ဆရာဘုန်း(ဓါတု)သည် ပုသိမ်မြို့စာပေဟောပြောပွဲ၌ ဆန်ကျင်ဘက်ဖိနပ်တရံအကြောင်း ဟောပြောသွားသည်မှာ အလွန်မှတ်သားစရာကောင်းပါသည်။ ဆရာပြောသည်မှာ လူတိုင်းစီးနေသော ဖိနပ်သည် ဘယ်ဘက်နှင့်ညာဘက်တို့သည် ဆန်ကျင်ဘက်ဖြစ်ကြသည်။ သို့သော် ဆန်ကျင်ဘက်ဖြစ် သော်လည်း တဘက်ကပြတ်သွားသော်လည်းကောင်းပျောက်သွားသော်လည်းကောင်း အခြား တဘက်သည်တန်ဖိုးမရှိတော့ပေ။ ဆန်ကျင်ဘက်ဖြစ်သော်လည်း ဘယ်ဘက်နှင့်ညာဘက်သည်အပြန် အလှန်ကျေးဇူးပြုနေကြသည်။ ဆန်ကျင်ဘက်ဖြစ်တိုင်းရန်သူမဟုတ်၊ ဆန်ကျင်ဘက်ကြောင့် မိမိနှင့် သူပါတန်ဘိုးရှိနေသည်။ ဆရာဟောပြောချက်ကထိမိလှပေသည်။
ထိုအတူအတ္တအကြောင်းကိုပြောရာ၌လည်း ချိုးငှက်ကလေးများကိုသာဓကပြု၍ပြောသွားပါ သည်။ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင်ဆရာသည် စာပေဟောပြောပွဲအတွက်နေထိုင်စဉ် သူကိုယ်တွေ့ကို ပြောသွားပါသည်။ အေးခဲလှသောဆောင်းရာသီတွင် ဆရာတည်းခိုသော အဆောင်ရှေးတွင် ချိုးငှက် ကလေး ၇ကောင်အမတန်အေးလှသောဆောင်းရာသီဒဏ်ကိုမခံနိုင်သောကြောင့် ပြုတ်ကျနေပါသည်။ ဆရာသည် ထိုချိုးငှက်ကလေး ၇ ကောင်အားကောက်ယူလျှက်အာငွေ့ပေးလိုက်ပါသည်။ ထိုအခါထို ၇ ကောင်ထဲမှ သုံးကောင်အသက်ရှင်ပြီး လေးကောင်သေဆုံးသွားပါသည်။ ထိုအသက်ရှင်သော ချိုးငှက် သုံးကောင်လုံး၏အတောင်အောက်တွင် စာကလေးငှက်ကဲ့သို့ငှက်သေးသေးတို့တွေ့လိုက်ပါသည်။ ဆရာအတွက်ထူးဆန်းနေ၍ စာပေဟောပြောပွဲမှအပြန်တစ်ညတွင် ဆရာသည် ချိုးငှက်များအိပ်သော သစ်ကိုင်းအားကြည့်ရာတွင် ချိုးငှက်တို့၏အတောင်အောက်သို့ငှက်သေးသေးတို့အတင်းတိုးဝင်နေ သည်ကိုတွေ့ရပါသည်။ တချို့ချိုးငှက်တို့သည် ငှက်သေးသေးလေးတို့အ၀င်မခံဘဲအတောင်နှင့်ပုတ် လွတ်ပါသည်။ တချို့ချိုးငှက်တို့သည် အတောင်လေးဖြန့်ပေးကာငှက်ကလေးတို့အတောင်အောက်မှာ အိပ်စေပါသည်။ ချိုးငှက်၏ကိုယ်ငွေ့ ငှက်ကလေးတို့၏ကိုယ်ငွေ့တို့ဖြင့်ရာသီဥတုဒဏ်ကိုရင်ဆိုင်ကြပါ သည်။ ငါအတောင်ထဲမ၀င်နဲ့ဆိုပြီးအတောင်နှင့်ပုတ်ထုတ်သော အတ္တကြီးသောချိုးငှက်တို့သည် သေကြပါသည်။ အသက်ရှင်သောချိုးငှက်လေးသုံးကောင်သည် ငှက်ကလေးတို့အားအတ္တမဖက်ကူညီ ခဲ့သောကြောင့်အသက်ရှင်ရသည်။ အတ္တဖက်ပြီးငှက်ကလေးတို့အားမကူညီခဲ့သော ချိုးငှက်တို့သည် သေကြရသည်။ အတ္တကြီးသောပုဂ္ဂိုလ်တို့သည်အသေစောတတ်ကြသည်ဟုဆရာကပြောဆိုသွားပါ သည်။
