လူတိုင်းတွင်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့သည်ရှိကြပါသည်။ သို့သော် ထိုမေတ္တာ - ချစ်ခြင်း၊ ကရုဏာ
- သနားခြင်း၊ မုဒိတာ - ၀မ်းမြောက်ခြင်း၊ ဥပေက္ခာ - လျှစ်လျူခြင်းတို့ကို အတ္တ၊ မာန ဣဿာ၊
မစ္ဆရိယတို့ဖြင့်အစားထိုးဖြစ်တတ်ကြပါသည်။ အတ္တ မာန တို့ရှိနေသ၍ ဤကမ္ဘာလောကကြီး သည်မည်သည့်အခါမှအေးချမ်းမည်မဟုတ်ပေ။
အတ္တ
မာန တို့ကြောင့် ရယူလိုမူ့ လောဘ၊ ညှင်းဆဲသတ်ဖြတ်လိုမူ့ ဒေါသ၊ မနာလိုမူ့ ဣဿာ၊ တွေဝေမူ့
မောဟတို့သည်ဖြစ်ပေါ်လာကြတော့သည်။ ထိုတရားတို့စိုးမိုးနေသော လောကကြီးကား အနိဋ္ဌာရုံတို့လွှမ်းမိုးနေမည်သာဖြစ်ပေသည်။
သို့ဆိုလျှင် ထိုတရားတို့ကိုပယ်ဖျောက်ရန်မှာ ဗြဟ္မ၀ိဟာရ တရားလေးပါးဟုဆိုအပ်သော မေတ္တာ
ကရုဏာ မုဒိတာ ဥပေက္ခာတို့ကိုကျင့်သုံးဘို့သာဖြစ်ပါသည်။
အတ္တ-
ငါ့ကိုယ်ကို ငါချစ်သလို အခြားသောပုဂ္ဂိုလ်တို့သည်လည်း သူတို့ကိုယ်သူတို့ချစ်မည်သာ ဖြစ်မည်ဟု
ပထမအနေနဲ့စဉ်းစားစေခြင်ပါသည်။ စဉ်းစားမိသည့်နှင့် သူတပါးတို့အပေါ်၌ချစ်တတ်လာ မည်ဖြစ်ပါသည်။
ချစ်တတ်လာခြင်းသည်မေတ္တာဖြစ်ပါ၏။ ထိုမှတဆင့် ငါကိုယ်၊ ငါ့အိမ်၊ ငါ့စည်းစိမ်ဥစ္စာ ငါချစ်သလို
သူတပါးတို့လည်းချစ်မည်ဟု သဘောပေါက်လာ မည်ဖြစ်ပါတော့သည်။ ထိုသို့သဘော ပေါက်လာသောပုဂ္ဂိုလ်သည်သူတပါးတို့
အသက်စည်းစိမ်ဥစ္စာကိုမရားရယူရန် ကြံစည်လုပ်ဆောင်ဘို့ မလွယ်ကူတော့ချေ။
အတ္တကို
အနတ္တကိုမြင်အောင်ကြည့်ခြင်းဖြင့်ပယ်သတ်နိုင်ပါသည်။ လူဘ၀သက်တန်းသည် အနှစ် (၁၀၀)ဟုဆိုသော်လည်း
ရောဂါထူပြောလှသောယ္ခုခေတ်ကြီးတွင် သက်တန်းပြည့်အောင်နေရ သူရှားလှပါသည်။ လူဘ၀သက်တမ်းသည်တိုတောင်းလှပါသည်။
တနေ့တချိန်တွင်တော့သေကြရမည် ဖြစ်ပါသည်။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံသည်သေကြမည်သာဖြစ်ပါသည်။
ဘယ်အရာမျှမမြဲပါ။ မမြဲ ခြင်းသည် အနတ္တဖြစ်ပါ၏။ မမြဲမူ့ကို အမှတ်သတိလေးရကြမည်ဆိုလျှင်
အတ္တသည်အားနည်းသွားမည် ဖြစ်ပါသည်။ တရားသဘောနှင့်ပြောလျှင် မရဏာနူဿိကမ္မဋ္ဌာန်း-သေခြင်းတရားကိုအောင်းမေ့နေခြင်း
သည် အတ္တကိုပယ်ကြောင်းဖြစ်ပါ၏။
မာန-
ငါသိငါတတ်သလို သူတပါးတို့လည်း သိမည်တတ်မည်၊ ငါမသိတာ မတတ်တာလည်း သည်လောကကြီးမှာရှိနေသည်။
ထိုသို့သတိထားကြမည်ဆိုလျှင် ပညာမာန ဥစ္စာမာန ရာထူးမာန စသည်တို့သည်ရှိတော့မည်မဟုတ်ပါချေ။
မာနကင်းသောသူသည် လူကိုလူခြင်း တန်ဘိုးထားတတ် လေးစားတတ်လာပါသည်။ မာနကို မမြဲမူ့အနိစ္စတရားကိုရူမှတ်မူ့ဖြင့် ပယ်သတ်နိုင်ပါသည်။
ပညာလည်း မမြဲ၊ ဥစ္စာစည်းစိမ် လည်းမမြဲ မြဲသောအရာသည်သေခြင်းတရားသာတည်း။
လူတို့သည်သေခြင်းတရားကိုမေ့လျော့နေကြသည်။
သေခြင်းတရားကိုမေ့နေသဖြင့် တရား သည်၊မတရားသည်ဖြစ်စေ ရာထူး၊ စည်းစိမ်ဥစ္စာတို့ကိုရယူပိုင်ဆိုင်နေကြသည်။
မိမိကိုယ်ကို မြဲသည် ထင်နေကြသည်။ တကယ်တောမိမိထက်မိမိစည်းစိမ်ဥစ္စာတို့ကသက်တမ်းရှည်ကြာစွာနေနိုင်ကြသည်။
ထိုကြောင့်သေခြင်းတရားကိုလည်းအောက်မေ့လျက်မမြဲမူ့တရားသတိယလျှက် နေကြမည်ဆိုလျှင်
မေတ္တာတရား-သူတပါးအပေါ်ချစ်ခြင်း၊
ကိုယ်နှင့်ထပ်တူတန်ဘိုးထားမှ ချစ်နိုင်မည်ဖြစ်ပါ သည်။ မေတ္တာ
တရားသည်ရေနှင့်တူ၏။ ရေသည်မိမိကိုယ်တိုင်လည်းအေးမြသလို
သူတပါးကိုလည်းအေးမြစေပါ၏။
ထိုကြောင့်မေတ္တာဖျန်းခြင်းသည် ဤလောကအေးချမ်းစေ လိုပါလျှင်
မေတ္တာရေဖျန်းဘို့လိုပါသည်။ကရုဏာ-သည်သနားခြင်းဖြစ်ပါ။
အတိုင်းမသိသော
ဆင်းရဲဒုက္ခရောက်နေသော ပုဂ္ဂိုလ်တို့ အပေါ်၌သနားခြင်းဖြစ်ပါသည်။
ထိုသို့သနားမူ့ရှိမှသာလျှင် ကူညီရိုင်းပင်းလိုမူ့ဖေးမစာနာမူ့စသည့်
လိုအပ်သောအကူအညီများပေးနိုင်မည်ဖြစ်ပါသည်။
မုဒိတာ-၀မ်းမြောက်ခြင်း၊
သူတပါးတို့စည်းစိမ်ချမ်းသာနှင့်ပြည့်စုံလျှင်ဝမ်းမြောက်ခြင်းဖြစ်ပါ၏။ ထိုသို့ဝမ်းမြောက်မှသာလျှင်
သူတပါးစည်းစိမ်ကိုမရားရယူလိုမူ့ ပျက်စီးစေလိုမူ့စိတ်ဓါတ်များကင်းဝေး မည်ဖြစ်ပါသည်။
ဥပေက္ခာ-လျှစ်လျူရူခြင်း၊
သူတပါးချမ်းသာဆင်းရဲမူ့အပေါ်၌ ခံစားမူ့မပြဘဲနှင့်နေခြင်းဖြစ်ပါ၏။ ထိုသို့နေဘို့ဆိုလျှင်
သာမာန်ပုဂ္ဂိုလ်များမလွယ်ကူပါချေ။ တရားကျင့်ထားသော သမာဓိတရားအား ကောင်းသောပုဂ္ဂိုလ်များသာဖြစ်နိုင်ပါ။
ထိုဥပေက္ခာတရားနှင့်ပြည့်စုံသောပုဂ္ဂိုလ်တို့သည် သူတပါး ကိုလည်းဒုက္ခမပေးပါတော့ချေ။
ထိုကြောင့်ကမ္ဘာလောကကြီးတခုလုံးအေးချမ်းခြင်ပါသည်ဆိုလျှင်
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော ဗြဟ္မ၀ိဟာရတရားတို့ကျင့်သုံးကြမှသည်လျှင် အေးချမ်းနိုင်မည်ဖြစ်ပါစေတော့
သတည်း။
No comments:
Post a Comment