်တို့ကိုထိန်းသိမ်းစောင့်ရှောက်ကြ ပါစို့ဟု တိုက်တွန်းပါရစေ။

Thursday, March 25, 2010

မြန်မာတို့၏အတာသင်္ကြန်

မြန်မာတို့ရဲ့သင်္ကြန်
သင်္ကြန်ဟူသည်မှာ ပါဠိဘာသာ “သင်္ကန္တ”(Saṇkanta) မှ သက္ကဋဘာသာ “သင်္ကြန်” (Saṇkran)  ဟူသော ဝေါဟာရသို့ပြောင်းလဲလာက မြန်မာတို့က သင်္ကြန်ဟု သက္ကတနာမည်ခေါ်လျှက် “ပြောင်းရွှေ့ခြင်း”ဟု အဓိပ္ပါယ်ရပေသည်။ ဤမဟာသင်္ကြန်ကူးပြောင်းခြင်းသည် အာပေါဓာတ် မိုးနက္ခတ် ရေရာသီငါးကြင်းရုပ်အမှတ်အသားရှိသော မိန်ရာသီိမှ ဆိတ်ရုပ်သဏ္ဌာန်၊ ဆိတ်တို့၏ သဘော ပူသောမိဿရာသို့ တနင်္ဂနွေဂြိုဟ်မင်းကူးပြောင်းဝင်လာခြင်းဖြစ်၍ ကူးပြောင်းသော ရာသီအိမ်အားလျော်စွာ သင်္ကြန်ရေတို့ဖြင့်ဆီးကြိုကြခြင်းဖြင့် ရေဖျန်းသဘင်ပျော်ရွှင်ကစားခြင်းတည်း ဟူသော အတာသဘင် သည် ဖြစ်ပေါ်ခဲ့ပေသည်။ သာသနာဝင်ကျမ်းများအရ ကပ္ပီလ၀တ်ပြည် သာကီဝင်မင်းမျိုးတို့ ရေဖျန်းသဘင်ကစားကြခြင်းသည် အတာသဘင်၏သမိုင်းစဉ်တွင် ရှေးအကျ ဆုံးသောမှတ်တမ်းတရပ်ဖြစ်ပေသည်။ ထိုနောက်မဟာရာဇ၀င်တွင် ဖော်ပြပါရှိသောပုဂံပြည် နရသီဟပတေ့၊ တရုတ်ပြေးမင်းလက်ထက် ကျင်းပခြင်းသည် ဒုတိယမြောက်ဖြစ်၍ မြန်မာပြည်အတွက်ဆိုလျှင် ရှေးအကျဆုံးတွေ့ရသော အတာသဘင်မှတ်တမ်း ဖြစ်ပေသည်။ မြန်မာတို့၏ ထီိးမူနန်းရာအစဉ်လာယဉ်ကျေးမှုများသည် သာကီဝင်မင်းတို့၏ ထုံးတမ်းစဉ်လာမှ သက်ဆင်းခဲ့သည်သာများ၍ ဤရေဖျန်းသဘင်ကျင်းပခြင်းလည်း ထိုအတူပင်ဖြစ်ပေသည်။ တရုတ်ပြေးမင်းလက်ထက် ရေဖျန်းသဘင် ကစားပုံမှာ နန်းတော်ကသည် မြစ်ဆိပ်သို့တိုင်အောင် တလျှောက်တည်း တဲဆောက်ပြီးသော် လူမမြင်သာအောင် ကာရံပြီးလျှက် နန်းတော်ကမိဖုရား မောင်းမတို့နှင့်တကွ တဲတန်းဥမင်သို့ ကြွသွား၍ ရေဆိပ်မှာ ရေကစားခြင်း ဖြစ်သည်။
ထိုသင်္ကြန်ပွဲတော်သည် မြန်မာနိုင်ငံသာမက ထိုင်း၊ ကမ္ဘောဒီယား၊ လာအို စသောနိုင်ငံတို့၌လည်း ကျင်းပကြပေသည်။ မြန်မာတို့၏ နှစ်တနှစ်၏ အစဆုံးလဖြစ်သော တန်ခူးလတွင် သင်္ကြန်ပွဲတော်ကိုကျင်းပသည်။ သင်္ကြန်ကာလသည် သင်္ကြန်အကြို အကြတ် အတက် နေ့ဟုသတ်မှတ်ထားကြသည်။ အကြတ်နေ့သည် ပုံမှန်မရှိပေ။ တချို့နှစ်များ၌ အကြတ်ရက်သည် ၂ ရက်မျှရှိသည်။ ယ္ခုခေတ်ကာလ၌ သင်္ကြန်တွင်းကာလများတွင် လူငယ်လူရွယ်သာမက အရွယ်ပေါင်းစုံ ရေသွန်းလောင်းခြင်း၊ ပက်ဖျန်းခြင်းကိုပျော်ရွင်စွာဆင်နွဲကြသည်။
မြန်မာတို့သည် အပျော်အပါးပွဲလမ်းသဘင်ကို ခုန်မင်မက်မောကြသည်။ မြန်မာတို့၏ ၁၂ လသည်လည်း ပွဲသဘင်မရှိသောလဟူသည်မရှိလောက်ပေ။ ပင်ကိုယ်စရိုက်မှာလည်း ပျော်ပျော်နေတတ်ကြသည်။ လူတယောက်နှင့်တယောက်စကားပြော လျှင်ပြုံးပြီးပြောတတ်ကြသည်။ သည်ပင်ကိုယ်စရိုက်သည်ချစ်စရာကောင်းသော စရိုက်ဖြစ်သည်။ သို့သော်အပျော်လွန်လျှင် လည်းမကောင်းတော့ပေ၊ အပျော်လွန်ပျက်တတ်သည်ဟု လူကြီးသူမတို့ သတိပေး ဆုံးမတတ်ကြသည်။ ပျက်ရုံတင်မကပဲသေတဲ့အထိတောင်မြန်မာတို့ကပျော်ကြသည်။ တနှစ်တကြိမ် သင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာရသူများ သေကျေသောသူများကို မြင်တွေ့နေကြ ရသည်။ ထိုကြောင့် အခြင်းခြင်းရေသွန်းလောင်းရာ၌ ယဉ်ယဉ်ကျေးကျေးသွန်လောင်း ပက်ဖျန်းရန်လို ပေသည်။ ရှေးဘုရင်များလက်ထက်၌ ပြည်သူတို့အား အခါ (၃) ရက်အတွင်း ထုံးစံရှိသည့်အတိုင်း နံနက် ညနေအချိန်တွင်သာ ရေကြည်ရေအေး၊ အမွှေးအထုံရည်များနှင့် ယဉ်ကျေးဖွယ်ရာ ပက်ဖျန်းကစား ကြရမည့်အကြောင်းကို မြို့တွင်းမြို့ပြင် ရပ်စုကွက်စုများ၌ သင်္ကြန်မကျမီကပင် တင်ကြို၍ မောင်းကြေးနင်းခပ်ကာ သတိပေးခဲ့ကြသည်။ ယ္ခုခေတ်ကာလသည်လည်း ရွှေမြန်မာတို့ သည် မိမိတို့ဓလေ့ထုံးစုံပွဲသဘင်ကို မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမူ့ ၀တ်စားဆင်ယင်မူ့တို့ဖြင့် တန်ဘိုးမြင့်ဘို့လိုပေသည်။ 
ဦးခေါင်းဆေးလျှော်ခြင်း
သို့သော် လူကြီးလူ ငယ်များစွာလည်း ဘုရားကျောင်းကန်သွားလျက် ဥပုသ်သတင်းဆောက်တည်ခြင်း၊ ဘာသာရေးကိစ္စ များဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ကောင်းမူ့တို့ကိုပြုကြသည်။ သင်္ကြန်တွင်းကာလများ၌ ဒုလ္လဘ ရဟန်းဝတ်ခြင်း၊ သီလရှင်ဝတ်ခြင်း၊ တရားစခန်းများဝတ်ရောက်အားထုတ်ခြင်းတို့လည်းရှိကြသည်။ထိုပြင် သင်္ကြန်အခါတွင် ပြုသင့်ပြုထိုက်သော ကိစ္စတရပ်ရှိပေသေးသည်။ ယင်းမှာ နှစ်ဆန်း ၁ ရက်နေ့၌ ဦးခေါင်းဆေးလျှော်ခြင်း ဖြစ်သည်။ ဦးခေါင်းဆေးလျှော်ခြင်းသည် မိမိတို့ ကိုယ်အင်္ဂါတွင် အမြင့်မြတ်ဆုံးဖြစ်သော ဦးခေါင်းဆံပင်ဖျား၌ နောက်နှစ်ကတင်ရှိ ပါလာခဲ့သော ချေးညှော်အညစ်အကြေးများကို ကူးပြောင်းလတံ္တ့သော နှစ်တနှစ်ဦးဘက်ဆီိသို့ မပါစေရန်အတွက်ဟု အယူရှိကြပေသည်။ နိမိတ်မင်္ဂလာယူခြင်းပင်ဖြစ်သော်လည်း စိတ်၏ သန့်ရှင်းမှု၊ ကိုယ်၏ သန့်ရှင်းမှုဟု အကျိုးပြုရာရောက်၍ ပြုသင့်ပြုထိုက်သော ကိစ္စပင်ဖြစ်သည်။ မြီု့ ရွာ ကျေးလက်ဒေသများစွာ၌လည်း နှစ်ဆန်း ၁ ရက်များတွင် အဖိုးအဖွားများ၊ မိဘဆရာမားများအားကန့်တော့ခြင်း၊ သက်ကြီးရွယ်အိုအဖိုးအဖွားတို့ကို ခေါင်းလျော်ပေးခြင်း၊ ခြေသည်းလက်သည်းလှီးဖြတ်ပေးခြင်း၊ ညနေချမ်းအခါ၌ ဘုရားကျောင်းကန်စေတီတို့မှပြန်လာသော အဖိုးအဖွားတို့ရေချိုးရင်ရေချမ်းအိုးများတည်ထားခြင်းတို့ပြုလုပ်ကြသည်။
ဆီသည် ရွာစား “လက်ျာရွှေတောင်” ဘွဲ့ရ ဦးအောင်ကြီးဆို “သာစွလေ” အစချီသော (၁၂) ရာသီဘွဲ့လူတား မိဿရာသီ တန်ခူးလဘွဲ့တွင် “ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကံ့ကော်ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေသုတ်ဖြူး၊ လတန်းခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝယ်၊ ဆင်ယင်တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြင်း၊ အဲသီချင်းနှင့် ထုံသင်းနံ့သာ၊ ရေသီဒါငယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ ကင့်စံပပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်၊ ကစားထုံရည်ဖျန်းတည့်လေး။ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝနန်းတည့်လေး။” ဟူ၍ စပ်ဆိုခဲ့ခြင်းဖြင့် ရှေးခတ်မြန်မာတို့ အတာသဘင်ကို ယဉ်ကျေးသိုက်မြိုက်စွာ ဆင်နွှဲခဲ့ပုံကို သိနိုင်ပေသည်။ 
ရတနာပုံ မန္တလေးခေတ်သို့ ရောက်သည့်အခါ၌ကား အတာသဘင်၏ ယဉ်ကျေးမှုစံချိန်သည် အထွတ်အထိပ်သို့ တိုင်လေတော့သည်။ ယင်းအကြောင်းကို ထိုခေတ်က စပ်ဆိုသီရေးခဲ့သည့် ကဗျာ၊ လင်္ကာများတွင်လည်းကောင်း၊ ရာဇ၀င်တော်ကြီ၌လည်းကောင်း တွေ့မြင်ဖတ်ရှုနိုင်ပေသည်။
 အထူးသဖြင့် သင်္ကြန်အခါတွင် ရှောင်ကြဉ်သင့် ရှောင်ကြဉ်ထိုက်သည့်ကိစ္စများကိုလည်း ထိုအချက်များကို မဟာသင်္ကြန်စာများတွင်ဖေါ်ပြထားသည်။ သင်္ကြန်စာများတွင် ဖော်ပြပါရှိသည့် ရှောင်ကြဉ်ရမည့် အချက်တို့မှာ-
“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်းရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြလျှင်အကောင်း ဆုံးဖြစ်သည်။ ရောက်ရှိလာတော့မည် သင်္ကြန်အချိန်အခါမှာ ရွှေမြန်မာတို့အနေနဲ့ ရွှေတန်ဘိုးကိုရှေးရူ လျက် တန်ဘိုးမဖြတ်နိုင်သော မြန်မာယဉ်ကျေးမူ့ထုံးထမ်းအစဉ်အလာတို့ဖြင့် အတာသင်္ကြန်ကိုနွဲပျော် နိုင်ကြပါစေလို့ဆန္ဒပြုရင်း-ဆရာဇော်ဂျီ၏ -တန်ခူးလ-သင်္ကြန်ကဗျာဖြင့်အတာသင်္ကြန်ကိုကြိုဆိုလိုက်ပါ သည်။
တန်ခူးလ
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပ
ခမ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလဲလေ လောကီသားလိုပ
ကြားခြင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာ ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြုးနိုင်ပါ့
ထူးပါဘိတယ်။

ဇော်ဂျီ
ကျမ်းကိုး=  မြန်မာဆယ့်နှစ်လ အကြောင်း (မောင်ထင်)
              (လူထုဂျာနယ် ၂၇ မတ်လ၊ ၁၉၅၅) မှတ်-၆၀ မှ)
               Myanmar online encyclopedia
  
Monday, March 22, 2010

လယ်တီဆရာတော်ဘုရားကြီး၏ (၇)နေ့ ဘုရားရှိခိုးနှင့် ဆုတောင်းအမျှဝေ

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင် စကြာဝဠာ၊
နတ်ဗြဟ္မာတို့၊ ညီညာရုံးစုတောင်းပန်မှုကြောင့်၊ ရတုနဂို၊
ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကို။ (ကြာသာပတေးနေ့)
သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုံမ္ပနီ၌ မဟီလှိုက်ဆူ၊
ဖွားတော်မူသည်၊ နတ်လူအောင်မြို့၊ လမ်းပါကို။ (သောကြာနေ့)
ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်၊ ပျိုနုနွယ်၌၊ သုံးသွယ်ရွှေနန်း၊
သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုံးသစ်လျှံလူ၊ စံတော်မူ၍၊
ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊
ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊
တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ်ခန်းမှာကို…။ (တနင်္လာနေ့)
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ကျော်၍၊ ခါတော်တစ်ပုံ၊ ပွင့်ချိန်ကြုံက၊
ကဆုန်လပြည့်၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်ပင်ကြီး၊
ဗိမာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊
အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊
သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြိမ်းပါကို… ။ (ဗုဒ္ဓဟူးနေ့)

ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝ္ဂီ၊ စုံအညီနှင့်၊
မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊
ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊
ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို…။ (စနေနေ့)

တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊
ဆောင်ပို့ပြီးကာ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊
ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုဿိန္နာရုံ၊
အင်ကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊
ဝန်းဆူသောင်းလုံးကျော်တယ်ကို…။ (အင်္ဂါနေ့)

နိဗ္ဗူစံပြီး၊ ရှုမအီသား၊ သင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊
ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဌာန်ချက်ဖြင့်၊
လျှံတက်ကော်ရော်၊ မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်ကြွင်းတယ်ကို…။ (တနင်္ဂနွေနေ့)

ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊
မြတ်ထက်မြတ်သား၊ ကိုယ်တော်ဖျားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒာနာနှင့်၊ သဒ္ဒါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊
ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် …

အဆုံးဘ၀၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊
တရားစည်ကြီး၊ ဖိန့်ဖိန်းတီး၍၊ မီးဆယ်တစ်တန်၊ ငြိမ်းရာမှန်သည်၊ နိဗ္ဗာန်အောင်မြို့ ရောက်စေသော်…။

Saturday, March 20, 2010

ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)

ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)

၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။

ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--

ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။

ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။

အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို တာလီဘမ်တို့၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။

မှ--မေမေ့လပြည့်ဝန်းလေး

Thursday, March 18, 2010

ကောသလမင်းကြီးအိမ်မက် (၁၆) ချက်

မတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကောသလမင်းကြီးဟာ ထူးဆန်းတဲ့ အိပ်မက် (၁၆)ခုကို ဆက်တိုက်မြင်မက်သတဲ့။ အဲ့ဒီလို ထူးဆန်းတဲ့အိပ်မက်တွေ မြင်မက်ပြီးတဲ့နောက် ကောသလမင်းကြီး ဟာ အထိတ်တလန့် ရှိတာနဲ့ ဘုရားရှင်ဆီ သွားရောက်ကာ အိပ်မက်တွေရဲ့ အနက် အဓိပ္ပာယ်ကို မေးလျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က မင်းကြီးရဲ့အိပ်မက်တွေဟာ နောင်သာသနာတော် မှေးမှိန်ကွယ် ပျောက်လာတဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် အခြေအနေတွေလို့ အောက်ပါအတိုင်း ကြိုတင်ဟောပြော ရှင်းလင်း ပြခဲ့ပါတယ်။
(၁) အရပ်လေးမျက်နှာမှ လေးခုသော နွားလား ဥဿဘတို့သည် လာလတ်၍ မင်းရင်ပြင်၌ ဝှေ့မည်ဟု တွန်မြညကြုံးဝါးလျက် မဝှေ့ပဲသာလျှင် ဖဲလေကုန်သည်ဟု မြင်မက်ပါသည်။နောင်အခါ တရားမစောင့်သော မင်းတို့ လက်ထက်၌ အရပ်လေးမျက်နှာမှ မိုးတို့သည် ရွာအံသကဲ့သို့ ထစ်ကြိုးလျက် မရွာပဲသာလျှင် ပျောက်ပျက် ကုန်လတ္တံ့။ ထိုအခါ ကောက်ပဲသီးနှံတို့ ပျက်ဆီး၍ လူတို့၌ အစာရေစာ ရှားပါး ငတ်မွတ်ခြင်း ဖြစ်လတ္တံ့။

- - - - -- - - - -- - - - - -
(၂) နုနယ်သေးငယ်စွာသော အပင်တို့သည် ပွင့်ကြ သီးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ ဆုတ်ယုတ်သောကာလ လူတို့ အသက်တမ်း တိုသော ကာလ၌ ယောင်္ကျား မိန်းမတို့သည် ထက်သန် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ငယ်ရွယ်စဉ် အခါ၌ပင် အိမ်ထောင်ပြုခြင်း၊ သားမွေးခြင်း တို့ကို ပြုကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၃) နွားမကြီးတို့သည် မိမိတို့ မွေးစဖြစ်သော နွားမငယ်တို့၏ နို့ကို စို့သည်ဟု မြင်မက်ပါသည်။
နောင်အခါ ကြီးသောသူတို့အား အရိုအသေပြုခြင်း ပျောက်ကွယ်သော ကာလ၌ အမိအဖ၊ ယောက္ခမ စသူတို့သည် ကိုးကွယ်ရာ မရှိကုန်သည် ဖြစ်သဖြင့် မိမိတို့၏ သားသမီး၊ သားမက်၊ ချွေးမ စသူတို့ထံ၌ ကပ်ရပ်၍ ငြိုငြင် ညှိုးငယ်စွာ အသက်မွေးရကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၄) လှည်းတို့၌ ဝန်ကို ဆောင်နိုင်သော နွားကြီးတို့ကို မကမူ၍ နွားငယ်တို့ကိုသာ ကစေကုန်၏။ နွားငယ်တို့လည်း ဝန်ကို မနိုင်၍ လှည်းတို့ကိုလည်း ဆွဲခြင်းငှာ မတတ်နိုင်သည်ကို မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အသက်ကြီး ဝါကြီး ပညာရှိကုန်သော သူတို့အား အမတ်၊ တရားသူကြီး စသော ရာထူးစည်းစိမ်တို့၌ မခန့်ထားမူ၍ အသက်၊ ဝါ၊ ပညာ ငယ်ကုန်သော လူငယ်တို့အားသာ ခန့်ထားကြလတ္တံ့။ ထိုအခါ အခွင့်အရေးမသိ၊ မတော် မမှန်ဖြစ်၍ အမှု မပြီး၊ အကျိုးမပြီး ရှိသောအခါ လူငယ်တို့သည် မိမိတို့၏ ရာထူး စည်းစိမ်ကို စွန့်ကြလတ္တံ့။ လူကြီးတို့သည်လည်း ငါတို့မှာ ပြင်ပကသာ ဖြစ်၏ဟု လျစ်လျှုပြု၍ နေကြလကုန်လတ္တံ့။ သို့ဖြစ်၍ တရားမစောင့် အမှုမပြီးကြသည်နှင့် မင်းနှင့်တကွ တိုင်းပြည်ပါ ဆုတ်ယုတ် ပျက်ဆီးကြလတ္တံ့။

- - - - -- - - - -- - - - - -
(၅) ခံတွင်း နှစ်ခုရှိသော မြင်းသည် ကျွေးလာသော မုယောစပါး စသည်တို့ကို ခံတွင်းနှစ်ခုဖြင့်ပင် စားသည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့လက်ထက်၌ တရားမစောင့်သော တရားသူကြီးတို့သည် နှစ်ဖက်သော အမှုသည်တို့မှ ပေးသော တံစိုးလက်ဆောင်တို့ကို စား၍ အမှုတို့ကို မမှန်မကန် ဆုံးဖြတ်ကြကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၆) အဖိုးတသိန်း ထိုက်သော ရွှေခွက်ကို မြေခွေးဖိုအား ကျင်ငယ်စွန့်ရန် ပေး၏။ မြေခွေးလည်း ထိုရွှေခွက်၌ ကျင်ငယ်စွန့်သည်ဟု မြင်မက်ပါသည်။
နောင် တရားမစောင့်သော မင်းတို့ လက်ထက်၌ အမျိုးမြတ်သော သူတို့သည် အချီးအမြှောက် မခံရ၊ ဆင်းရဲကြ၍ အမျိုးယုတ်သော သူတို့ အစိုးတရ ကြွယ်ဝ ချမ်းသာကြလတ္တံ့။ ထိုအခါ အမျိုးမြတ်တို့ အသက် မွေးခြင်းငှာ မတတ်နိုင်ကုန်သည် ဖြစ်၍ မိမိတို့ သမီးတို့ကို အမျိုးယုတ်တို့အား ပေး၍ အသက်မွေး ကြကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၇) တယောက်သော ယောင်္ကျားသည် အင်းပျဉ်၌ ထိုင်လျက် လွန်ကို ကျစ်၍ ခြေရင်း၌ ထား၏။ ထို အင်းပျဉ်အောက်၌ရှိသော ဆာလောင်သော မြေခွေးမသည် ထိုယောင်္ကျား မသိစဉ်လျှင် ထိုလွန်ကို စား၏ ဟု မြင်မက်ပါသည်။
နောင်အခါ မိန်းမတို့သည် အစားအသောက်၊ အဝတ်၊ အနေအထိုင် စသည်တို့၌ လော်လည်ခြင်း ရှိ၍ မိမိတို့ လင်ယောင်္ကျားသည် ဆင်းရဲငြိုငြင်စွာ ရှာဖွေ စုဆောင်းအပ်သော ဥစ္စာ ပစ္စည်းတို့ကို အဝတ်အစား၊ အစားအသောက် တို့၌ လည်းကောင်း၊ သောက်စား ကစားခြင်းတို့၌ လည်းကောင်း၊ အပျော်အပါးတို့၌ လည်းကောင်း၊ သဘောက် လင်ငယ်ထားခြင်း တို့၌ လည်းကောင်း အရမ်းမဲ့လျှင် ဖြုန်းတီးလေလတ္တံ့။ ခွေးမသည် မသိ စဉ်းစား သကဲ့သို့ အိမ်သူ မိန်းမတို့သည် ဤသို့ တိတ်တဆိတ် ဖြုန်းတီး ခိုးစားကြလတ္တံ့။

- - - - -- - - - -- - - - - -
(၈) ရေမရှိသော အိုးတို့ဖြင့် ခြံရံအပ်သော ရေပြည့်အိုးကြီး တလုံးကို မြင်ရ၏။ လူတို့သည် အရပ် ၈ မျက်နှာမှ ရေကို ယူလာကြ၍ ထိုရေပြည့်အိုးကြီး အတွင်းသို့သာလျှင် လောင်းထည့် ကြ၏။ လောင်းထည့်သော ရေတို့သည် ပြည့်လျှံ၍ ကျကုန်၏။ ဤသို့လျှင် အဖန် တလဲလဲ ရေပြည့်အိုးသို့သာ လောင်းလျှက် ရေမရှိသော အခြံအရံ အိုးတို့ အတွင်းသို့ကား မည်သူမျှ မလောင်း မထည့်ပဲ နေသည်ကို မြင်မက်ပါသည်။
နောင်အခါ မကောင်းသော မင်းတို့ လက်ထက်၌ မင်းနှင့်တကွ လူတို့ တရားပျက်ကွက်၊ သြဇာညံ့ဖျင်း၊ ဆင်းရဲခြင်းသို့ ရောက်ကြကုန်လတ္တံ့။ ထိုအခါ မင်းအစိုးရတို့သည် ဆင်းရဲသားတို့အား မင်း၏ အကျိုးစီးပွား အတွက်ကိုသာ လုပ်ကိုင်စေအံ။ ဆောင်ရွက် စေအံ။ ထမ်းရွက်စေအံ။ သို့ဖြစ်ရကား မင်းတို့၌သာ ပြည့်စုံ အကျိုးခံစားကြရ၍ ဆင်းရဲသားတို့မှာ ရေမရှိသော အိုးတို့ပမာ တစုံတရာ မရှိ ငတ်မွတ် ခေါင်းပါးခြင်းသို့ ရောက်ကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၉) နက်ရှိုင်း ကျယ်ဝန်းသော ရေကန်ကြီး တခုတွင် သတ္တဝါတို့ ဆင်း၍ ရေသောက်ကြ၏။ ကန်၏ အလယ် ရေနက်ရာ၌ ရေသည် နောက်၍ ကန်နားဝန်းကျင် ရေတိမ်ရာ သတ္တဝါတို့ နင်းရာ၌ ရေသည် ကြည်လင်၏ဟု မြင်မက်ပါသည်။
နောင်အခါ တရားမစောင့်သော မင်းတို့သည် မတရား အုပ်စိုးခြင်း၊ တံစိုးစားခြင်း၊ လော်လည်ခြင်း၊ သနားညှာတာ ဂရုဏာ မဲ့ခြင်း၊ ကြမ်းကြုတ် ရက်စက်ခြင်းတို့ ရှိလျှက် လူတို့အပေါ်၌ အထူးထူး အပြားပြားသော အချင်းအရာဖြင့် အခွန်အတုတ်တို့ကို ခွဲခန့် ကောက်ယူလတ္တံ့။ ထိုအခါ လူတို့မှာ တစ်စုံတစ်ရာ မပေးဆောင်နိုင် ပင်ပန်းဆင်းရဲလျက် မြို့ကြီးရပ်ကြီးတို့၌ မနေနိုင်ပဲ ရပ်စွန် ပြည်နားသို့ သွားရောက်နေကြရသည် ဖြစ်လတ္တံ့။ ကန်အလယ်တွင်နောက်၍ ကန်ဘေးတွင် ကြည်သကဲ့သို့ မြို့လယ်ရွာလယ်၌ တိတ်ဆိတ်၍ ရပ်စွန်ပြည်နား၌ လူစည်ကားလတ္တံ့။

- - - - -- - - - -- - - - - -
(၁၀) တစ်လုံးတည်းသော အိုးဖြင့် တချိန်တည်းချက်သော ထမင်းသည် အချို့ပျော့၏၊ အချို့ မနပ်၊ အချို့နပ်၏။ ဤသို့ မြင်မက်ပါသည်။
နောင် တရား မစောင့်သော မင်းတို့ လက်ထက်၌ မိုးကွက်ကြား ရွာလတ္တံ့။ ထိုအခါ အချို့နေရာ၌ မိုးရွာလွန်း၍ ကောက်ပဲသီးနှံ ပျက်အံ။ အချို့နေရာ၌ မရွာ၍ ပျက်အံ။ အချို့နေရာ တွင်ကား မိုးမှန်၍ ကောင်းအံ။ ဤသို့လျှင် ထမင်းအိုးတွင် မြင်သော ထမင်းကဲ့သို့ ကောက်ပဲသီးနှံ သုံးထွေ ပြားလတ္တံ့။

- - - - -- - - - -- - - - - -
(၁၁) အဖိုးတသိန်းထိုက်သော စန္ဒကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစားသည်ကို မြင်မက်ပါသည်။
နောင်အခါ ငါဘုရား၏ သာသနာတော် ဆုတ်ယုတ်သော ကာလတွင် လော်လည်၍ လာဘ်လာဘကို မက်မော ကုန်သော ရဟန်းအလဇ္ဇီ လူအလဇ္ဇီတို့သည် ဆွမ်း၊ ဆေး၊ ကျောင်း၊ သင်္ကန်း ဥစ္စာပစ္စည်း စသည် တို့ကို အလိုရှိကုန်သည် ဖြစ်၍ လမ်းခရီးဆုံ၊ အိမ်ဝ၊ အိမ်ကြို အိမ်ကြားတို့၌ ငါဘုရား၏ တရားတော်ကို ဟောကြားလတ္တံ့။ နိဗ္ဗာန် အလို့ငှာ ဟောတော် မူအပ်သော အလွန် မွန်မြတ်သော တရားတော်ကို တစ်ပဲ၊ တစ်မူး၊ တစ်ကျပ် စသည်တို့ အကျိုးငှာ ရောင်းစား ဟောပြော ကြသည် ဖြစ်၍ တသိန်းထိုက်သော စန္ဒာကူးနှစ်ကို ယက်တက်ပုပ်ရည်ဖြင့် ရောင်းစား သကဲ့သို့ ဖြစ်ကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၁၂) ဘူးတောင်းတို့သည် ရေ၌ နစ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ကိုသာ ရာထူး စည်းစိမ် ပေးသည် ဖြစ်၍ အမျိုးယုတ်တို့ တန်ခိုး အာဏာ ကြီးမား ထင်ပေါ် အရာရာတွင် တွင်ကျယ်လျက် ၄င်းတို့ စကားသာလျှင် ဘုးတောင်း နစ်သကဲသို့ နစ်၍ တည်ကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၁၃) ကျောက်ဖျာကြီး ရေတွင်ပေါ်သည်ဟု မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ တော်မှန် လိမ္မာ ပညာရှိသော သူတို့၏ စကားသည် မည်သည့် အရာ၌ မဆို လေးသော ကျောက်ဖျာ ရေတွင် ပေါ်သကဲ့သို့ နစ်တည် ခြင်းမရှိ၊ မခိုင်မမြဲ ရှိကြကုန် လတ္တံ့။

- - - - -- - - - -- - - - - -
(၁၄) ဖားငယ်မ တို့သည် ကြီးစွာသော မြွေဟောက်ကြီးများကို စားမြိုသည်ဟု မြင်မက်ပါသည်။
နောင်အခါ လူတို့သည် ပြင်းသော ရာဂ ရှိကုန်သည် ဖြစ်၍ ကိလေသာ အလိုသို့ လိုက်လျက် ငယ်ရွယ်ကုန်သော မယားတို့၏ အလိုသို့ လုံးဝ လိုက်ကြကုန် လတ္တံ့။ အလုပ်အကိုင်မှု၊ ဥစ္စာ ပစ္စည်းမှု၊ ကျေးကျွန်မှု၊ စီမံခန့်ခွဲမှု စသော အရပ်ရပ်တို့၌ လင်ပေါ်တွင် လွှမ်းမိုး အုပ်စိုးခြင်းကို ပြုကြမည် ဖြစ်ရကား ဖားငယ်မသည် အဆိပ်လျင်သော မြွေကို စားမျိုသကဲ့သို့ ဖြစ်ကုန်လတ္တံ့။

- - - - -- - - - -- - - - - -
(၁၅) မည်းနက် ရုပ်သွင်၊ အဆင်း ဆိုးဝါးသော ကျီးတို့ကို ရွှေ၏ အဆင်းနှင့် တူသော ရွှေဟင်္သာ တို့က ခြံရံ နေကြသည်ကို မြင်မက်ပါသည်။
နောင်အခါ အားနည်းသော မင်းတို့ လက်ထက်၌ ထိုမင်းတို့သည် ဆင်စီး မြင်းစီး စသော အတတ်တို့၌ မလိမ္မာ၍ စစ်ထိုးခြင်း၌ မရဲရင့်ဘဲ ဖြစ်ကြကုန်လတ္တံ့။ ထိုအခါ တိုင်းပြည် နိုင်ငံ ဆုံးရှုံးမည်ကို စိုး၍ တူသော ဇာတ်ရှိသော သူကောင်းသား တို့အား အစိုးရခြင်းကို မပေးမူ၍ မိမိတို့ထံ၌ ခစား ကြကုန်သော အမျိုး ယုတ်သော ကျေးကျွန်တို့အားသာ ပေးကုန်လတ္တံ့။ သို့ဖြစ်၍ အမျိုးကောင်းသားတို့ ကိုးကွယ်ရာ မရှိပဲ အစိုးရခြင်း၌ တည်ကုန်သော အမျိုးယုတ်တို့ထံ၌ ခစားကြကုန် လတ္တံ့။

- - - - -- - - - -- - - - - -
(၁၆) ဆိတ်တို့သည် သစ်ကို သတ်စားကြသဖြင့် သစ်တို့သည် ကြောက်လန့်လျက် ဆိတ်တို့ကို အဝေးမှ မြင်လျှင်ပင် တောချုံရှိရာသို့ ပြေးကြသည်ကို မြင်မက်ပါသည်။
နောင်အခါ တရား မစောင့်သော မင်းတို့ လက်ထက်၌ အမျိုးယုတ်သော သူတို့ အစိုးရ ကုန်သည် ဖြစ်၍ အမျိုးမြတ်သူတို့ မထင်ရှား ဖြစ်လတ္တံ့။ အမျိုးယုတ် သူတို့မှာ မင်းကျွမ်းဝင်သည် ဖြစ်၍ တရားရုံးတို့၌ သြဇာအာဏာ လွှမ်းမိုးလျက် အမျိုးမြတ်သူတို့၏ ဘိုးဘပိုင် လယ်မြေ ဥစ္စာ အရပ်ရပ်တို့ကို ငါတို့ လယ်မြေဥစ္စာ ဖြစ်သည်ဟု သိမ်းယူကြ၍ တရားတဘောင် ဖြစ်လျှင် တန်ခိုးမဲ့သူတို့အား ဖိနှိပ်ပုတ်ခတ် ခြိမ်းခြောက် နှင်ထုတ်လျက် အနိုင်ကျင့် ကြကုန်လတ္တံ့။ ထိုအခါ အမျိုးမြတ်သူတို့ ကြောက်လန့် စက်ဆုတ်ကုန်သည် ဖြစ်၍ လယ်ယာ ဥစ္စာတို့ကို ပေးအပ်ကုန်လျက် အိမ်သို့ပြန်၍ အိပ်နေကြကုန်အံ။ ထိုမှ တပါးလည်း အကျင့်သီလရှိသော ရဟန်းတို့သည် အကျင့်သီလမဲ့သော ရဟန်းတို့က ချုပ်ချယ် ဖိနှိပ်ကြလေသဖြင့် တောသို့ ပြေးဝင် ပုန်းအောင်း ကြကုန်လတ္တံ့။ ဤသို့လျှင် အမျိုးကောင်း၊ သူတော်ကောင်း တို့လည်း လွတ်ရာ ကျွတ်ရာ တောတောတောင်တောင် တို့ကို ပြေးပုန်း ကြကုန်လတ္တံ့။

Birthday ceremony

pandavamsa's  album on Photobucket

ဆရာတော်ကြီး၏ မွေးနေ့အလှူတော်

pandavamsa's Srimingalar album on Photobucket

ရှင်ဉာဏိဿဿရ ရဟန်းခံ