လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့

နန္ဒာလှစေတီတော်

Saturday, April 3, 2010

ထိုင်းနိုင်ငံထေရ၀ါဒဖြစ်စဉ်

ထိုင်းနိုင်ငံသည် ခေတ်ဦးကာလ ထိုင်းလူမျိုးများ၏ နေရာမဟုတ်ပေ။ မွန်လူမျိုးတို့အခြေစိုက်ခဲ့သော နိုင်ငံဖြစ်သည်။ မွန်လူမျိုးတို့သည် ယ္ခုထိုင်းငံနိုင်ငံရာ၌ မွန်ပြည်ထောင် ၂ ခုကိုတည်ထောင်ခဲ့ကြသည်။ တောင်ပိုင်းမွန်နိုင်ငံကို ဒွါရ၀တီဟုခေါ်သည်။ မြီု့တော်မှာ လော့ပူရီ (လ၀ပူရ) ဖြစ်သည်။ ထိုလော့ပူရီမြီု့ သည် ယ္ခုတိုင် ဘန်ကောက်မြီု့တော်၏မြောက်ဘက် မဲနမ်မြစ်ကမ်းပေါ်၌တည်ရှိသည်။ မြောက်ပိုင်း နိုင်ငံကို ဟရိဘုဉ္ဇဟုခေါ်သည်။ မြီု့တော်မှာ လင်ဖုန်းဖြစ်သည်။ ထိုမြီု့မှာလည်းဇင်းမယ်မြီု့တော်တောင် ယွန်း၌ ယ္ခုတိုင်အောင်တည်ရှိနေပါသေးသည်။ ဒွါရ၀တီနိုင်ငံသည် အေဒီ ၇၀၀ ခုနှစ်တွင် တန်ခိုးအကြီး မားဆုံးသောကာလဖြစ်သည်။ အေဒီ ၁၀ ရာစုကျော်လောက်တွင် ကမ္ဘောဒီယား ခေါ် ခမာတို့လာ ရောက်တိုက်ခိုက်သောကြောင့် မွန်နိုင်ငံပျက်ဆီးခဲ့ရသည်။ ခမာလူမျိုးတို့သည် ထိုင်းနိုင်ငံအလယ်ပိုင်း အထိစိုးမိုးအုပ်ချုပ်နေကြသည်။ ထိုကြောင့်လောပူရီမင်းသမီး ချာမဒေ၀ီသည် အင်အားသစ်များစုရုံး၍ ဟရိပုဉ္ဇယနိုင်ငံကိုပြန်လည်တည်ထောင်ခဲ့သည်။ ထိုအချိန်တွင် တရုပ်ပြည်အနောက်ပိုင်းမှ ထိုင်းလူမျီုး တို့သည် တောင်ဘက်သို့တဖြည်းဖြည်း ရွှေ့ဆင်းလာကြသည်။ ထိုင်းလူမျိုးတို့သည် ၁၁ ရာစုလောက် တွင် ကမ္ဘောဒီးယားခေါ် ခမာတို့အုပ်ချုပ်ရာနေမြေသို့ရောက်ရှိလာကြသည်။
ထိုစဉ်ကထိုင်းလူမျိုးတို့သည် အုပ်စိုးသူတို့ခမာတို့ကိုးကွယ်သော မဟာယာနဗုဒ္ဓဘာသာနှင့် ဗြဟ္မဏ ဘာသာကိုသာကိုးကွယ်ကြသည်။ ထိုကြောင့်ထိုင်းလူမျိုးတို့အပေါ်၌ မဟာယာနဗုဒ္ဓဘာသာနှင့်ဗြဟ္မဏ ယဉ်ကျေးမူ့များလွှမ်းမိုးခံခဲ့ရသည်။ ယ္ခုတိုင်ထိုင်းတို့၏ဓလေ့ထုံးစံနှင့်ပွဲလမ်းသဘင်အခမ်းနားများတွင် မဟာယာနနှင့် ဗြဟ္မဏယဉ်ကျေးမူ့အငွေ့အသက်များလွှမ်းမိုးနေဆဲဖြစ်သည်။ 

ထိုင်းနိုင်ငံတည်ထောင်ခြင်း
ခရစ် ၁၃ ရာစုအလယ်ပိုင်းလောက်ရောက်သောအခါထိုင်းလူမျိုးတို့သည်အင်အားကောင်းလာသဖြင့် ကမ္ဘောဒီယားတို့အားတိုက်ထုတ်လိုက်ကြသည်။ ဟရိပုဉ္ဇယနိုင်ငံကိုလည်းဖျက်ဆီး၍သိမ်းပိုက်လိုက် ကြသည်။ ထိုင်းလူမျိုးတို့သည်မြောက်ပိုင်း၌ လန်နာ(Lanna) နိုင်ငံကိုလည်းကောင်း၊ အလယ်ပိုင်း၌ ဆူခိုထိုင်း(Sukhothai) နိုင်ငံကိုလည်းကောင်းတည်ထောင်လိုက်ကြသည်။ ထိုအချိန်မှစ၍ထိုင်းနိုင်ငံဟု ထင်ရှားပေါ်ပေါက်လာလေသည်။ ထိုင်းလူမျိုးတို့သည် လန်နာနှင့်ဆူခိုထိုင်း ၂ နိုင်ငံကိုတည်ထောင် ပြီးသည့်နောက်တွင် ထိုင်းဘုရင်တို့သည် သီရိလင်္ကာသို့ ရဟန်းတော်များကိုစေလွှတ်၍ ပညာသင်ယူ စေခဲ့သည်။ သီရိလင်္ကာနိုင်ငံမှလည်း ပညာတတ်ရဟန်းတော်များကိုပင့်ဆောင်၍ ထိုင်းနိုင်ငံ၌ထေရ၀ါဒ သာသနာပြုစေခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ခဲ့ကြသဖြင့် ကမ္ဘောဒီယားလက်အောက်ခံဘ၀က ခံယူခဲ့ရ သော မဟာယာနနှင့်ဗြဟ္မဏအယူဝါဒများတဖြည်းဖြည်းမှေးမိန်ပြောက်ကွယ်လာခဲ့သည်။ နောက်ပိုင်း တွင် ထေရ၀ါဒကလွှမ်းမိုးလာပြီး ထေရ၀ါဒဗုဒ္ဓဘာသာသည်သာလျှင် နိုင်ငံတော်ဘာသာအဖြစ်သို့ ရောက်ရှိလာလေသည်။ ခရစ်နှစ်၁၉ရာစုအလယ်ပိုင်းလောက်တွင်အုပ်စိုးသောမောင်းကွတ်(Mongkyt) သည်ဘုန်းကြီးသော မင်းတပါးဖြစ်သည်။ ထေရ၀ါဒဗုဒ္ဓဘာသာကိုလည်းအလွန်ရိုသေသောသူဖြစ် သည်။ မောင်းကွတ်ဘုရင်သည် သာသနာတော်သန့်ရှင်းစေရန်နှင့် ၀ိနည်းစည်းကမ်းများကိုလိုက်နာ စေရန်အတွက် ထမယုတ်ခေါ်သော ဓမ္မယတ္တိဂိုဏ်းကိုစတင်တည်ထောင်သည်။ ထိုအချိန်မှစ၍ ထိုင်းနိုင်ငံ၌
(၁) ထမယုတ်ဂိုဏ်း (ဓမ္မယုတ္တိဂိုဏ်း)
(၂) မဟာနီကိုင်ဂိုဏ်း(မဟာနိကာယဂိုဏ်း) ဟူ၌ဂိုဏ်းကြီး ၂ ဂိုဏ်းဖြစ်ပေါ်လာလေသည်။

No comments:

Post a Comment

Birthday ceremony

pandavamsa's  album on Photobucket

ဆရာတော်ကြီး၏ မွေးနေ့အလှူတော်

pandavamsa's Srimingalar album on Photobucket

ရှင်ဉာဏိဿဿရ ရဟန်းခံ