ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချည်
နေချည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။
သည်ကဗျာလေးကိုစာရေးသူသဘောကျမိသည်။ စာသင်ကျောင်းကိုဥယျာဉ်သဖွယ်တင့်စား၍ စာသင်သားကလေးငယ်များအား ပန်းကလေးများနှယ်ဖွဲ့ဆိုထာသည်မှာ ရသမြောက်လှပေသည်။ သို့သော်ပန်းကလေးများပျိုးထောင်သူဥယျာဉ်မူးမပါဖြစ်နေပါသည်။ စာရေးသူကဥယျာဉ်မူးနေရာက ထပ်ဖြည့်ချင်ပါသည်။
ဥယျာဉ်မူးတို့ ပြုံးပျော်ရွှင်
ပန်းတွေကြည်၍ပင်
ရွှေရင်မှာ ပီတိလောင်း
ငါတို့ဆရာအပေါင်း။
ဥယျာဉ်မူးတို့မည်သည် မိမိတို့ စေတနာ ၀ါသနာ အနစ်နာ မေတ္တာ ကရုဏာတည်းဟူသော သြဇာပြည့်ဝအာဟာရတို့ဖြင့်စိုက်ပျိုးခဲ့ရသော ပန်းကလေးတို့ဖူးဝေစီလာပြီဆိုလျှင် အမောတွေပြေ ပြုံးပန်းတွေဝေနေကြသည်သာဖြစ်သည်။ ဆရာဆိုသည်မှာသည်နှယ်မခြားအလားတူပါပေစွ။ မိမိ တပည့် လေးများအောင်ပန်းတွေဆင် ဆုတွေချယ်သ ပဏာရနေသည်ကိုမြင်ရပါလျှင် ဆရာရွှေရင် ပီတိတွေဝင်ပြီး ဖရဏာပီတိဂွမ်းဆီထိနှယ်ဖြစ်ရပါတော့သည်။
စာရေးသူသည်လည်း ပန်းကလေးများစိုက်လာသည်မှာ ၃နှစ်ပြည့်တော့မည်ဖြစ်ပါသည်။ သောတုဇန စာသင်သားရှင်ငယ်လေးများ ကျောင်းသားကလေးများတည်းဟူသော ပန်းကလေးတို့ သည်ဖူးပွင့်ဝေဆာစပြုလာနေပြီဖြစ်ပါသည်။ ကဗျာလေးထဲကလို ဖူးတံဝင့်လို့ချီလာနေပါပြီ။ သည်ပန်းကလေးတို့သည် ပွင့်ကြည့်ပေတော့မည်။ လောကကို အလှဆင်ကြတော့မည်။ လောကကို ကောင်းကျိုးပြုကြပေတော့မည်။ စာရေးသူတို့ဥယျာဉ်မူးများမှာ စိုက်ပျိုးရုံသက်ဖူးပွင့်ရုံသက်သက်ပါ တည်း။ သည်ပန်းကလေးများအပေါ်၌အကျိုးတရားကိုမမျော်ကိုး ကိုယ်အတွက်ကိုမငဲ့ကွက် လောက အတွက်သာဖြစ်ပါ၏။
သာသနာတော်အတွက် လောကလူသားအားလုံးအတွက်စိုက်ပျိုး ပြုစုပျိုးထောင် ရေလောင်း
ပေါင်းသင်နေကြခြင်းဖြစ်ပါသည်။
ရွှေရင်မှာ ပီတိလောင်းပြီး ငါတို့ဆရာအပေါင်း ဆိုသကဲ့သို ရာသီတွေဘယ်လို ပြောင်းပြောင်း ပန်းကလေးတွေတပွင့်ပြီးတပွင့် ဖူးပွင့်ဝေစီ လောကကိုအလှ ဆင်နေကြပါစေ ဆရာစေတနာ ဆရာမေတ္တာကတော့ မခန်းသောစမ်းရေ အေးမြစေသောကရုဏာ ရေစင်တို့ဖြင့်အစဉ် ထာဝရဖြန်းပက်နေမည်မှာဆရာတိုင်းသာဖြစ်ပါသည်။
စာသင်ပျိုနု သောတုဇနတို့အခြေပြုရာ သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်၊ ကွင်းကောက်မြို့၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
Wednesday, February 13, 2013
Subscribe to:
Post Comments (Atom)
Birthday ceremony
ဆရာတော်ကြီး၏ မွေးနေ့အလှူတော်
Wednesday, February 13, 2013
ဥယျာဉ်မူးများသို့

I was born in bottom region, Myanmar. Now I live in Sri Lanka to study the Buddhist literature and others.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment