လေပြေလေညှင်းလေးတို့၏ ဂီတသံစဉ်ကြောင့် ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေနေသော ပင်ပျို ပင်အိုတို့ သည် ယိုင်းနွဲ့လှုပ်ရှား ကခုန်လျက်ရှိသည်။ ရော်ရွက်ဝါတို့သည် နိမ့်ချည် မြင့်ချည် ပျော်ပါး လှုပ်ရှားနေသည်။ ရွက်သစ်တို့သည် သံစဉ်သစ်နဲ့ ကျူးရင့်လျက်ရှိကြသည်။ ကောင်းကင်ပြင်တခုလုံး သည် ဆေးစုံပြွမ်းသော ပန်းချီကားတချပ်နှယ် မြင်ရသူစိတ်နှစ်လုံးကို သိမ်းကျုံးယူဘိသကဲ့သို့ ဆည်းဆာအလှသည် အနိုင်းမဲ့လှသည်။ တနေ့တာဘ၀အမောကို အဆုံးသတ်လျက် အနားယူရာ စံအိမ်သာသို့ ငှက်မျိုးစုံတို့သည် မောင်နှံစုံအားဖြင့်လည်းကောင်း မိသားစုလိုက်ဖြင့်လည်းကောင်း တိးတိုးသီးကျူးပျံသန်း လျက်ရှိကြသည်။ လေနုအေးတို့သည် လောကဓါတ်တခုလုံးကို အမောပြေစေလျက် တေးသံသာတို့ ဖြင့်ချောသိပ်လျက်ရှိပေသည်။ သို့သော် လေနုအေးကြောင့်လဲမအေးနိုင် တေးသံစုံတို့လည်း မခံစား နိုင် တောစပါယ်ပန်းတို့ ပွေ့ဖက်မူ့ကိုလည်း မကြည်နူးမပျော်ပါးနိုင် အမူ့မထားနိုင်သော လုလင်ငယ် တယောက်သည် မိုင်းညို့ညို့တောတန်းကို ကျော်ဖြတ်ဘို့သာစိတ်အားသန်နေသည်။နဖူးမှစီးကျလာသောချွေးစတို့ကိုဘယ်လက်မောင်းနှင့်သုတ်လျက် သူနဲ့အတူပါလာသော သောက်ရေဗူးကလေးကို မော့သောက်ရန်ဟန်ပြင်လိုက်သည် သို့သော်သူ၏ ရေဗူးလေးသည် ကုန်နေလေပြီဖြစ်သည်။ သူလာခဲ့ သောခရီးသည်လည်း အလှမ်းဝေးမည်ဆိုတာခန့်မန်းနိုင်ပါသည်။
ထိုကြောင့်လုလင်သည် တောတန်းထဲရှိစမ်းချောင်းလေးထဲသို့ဆင်းကာ အေးမြလှသောရေကို ရေဗူး လေးနှင့်အပြည့်ခပ်ကာ တ၀ကြီးမော့သောက်လိုက်သည်။ သူ၏တကိုယ်လုံးသည်အေးစိမ့်သွား သည်။ ခွန်အားသစ်တို့ဖြင့် လန်းဆန်းသွားသည်။ သို့သော် သူ၏်ရင်ထဲက အပူမိးတွေက မငြိမ်းနိုင်ပေ။ တောတန်းကို ကိုကျော်လိုက်ရင် မိုင်းညို့အုပ်ဆိုင်းနေသောသစ်ပင်ကြီးတို့၏ အကြား၌ စူလစ်မွတ်ချွန်း တို့ဖြင့် တန်ဆာဆင်ထားသော မြတ်ဗုဒ္ဓသီတင်းသုံးစံတော်မူရာ ဝေဠုဝန်ကျောင်းတော်ကြီးတော်ကို လှမ်းမြင်နေရပြီဖြစ်သည်။ သို့သော်လုလင်သည် ဗုဒ္ဓသီတင်းသုံးရာကျောင်းတော်မှန်းမသိချေ။ အဘယ် ကြောင့်ဆိုသော် သူထွက်လာစဉ် ဒီကျောင်းတော်ကြီးမရှိသေးချေ။ တဖြည်းဖြည်းနှင့် သူငယ်စဉ်နေခဲ့ သော ရာဇဂြိုလ်မြီု့တော်ကြီးနှင့် နီးကပ်လာလျှင် သူ၏အစိတ်သည် ဟိုအတိတ်စီသို့လွင့်မျောသွား လေသည်။
အဲဒီအချိန်တုန်းက သူအသက်က ၁၀ နှစ်ကျော် ကလေးငယ်သာသာ သူဌေးမိဘတို့မှ မွေးဖွားထားသော တယောက်တည်းသော သူဌေးသားလေး၊ မိဘနှစ်ပါး၏ ချစ်ခင်ယုယမူ့ကိုသာမက အထိန်းတော်များ၏ ချစ်ခင်ကိုပါခံရသော သူဌေးသားလေး။ မရှိဆိုတဲ့စကားမကြားဘူး ဒုက္ခဆိုတာ ဘာမှန်းမသိ။ မိဘများကလည်းတယောက်တည်းသော သားကလေးကို မျက်စိအောက်က အပြောက် မခံ၊ ဘာမဆိုသားအလိုကျ။ သို့သော် “ကမ္မ၀ိပါကောအစိန္တိယော” ဆိုတဲ့အတိုင်းကံအကြောင်းတရား တို့ကားဆန်းကျယ်လှသည်။ ကပ်ရောဂါဆိုးကြီးသည် သူတို့အိမ်သို့ဝင်ရောက်လာသည်။ မိဘနှစ်ပါး လုံးသည်ရောဂါအပြင်းအထန်ခံစားနေရပြီ။ မိခင် ဘခင်တို့သည် မိမိတို့ရောဂါခံအပြင်းအထန်ခံစားနေ ရသော်လည်း မိမိတို့သေလျှင်သေပါစေ ငါတို့သားလေး အသက်ရှင်ရေးသည်အရေးကြီးသည်ဟူသော ဆိုကာ သားရေ ဒီရောဂါဆိုးကြီးက အဖေတို့အမေတို့ကမလွတ်မြောက်နိုင် အဖေတို့အမေတို့အရွယ် သေလျှင်လည်းသေပျော်ပြီ ငါသားကား ငယ်သေးသည်။ သို့အတွက်ကြောင့်အဖေတို့အမေတို့ကို စွန့်ကာ အိမ်နံရံကိုဖေါက်ခါပြေးလေလော့။ ရောဂါဆိုးကြီးကင်းကာမှာပြန်လာကာ ရွှေအီုးတို့ကို တူးဖေါ် လော့ဟု ရွှေအီိုးမြုပ်ထားသောနေရာတို့ကိုလည်းပြောပြလေသည်။ ထိုနောက် သားလေးသည် မိဘတို့အားကန်တော့လျှက် နံရံဖေါက်ကာအရပ်တပါးသို့ထွက်ပြေးလေသည်။ ၁၀ နှစ်သာသာအရွယ် လုလင်ငယ်ဘ၀ဖြစ် အရပ်တပါးသို့ထွက်ပြေးကာ ရာဇဂြိုလ်မြီု့တော်နှင့်အလှမ်းဝေးသော အရပ်၌ ဆင်းရဲဒုက္ခခံကာနေခဲ့သည်။ အခုဆိုအရွယ်ကလေးကလည်း အသက်၂၀ နီးလာပြီ ရောဂါဆိုးကြီးက လည်းကင်းဝေးလေပြီ။ မိမိရဲ့မြီု့သို့ပြန်သို့ပြန်ခြင်သောဆန္ဒကိုလည်းထိန်းချုပ်မထားနိုင်တော့ပေ။ သို့အ တွက်ကြောင့်သူပြန်လာခဲ့သည်။
ဤသို့အတွေးရေယာဉ်ကြောနှစ်မြောလျှက်လျောက်လာစဉ် မြီု့အ၀င်ဝအဖိုးအိုတယောက်နှင့် တိုက်မိသွားသည်။ အဖိုးအိုကယိုင်သွားသည်။ လုလင်ကယိုင်သွားသောအဖိုအိုလက်ကိုကိုင်ကာ -အဖိုးကန်တော့နော်၊ ကျွန်တော်မမြင်လိုက်လို့ပါ-ဟုတောင်းပန်လိုက်သည်။ အဖိုးအိုက-ရပါတယ်ကွယ် ပြောကာလှည့်ထွက်သွားသည်။ လုလင်ပြောမည်ဟန်ပြင်ထားသော-အဖိုးနေကောင်းလား မတွေ့ရတာ ကြာပြီဝမ်းသာလိုက်တာအဖိုးရယ်-ဟူသောစကားတို့သည် ရင်ထဲတွင်ကျန်ခဲ့သည်။ သည်အဖိုးအိုသည် သူငယ်စဉ်ဘ၀က သူတို့အိမ်သို့ဝင်ထွက်သွားလာနေသော သူဌေးတဦးဖြစ်သည်။ သူတို့အိမ်သို့လာ တိုင်းလည်း သူအတွက်စားစရာတခုခုယူလာစမြဲ။ အခုတော့သည်အဖိုးသည် သူကိုမမှတ်မိတော့၊ သူအသွင်အပြင်သည်လည်း အရင်ကနဲ့ကမတူတော့။ အခုအခြေအနေ ၀တ်ပုံစားပုံနှင့်မည်သူကမျှ သူဌေးသားပါဟုပြောလည်းယုံမည်မဟုတ်ချေ။ လုလင်သည် ညမှောင်ထဲ၌လမ်းအတိုင်းလျောက်ရာ မိမိတို့အိမ်သို့ရောက်လာသော်ပတ်ဝန်းကျင်အနေထားကိုကြည့်လျှက် ခြံထဲသို့ဝင်လိုက်သည်။ လွန်ခဲ့ သော နှစ်များစွာက အိမ်ခြံကြီးထဲတွင် အလွန်ပျော်စရာကောင်းသော သူဌေးမိသားစု သုံးဦးနှင့်အချွှေ အရံတို့ဖြင့် သာယာဖွယ်ကောင်းခဲ့သော အိမ်ကြီးသည် ပိုင်ရှင်တို့မရှိသောကြောင့်ခြံနွယ်တို့ဖြင့်ရစ်ပတ် နေလေပြီ။ လုလင်ငယ်စဉ်က ပြေးလွှားဆော့ကစားခဲ့သော အိမ်ရှေးကွက်လပ်သည် သစ်ရွက်ခြောက် တို့ဖြင့်ဖုံးလွမ်းနေလေပြီ။ သူ့မိများမှာကြားခဲ့သော ရွှေအိုးမြုပ်ရာနေရာကို သွားကြည့်လိုက်သည်။ ရွှေအိုးတို့ ပကတိအတိုင်းရှိနေသည်။ ထိုနောက်ထိုင်ကာ သူစဉ်းစားနေသည် ယခုသူပုံစံဖြင့် သူ့ကိုယ် သူ သူဌေးသားပါလို့ပြောရင်မည်သူမျှ ယုံကြည်မည်မဟုတ်ချေ။ အချေအနေအချိန်အခါကို သူစောင့်ရ မည်ကိုသူနားလည်လိုက်သည်။ ထိုကြောင့်ဆုံးဖြတ်လိုက်သည် ဆင်းရဲသားအဖြစ်အသက်မွေးကာနေ အုံးမည်။ နောက်မှကြည့်ကာစီစဉ်မည်။ ထိုည၌ သူသည်အိမ်ကြီးထဲတွင်အိပ်လိုက်သည်။ သူသည် လမ်းခရီးပင်ပန်းသည့်ဒဏ်ကြောင့် ချက်ခြင်းအိပ်ပျော်သွားသည်။ သူ၏အိမ်မက်ထဲ၌ မိခင်ဖခင်တို့အ ပေါ်၌ နွဲ့ဆိုးဆိုးခဲ့ပုံများ ကြည်နူးများခဲ့ရပုံများကိုမြင်မလျက်ရှိသည်။ ကျေးငှက်တို့၏ တွန့်ကြူးသည့် အသံများကြောင့် လုလင်သည်လန့်နိုးသွားသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်သော် အာရုံတက်ခါစ လူမြင်ကွင်းမသဲမ ကွဲ မူန်ဝါးဝါး သူအိပ်ယာမှထလိုက်သည်။