သူတပါးကိုကူညီလေ့ရှိသော ပရဟိတသမားတို့သည် အများမေတ္တာခံယူရသောကြောင့် အသက်ရှည်ကြသည်။ မေတ္တာရေစင်ဖြင့်သွန်းလောင်းခံရသောသူတို့အတွက်ထာဝရ့အေးချမ်းရပါ သည်။ သူတပါးကိုတန်ဘိုးထားသော ကိုယ်နှင့်တန်းတူပြုသောပုဂ္ဂိုလ်တို့သည်မှာလည်း ဂါရ၀နိဝါတ မင်္ဂလာဖြစ်နေ၍အသက်ရှည်ရပါသည်။ ရန်အပေါင်းဘေးအပေါင်းကိုအောင်မြင်ရပြန်ပါသည်။ မြတ်စွာ ဘုရားရှင်ကိုယ်တော်တိုင် မင်္ဂလသုတ်တော်၌ အတိအလင်းဟောကြားတော်မူခဲ့ပါသည်။
ဆရာဦးဘုန်း(ဓါတု)၏အတွေးအယူအဆဒဿနတို့မှာအတုယူဖွယ်လေးစားဖွယ်ကောင်းမွန်ပါ သည်။ စာရေးသူသည် စာရေးဆရာတိုင်း၏စာကိုဖတ်သော်လည်းကောင်း၊ ဟောပြောမူ့များကို ကြည့်ရူသော် လည်းကောင်း အတ္တုက္ကံသန- မိမိကိုယ်ကိုချီးမွမ်းခန်းဖွင့်လွန်းသောစာပေ ဟောပြောချက်များကို ဘ၀င် သိတ်မကျလှပေ။ အဘယ်ကြောင့်ဆိုသော် စာရေးဆရာဆိုသည်မှာ တော်ကြတတ်ကြပါသည်ဟု စာဖတ်ပရိသတ်ကလက္ခံထားပြီးဖြစ်သောကြောင့်ဖြစ်ပါသည်။
ဆရာဦးဘုန်း(ဓါတု)ကတော့ရသမျှအချိန်စာဖတ်ပရိသတ်ကြီးအား သုတရသဒဿနများကို ပေးနိုင်သလောက်ပေးသွားခဲ့ပါသည်။ ဆရာဦးဘုန်းကဲ့သို့စာဖတ်ပရိသတ်ကြီးအား ဗဟုသုတ သင်္ခန်းစာများကိုပေးစွမ်းနိုင်သော ဆရာများစွာနှင့်စာဖတ်ပရိသတ်ကြီးဆုံတွေ့ကြပါစေလို့ အာသီသ ပတ္ထနာပြုမိပါတော့သည်။
စာသင်ပျိုနု သောတုဇနတို့အခြေပြုရာ သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်၊ ကွင်းကောက်မြို့၊ အင်္ဂပူမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး
Monday, February 18, 2013
Subscribe to:
Post Comments (Atom)
Birthday ceremony
ဆရာတော်ကြီး၏ မွေးနေ့အလှူတော်
Monday, February 18, 2013
စာပေဟောပြောပွဲမှ ခံစားမူ့ရသ

I was born in bottom region, Myanmar. Now I live in Sri Lanka to study the Buddhist literature and others.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment