ကွာလာလမ်ပူမြီု့၊ ညောင်ကန်အေး သာသနာ့ရိပ်သာကျောင်း
သီရိလင်္ကာမှမြန်မာပြည်သို့အပြန်တွင်မလေးရှား၌ တထောက်နားကာ တလဗိဇာယူလျက် လည် ပတ်ခဲ့သည်။ ကွာလာလမ်ပူမြီု့တော်ရှိ ညောင်ကန်အေးသာသနာရိပ်သာကျောင်းတိုက်တွင် သင်္ကြန်တွင်းနေလျက် သင်္ကြန်ကျော်သောအခါ ပီနန်မြီု့သို့သွားရောက်လာပတ်ခဲ့သည်။
လမ်းတွင်ဗုဒ္ဓဘာသာမလေးရှား တရုတ်ဒကာမကြီးတယောက်နဲ့ကြုံခဲ့သည်။ ထိုဒကာမကြီးမှစားရေးသူတို့အဖွဲ့အားလုံး ၅ပါးကိုဆွမ်းဟင်းနှင့် မုန့်များကိုလျှဒါန်းသည်။ အလျှုရှင်ဒကာမကြီးမှာအသက် ၈၀နှစ်ရှိသော်လည်း ကျန်းမာသန်စွမ်းလျက်ရှိတုန်း ပင်ရှိသေးသည်။ အင်္ဂလိပ်စကားမတတ်သောကြောင့်ကားပေါ်တွင် ပါလာသောမွန်လူမျိုးမောင်ဥာဏ်မွန်မှ စကားပြန်လုပ်ပေးသည်။ မောင်ဥာဏ်မွန်သည် မလေးရှားနိုင်ငံတွင်အလုပ်လုပ်နေသောလူငယ်လေးတယောက်ဖြစ်သည်။ မလေးရှားရောက်သည်မှာ ၆နှစ်ရှိပြီဖြစ်သောကြောင့် တရုတ်စကားအနည်းငယ်နှင့် မလေးးစကားကိုကောင်းစွာ ပြောနိုင်သောလူငယ်လေးဖြစ်သည်။ သူပါလာသောကြောင့်စာရေးသူတို့အဖွဲ့ အဆင်ပြေခြင်းဖြစ်သည်။ ပီနန်မြီု့လေးကိုတခါမှမရောက်ဘူးသော စာရေးသူတို့အဖွဲ့ကိုတည်းခိုမည့်ကျောင်းရောက်အောင် လိုက်ပို့သည်။
မလေးရှားရောက်မွန်လူမျိုး မောင်ဥာဏ်မွန်
ပီနန်မြီု့လေးသည် သာယာလှပသော ကျွန်းမြီု့လေးဖြစ်သည်။ အသွားတွင်ပီနန်မြီု့လေးကို ဇက်ဖြင့်ဖြတ်ကူးခဲ့သည်။ ညနေဆည်းဆာအရိပ်သည် ပင်လယ်ပြင်တွင်ထင်ဟပ်လျက်မြီု့အလှ နှင့်ပဏာတင့် လျက်ရှိသည်။
ပီနန်မြီု့ရေလက်ကြား၏ဆည်းဆာအလှ
ထိုမှတဆင့်ကားငှါးကာ ဓမ္မိကာရာမမြန်မာကျောင်းတိုက်သို့သွားကြသည်။ ဆရာတော်ကြီးကို ဦးချဖူးမျော်ကာ အိပ်စက်အနားယူမည့်ကျောင်းဆောင်သို့သွားကာအနားယူကြသည်။ မိမိတို့ ထက်အရင် သီရိလင်္ကာမှ သူငယ်ချင်းရဟန်းတော်များ။ စင်္ကာပူမှကူးလာသော မြန်မာပြည်မှ ဆရာတော် ၃ပါးနှင့် ဒကာ၊ဒကာမကြီးလင်မယား ၂ယောက်ရောက်နေကြသည်။
သည်နေ့မနက်တွင်စာရေးသူတို့လူစုနဲ့ စင်္ကာပူမှလာသော ဆရာတော်များ ဒကာ၊ ဒကာမများနဲ့အတူကား ၂စီးဖြင့်လျောက်လည်ကြသည်။ ဖူးမျော်ကြည်ညိုစရာစေတီမရှိ လည်ပတ်စရာကြည်စရာ ကမ်းခြေများ၊ တရုတ်ဘုံကျောင်းများသာရှိသည်။
No comments:
Post a Comment