သူ၏ခြေလှမ်းတို့သည အလုပ်သမားတို့နေသော အလုပ်သမားရပ်ကွက်ဘက်သို့ထွက်ခါခဲ့ သည်။ သူ၏ဗိုက်ထဲကအော်မည်နေသည်။ ညကမောမောနှင့်အိပ်ပျော်သွားသောကြောင့် ဘာမျှမစား ခဲ့ရ။ ထိုနောက်လမ်းဘေးမုန့်ကြွပ်ရောင်းသောဆိုင်လေးသို့ဝင်ကာ သူ၌ပါလာသော အသပြာလေးနှင့် ၀ယ်ကာစားလျက် မုန့်ရောင်းသောအဖွားအိုကို သူမေးလိုက်သည်-အဖွား အလုပ်သမားတွေနေတဲ့ အလုပ်သမားရပ်ကွက် ဘယ်အနားမှာရှိပါသလဲ- ဟုသူမေးလိုက်သည်။ အဖွားအိုက- မောင်ရင်က ဘယ်ကလာသတုန်း-ဟုမေးလိုက်သည်။ -အဖွား ကျွန်တော်က တောနယ်ကပါ-ဟုသူကပြန်ဖြေလိုက် သည်။ ထိုနောက်အဖွားအိုပြောလိုက်သော အလုပ်သမားရပ်ကွက်ဘက်သို့သူထွက်ခွာလာခဲ့သည်။ အလုပ်သမားရပ်ကွက်သို့ရောက်သော် အလုပ်သမားခေါင်းဆောင်နှင့်တွေ့ကာ သူအတွက်အလုပ်တခု ပေးပါရန်တောင်းပန်လေသည်။ ထိုနောက်အလုပ်သမားခေါင်းဆောင်က သူအားမနက်စောစောထကာ မြီု့ထဲရှိလမ်းများကိုလျောက်ကာ နိုးဆော်ရသော အလုပ်ကိုပေးလေသည်။ နောက်နေ့နံနက်မှစကာ မြီု့လမ်းထဲသို့လျောက်ကာ ဦးလေးတို့ အကိုတို့ ညီအကိုတို့ထကြကုန်လော့ လယ်ထဲ ယာထဲသို့သွား ချိန်ရောက်ပြီ။ အဒေါ်တို့ အမတို့ထကြကုန်လော့ ချက်ပြုတ်ရန်အချိန်ရောက်ပြီဟု နိုးဆော်လေသည်။
ထိုအချိန်မှစကာ လုလင်၏နာမည်သည်လည်း ဃောသကဟု အမည်တွင်လေသည်။ နံနက် တိုင်း နီူးဆော်သော အသံကိုကြားရသဖြင့် မာဂဓတိုင်း ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးသည် သည် အသံပိုင်ရှင်သည် ပစ္စည်းဥစ္စာကြွယ်ဝသော ပုဂ္ဂိုလ်ဖြစ်ရမည်ပြောလေသည်။ မင်းချင်းတို့ကို စုံစမ်းခိုင်း သော် ဆင်းရဲသောမောင်ဃောသကကိုတွေ့လေသည်။ မင်းကြီးက ဒီအသံပိုင်ရှင်သည် အသံသြဇာနှင့် ပြည့်စုံသည် ကြွယ်ဝချမ်းသာသော ပဂ္ဂိုလ်ဖြစ်ရမည်ဟု ပြောဖန်များသော မောင်းမတယောက်သည် မင်းကြီးထံ မင်းသမီးတယောက်ကိုခွင့်ပန်ခေါ်ယူခါ မထင်ရှားသောအသွင်ဖြင့် မောင်ဃောသကနေ ထိုင်သောနေရာအလုပ်သမားတဲသို့သွားလျက် တညလောက်တည်းခိုပါရစေဟုခွင့်ပန်ကာ တညတာ တည်းခိုလျှက် နံနက်မိုးသောက်သော် စားကောင်းသောက်ဖွယ်တွေကိုပြင်ဆင်လျက် မောင်ဃောသက အား အစားအသောက်တို့ဖြင့်ဖျားယောင်းလေသည်။ ရက်ကြာသော် မင်းသမီး၏ဖျားယောင်းမူ့ကြောင့် လည်းကောင်း အလှအပတို့ကြောင့်လည်းကောင်း မောင်ဃောသက နှင့် မင်းသမီးတို့ ဇနီးမောင်နှံအ ဖြစ်သို့ရောက်လေသည်။ ထိုနောက်ကိုလုပ်တော်မောင်းမသည် မင်းကြီးထံသွားက အလုပ်သမားတို့ နေထိုင်သောရပ်ကွက်တွင် ပွဲသဘင်ကိုကျင်းပစေသည်။ ကိုလုပ်တော်မောင်းမကြီးသည် မောင် ဃောသကအား သားမောင်ပွဲသဘင်ကျင်းပဘို့အတွက်အသပြာပေးပါဟုတောင်းလေသည်။ ထိုအခါ မောင်ဃောသက သည်ကျွန်ပ်၌ မရှိပါဟုပြောဆိုလေသော် သားမောင်အသပြာမထည့်ဝင်ပါက မင်းပြစ်မင်းဒဏ်ခံရမည်ဟုပြောဆိုလေသည်။ ပြောဆိုမရသည်အဆုံး၌ မောင်ဃောသကသည် မိမိအိမ်ခြံဝင်းအတွင်းရှိ ရွှေအိုးထဲမှအသပြာတကျပ်ကိုယူကာပေးလေသည်။ ကိုလုပ်တော်မောင်းမ သည်ထိုသပြာတကျပ်ကိုယူကာ မင်းကြီးထံသို့သွား၍ပေးလေသည်။ ထိုနောက်မိမိအသပြာဖြင့်ပွဲ သဘင်ကိုကျင်းပလေသည်။ ဤကဲ့သို့အားဖြင့်သုံးကြိမ်မြောက်သော် မင်းကြီးသည် မောင်ဃောသက အား နန်းတော်သို့ခေါ်ကာ အသပြာတို့ကိုဘယ်မှာထားသနည်း ချမ်းသာသော သူဌေးသားဖြစ်ပါလျက် အဘယ်ကြောင့်ဤကဲ့သို့ဆင်းရဲသားဟန်ဆောင်နေသနည်းဟု မေးလေသည်။ မောင်ဃောသက သည်အကြိမ်ကြိမ်မေးသော်လည်းမဖြေပဲနေသဖြင့် သူကိုယ်တိုင်ထုတ်ပေးခဲ့သော အသပြာသုံးကျပ်ကို ယူကာပြလေသည်။ မိမိအိမ်မှဇနီးသည် ကိုလည်းမင်းသမီးအ၀တ်အစားတို့ဖြင်တွေ့လေသော် ကိုအမှန် အတိုင်းဖြေမှဖြစ်တော့မည်ဟု တွေးကာ ကျွန်တော်မျီုး၌ ကိုးကွယ်ရာမရှိပါ သို့အတွက်ကြောင့်ဆင်းရဲ သားဟန်ဆောင်နေရပါသည်ဟုလျောက်လေသည်။ မင်းကြီးက ငါသည်သင်၏ကိုးကွယ်ရာဖြစ်စေ အသပြာတို့ကိုထုတ်ဆောင်လေလော့ဟု အမိန့်ပေးလေသည်။
မောင်ဃောသကသည်လည်း မင်းကြီးထည့်လိုက်သောမင်းချင်းယောကျားတို့ဖြင့် အသပြာအိုး တို့ကိုတူးဖေါ်လေသည်။ အသပြာအီုးတို့သည် ကုဋေလေးဆယ်မျှရှိလေသည်။ မင်းကြီးသည် သမီးတော်နှင့်ထိမ်းမြန်းစေကာ မောင်ဃောသက၏ အိမ်ခြံကိုသုတ်သင်ရှင်းလင်းစေလျက် နေထိုင်စေ သည်။ သူဌေးအရာ သူဌေးဘွဲ့ကိုလည်းအပ်နှင်းလေသည်။ ကုမ္ဘ-ရွှေးအိုးတို့ကိုတူးဖေါ်ရရှိသောကြောင့် ကုမ္ဘဃောသကဟူသောအမည်တွင်လေသည်။ တနေ့သ၌ မင်းကြီးသည် မြတ်ဗုဒ္ဓသီတင်းသုံးရာ ဝေဠုဝန်ကျောင်းတော်သို့ မိမိသမက်ကုမ္ဘဃောသကကိုခေါ်ကာသွားလေသည်။ ဘုရားရှင်အထံသို့ ရောက်သော် မင်းကြီးက “မြတ်စွာဘုရား တပည့်တော်သမက် ဤသူငယ်သည် သူဌေးသားဖြစ်ပါလျက် ဆင်းရဲသားဟန်ဆောင်ကာ အသက်မွေးပုံပါသည်၊ တပည့်တော်ဥပါယ်တံမျဉ်ဖြင့်စုံစမ်းသဖြင့်သာ သိပါ သည်”ဟု လျောက်ထားလေသည်။
ထိုအခါမြတ်စွာဘုရားရှင်က “ဥဋ္ဌာန၀တော၊ သတိမတော။ သုစိကမ္မဿ၊ နိသမ္မကာရီနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ၊ ယသောအဘိဍ္ဎတီတိ” ဟူသော ဂါထာတော်ကိုဟော ကြားလေသည်။ ဥဋ္ဌာန၀တော-ထကြွလုံးလရှိတဲ့ပုဂ္ဂိုလ်၊ သတိမတော-သတိရှိသောပုဂ္ဂိုလ်၊ သုစိကမ္မဿ-စင်ကြယ်သော ကာယကံ ၀စီကံ မနောကံရှိတဲ့ပုဂ္ဂိုလ်၊ နိသမ္မကာရီနော-စူးစမ်းခြင်၍ ပြုလေ့ရှိသောပုဂ္ဂိုလ်၊ သညတဿ ဓမ္မဇီဝိနော-ကိုယ်နူတ်တို့ကိုစောင့်ထိန်းလျက် တရားသဖြင်အသက် မွေးသောပုဂ္ဂိုလ်၊ အပ္ပမတ္တဿ-မမေ့လျောသော ဉာဏ်ပညာနှင့်ပြည့်စုံသောပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်တို့သည် လောကီ လောကုတ္တတရားတို့ဖြင့်ကြီးပွားကုန်၏် မိန့်ကြားတော်မူလေသည်။ ဂါထာတော်၏ အဆုံး၌ ကုမ္ဘဃောသကသူဌေးသားသည် သောတပတ္တိဖိုလ်၌တည်လေသည်။
ယ္ခုခေတ်လောကကြီးသည်ကား လူတိုင်းလူတိုင်းသည် ချမ်းသာသုခကိုအလိုရှိသောကြောင့် ဒေသမျိုးစုံ၌ အလုပ်မျီုးစုံကိုလုပ်ကိုင်နေကြရသည်။ ထိုသို့လုပ်ကိုင်ရာ၌ ဗုဒ္ဓဟောကြားထားသော ကြီးပွားကြောင်းတရားတွေကိုလိုက်နာရန်လိုအပ်ပေသည်။ ကြီးပွားချမ်းသာကြောင်းတရား အင်္ဂါတို့ကို လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်တို့အတွက်အောင်မြင်မူ့သည် လက်တကမ်းအလိုတွင်သာရှိပေသည်။ ပညာရှာဖွေရာ၌ဖြစ်စေ ပစ္စည်းဥစ္စာရှာဖွေရာ၌ဖြစ်စေ လုံးလ၀ီရိယ အားထုတ်မူ့သည်လွန်စွာအရေး ကြီးပါသည်။ ထိုကြောင့်မဃဒေ၀လင်္ကာကြီး၌ “လုံးလမထူ၊ ဉာဏ်မကူပဲ၊ အယူတချောင်း ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလည်းကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့်မသင့်ကို၊ အခွင့်ရူ၍၊ အပြုလုံးလ၊ ရှိအပ်စွ့”။ ကံကိုချည်းသာအားကိုးမနေပဲ ဉာဏ်ပညာနှင့်ယှဉ်သော လုံးလ၀ီရိယဖြင့်ကြီးစားရှာဖွေပါမူ အတတ်ပညာဖြစ်စေ ပစ္စည်းဥစ္စာဖြစ်စေ ရရှိမည်မှာဧကန်မလွဲသာဖြစ်ပါတော့သည်။
No comments:
Post a Comment