လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့

နန္ဒာလှစေတီတော်

Monday, August 6, 2012

ကာလဒါန

ရိုးကြီးကျေးရွာနေ ဦးသန်းကြိုင်+ဒေါ်လှရှင်မိသားစုများမှ ကွင်းကောက်မြို့၊သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်၌ စာသင်/စာချရဟန်းသာမဏေတို့ စာပေပရိယတ်တို့ကို မပင်မပန်းချမ်းချမ်းသာသာဖြင့်သင်ကြားပို့ချနိုင်ဘို့အတွက် သာသနာပြုကုသိုလ်အနေဖြင့် ဆွမ်းသင်္ကန်းကျောင်းဆေးပစ္စည်းလေးပါးအလှူအဖြစ် န၀ကမ္မ၀တ္ထုငွေ ၅၀၀၀၀၀ိ/ (ငါးသိန်းကျပ်)တို့ကို အနုကမ္မီကရွှေအိုးမြုပ်နှံသည့်အနေဖြင့်လှူဒါန်းပါသည်။ ကာလဒါနအနေဖြင့် ကျွန်းတပင်ကျောင်းတိုက်၊ သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်တို့၌ ပုရိမ၀ါကပ်တော်မူကြမည့် သံဃာတော်များအားလည်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပါသည်။

ကျွန်းတပင်ကျောင်းတိုက်ဆရာတော်အားဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းစဉ်

စာရေးသူအားဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းစဉ်

 ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ပစ္စည်းလေးပါးအတွက်ပဒေသာပင်စိုက်ထူလှူဒါန်းစဉ်

 စာသင်သားရဟန်း/သာမဏေတို့အတွက် စာရေးကိရိယာနှင့်ဗလာစာအုပ်များလှူဒါန်းစဉ်

Wednesday, July 25, 2012

မြတ်သောမွေးနေ့ရှင်

ကွင်းကောက်မြို့၊မြောက်ဘက်ကမ်း၊ဦးလှကြိုင်၏ဇနီး ဒေါ်မြင့်မြင့်ဝင်း(သပြေစတိုးဆိုင်)၏(၅၃)နှစ်ပြည့်မွေးနေ့အလှူတော်ကို
သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်အတွင်းရှိစာချ/စာသင်ရဟန်းသာမဏေအပါး(၃၀)ကျော်တို့အားနေ့ဆွမ်းဆက် ကပ်လှူဒါန်းခြင်း၊ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းစသောကုသိုလ်ကောင်းတို့ပြုခဲ့ပါသည်။

Saturday, July 14, 2012

သိရီနန္ဒာဝိဟာရကျောင်းဆောင်သစ်

ဆောက်လုပ်စဲဖြစ်သော သိရီနန္ဒာဝိဟာရကျောင်းဆောင်သစ်ဖြစ်ပါသံည်။ ပေ ၄၀+ပေ၈၀ ဖြစ်ပြီး စာသင်သားရဟန်းသာမဏေတို့စာအံကျောင်းတက်ခြင်း၊ သတင်းသုံးခြင်းတို့ပြုလုပ်မည်ဖြစ်ပါသည်။ ယ္ခုအခါအမိုးဒိုင်းမျှား(အမိုးပါ) သိန်း ၁၁၇ သိန်းကုန်ကျမည်ဖြစ်ပါသောကြောင့် သာသနာပြု ကုသိုလ်ရှင်များလိုအပ်နေပါသည်။ ဆက်သွယ်လှူဒါန်းလိုပါက ဦးပဏ္ဍ၀ံသ(ပဓာန နာယကဆရာတော်၊ သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်)- ဖုန်း ၀၄၄ ၆၅၀၄၃၊upandavamsa108@gmail.com/ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

အတုမြင် အတတ်သင်

အတုမြင်အတတ်သင်ဟုမြန်မာမူ့နယ်ပယ်တွင် အသုံးများကြသည်။ မိဘ၏အပြောအဆို၊ အနေအထိုင်၊ အမူ့အယာကို သားသမီးများကအတုလိုက်ကြသည်။ ဆရာသမားများ၏ အပြောအဆို အနေအထိုင် အမူ့အယာကို တပည့်များကအတုလိုက်ကြသည်။ ထိုထက်ပို၍ဆိုရသော် အနုပညာရှင် တို့၏ ဟန်ပန်အမူ့အယာမှစ၍ အားလုံးကို လူငယ်ပရိသတ်တို့ကအတုလိုက်ကြသည်။ သားသမီး၏အတုလိုက်မူ့ကိုခံယူရသောမိဘနှစ်ဦးစလုံးက သားသမီးအတုယူမမှားအောင် မိမိတို့ကိုယ်တိုင်ကစံပြဖြစ်အောင်နေပေးဘို့လိုပါသည်။ ရတနာသုံးများကိုကိုးကွယ်ဆည်းကပ်သော မိဘများဖြစ်ပါကလည်း ရတနာသုံးပါးကိုရိုသေကိုင်းရိုင်းမူ့၊ ကံငါးပါးလုံခြုံအောင်စောင့်ထိန်းမူ့တို့ရှိရပါ မည်။ မိမိတို့၏ ကိုယ်အမူအယာ၊ နူတ်အမူအယာတို့ ယာဉ်ကျေးသိမ်မွေ့ဘိုလိုပါသည်။ သို့မှသာ မိမိတို့ ထံမှအတုယူနေသော သားသမီးများမှာ ယာဉ်ကျေးလိမ္မာသောသားသမီးများ၊ တိုင်းပြည်၏အနာဂတ် ရတနာများဖြစ်ပေလိမ့်မည်။ သားသမီးတို့အတုယူမမှားဘို့၊ သားသမီးများလိမ္မာဘို့ တိုင်းပြည်၏ သားကောင်းရတနာဖြစ်ဘို့၊ သမီးကောင်းရတနာဖြစ်ဘို့ဆိုသည်မှာ မိဘနှစ်ဦးစလုံးမှာအရေးကြီးဆုံး ဖြစ်ပါသည်။ လက်ဦးဆရာမည်ထိုက်စွာပုဗ္ဗာစရိယ မိနှင့်ဖ ဟုဆိုထားကြလေသည်။ ဆရာသမားများကိုယ်တိုင်ကလည်း စေတနာထားပြီးအတတ်ပညာသင်ကြားပေးဘို့လိုသလို တပည့်များ၏ကိုယ်အမူ့ယာ နူတ်အမူအယာတို့၌လည်းလိမ္မာယာဉ်ကျေးအောင်သင်ကြားပေးခြင်း၊ ကိုယ်တိုင်စံနမူအဖြစ်နေပေးခြင်းစသည်တို့လိုအပ်ပါသည်။ ဆရာသမားများကိုယ်တိုင်က ကိုယ်ကျင့် သီလမကောင်း ကံငါးပါးမစောင့်ပါကတပည့်ကမည်သို့လေးစားအားကျပါမည်နည်း၊ အတုမြင် အတတ်သင်သော တပည့်မှာအဘယ်မှာကောင်းနိုင်ပါအံ့ပါနည်း။ ထိုကြောင့်သားကောင်းရတနာများ မွေးထုတ်ပေးရာ အခြေခံကျောင်းများမှစ၍ တက္ကသိုလ်များတိုင်အောင် သင်ကြားပို့ချနေသော ဆရာ/ဆရာမတို့သည် တပည့်တို့အတွက် တကယ့် ဆရာ = ဆယာ -အရိပ်၊ တပည့်များအတွက် အေးချမ်းသော အရိပ်အာဝါသအစစ်ဖြစ်ဘို့အလွန်အရေးကြီးပါသည်။ တပည့်များအတုမြင် အတတ်သင်မမှားဘို့ ဆရာများတာဝန်ရှိလှပေသည်။ အနုပညာရှင်များသည် ဆယ်ကျော်သက်လူငယ်မောင်မယ်တို့အပေါ်၌အလွန်လွမ်းမိုးပါသည်။ အနုပညာရှင်တို့၏ အနေအထိုင်၊ အမူ့အယာ အပြောအဆို အ၀တ်အစားစသည်တို့ကိုအတုယူကြ သည်။ အတုယူပြီဆိုလျှင် အနုပညာရှင်များဘက်ကကောင်းတဲ့အရာပြန်ပေးဘို့လိုပါသည်။ အဘယ် ကြောင့်ဆိုသော် အနုပညာရှင်တယောက်ဖြစ်လာဘို့ရန် သည်လူငယ်မောင်မယ်ပရိသတ်တို့က အဓိကအားပေးနေ သောကြောင့် အနုပညာရှင်တယောက်ဖြစ်လာရခြင်းဖြစ်ပါသည်။ ဤသို့ဆိုလျှင် ပရိသတ်သည်မိမိ၏ကျေးဇူးရှင်များဖြစ်ပေသည်။ ကျေးဇူးရှင်ဖြစ်သောပရိတ်သတ်ကို မစော်ကားမိဘို့ အလွန်အရေးကြီးပါသည်။ ထိုအထဲမှတိုင်းပြည်၏အနာဂတ်သားကောင်းရတနာ သမီးကောင်းရတနာ ဖြစ်သော လူငယ်မောင်မယ်တို့အား အတုမြင်အတတ်သင်မမှားအောင် အနုပညာရှင်များ ဘက်ကလည်းပါဝင်ဘို့ လိုအပ်ပါသည်။ အတုမြင်အတတ်သင်ဆိုသည့်စကားအတိုင်းကောင်းမြတ် သောတရားတွေကိုတတ်အောင်သင်ဘို့ပေသည်။ စာရေးသူတို့ကျောင်း၌ကျောင်းအိပ်ကျောင်းစား ကျောင်းသားကလေးငယ်များရှိကြပါသည်။ ထိုကလေးငယ်တို့တွင် မောင်ဖိုးထူးသည် စာရေးသူနာရေးကိစ္စကြွသောအခါအမြဲတမ်းသူက ဆွမ်းချိုင့် ၍လိုက်ရပါသည်။ စာရေးသူက နာရေးကိစ္စများတွင် သီလပေးပြီးပါကအမြဲတမ်း သံဝေဂလင်္ကာ တိုင်ပေးပြီးဆိုခိုင်းပါသည်။ အိုမူ့ဆိုတာကြောက်စရာ၊ ငါမှာရှိနေသည်၊ အိုမူ့တရားလွန်စိုးဝါး ရှောင်ရှား မရပြီ စသည်ဖြင့်အမြဲတမ်းတိုင်ပေးပြီးဆိုခိုင်းပါသည်။ နာရေးအမြဲတမ်းလိုက်နေသော မောင်ဖိုးထူး သည် တရားလိုက်မနာသော်လည်း ထိုလင်္ကာလေးတွေကိုအလွတ်ရနေပေသည်။ အဘယ်ကြောင့် ဆိုသော် တနေ့စာရေးသူနာရေးတခုက ပြန်လာသောအခါ မောင်ဖိုးထူးသည်ပါလာသောဆွမ်းဟင်းများ ကိုလှယ်၍ ချိုင့်များဆေးကြောနေပါသည်။ ထိုသို့ဆေးကြောနေစဉ် မောင်ဖိုးထူးဘာလုပ်နေသနည်း၊ သံဝေဂလင်္ကာကိုဆိုလျှက်ချိုင့်ဆေးနေခြင်းဖြစ်ပါသည်။ စာရေးသူက အမှတ်မထင်ကြားခဲ့ခြင်းဖြစ်ပါ သည်။ ကလေးများမှာပို၍ပင် အတုမြင်အတတ်သင်ကြပါလေသည်။ စာရေးသူကျောင်းကစာသင်သားကိုရင်လေးများ အတုမြင်အတတ်သင်ပုံကိုလည်းပြောပြပါအုံး မည်။ တနေ့ကျောင်းက ခွေးကလေးတကောင်သေသည်။ ခွေးသေသည့်အကြောင်းကို ကိုရင်တပါးက လာလျှောက်သည်။ စာရေးသူက ဒါဆိုလည်းမြုပ်ပြစ်လိုက်ဟုပြောလိုက်ပါသည်။ ထိုသို့ပြောပြီးနောက် စာရေးသူကစိတ်မချ၍ သွားကြည့်သောအခါဘာလုပ်နေသည်ထင်ပါသနည်း။ ကိုရင်လေးတွေ တွင်းတူးပြီးခွေးသေကောင်ကို မမြုပ်သေးပဲ တွင်းနား၌ခွေးသေကောင်ကိုချပြီး ခွေးသေကောင်ဘေးမှ ပတ်ဝိုင်းလျှက် အနိစ္စ ၀တ သင်္ခါရာ-ဂါထာကိုပြိုင်တူရွတ်ဆိုသံဝေဂပွားနေပါတော့သည်။ သူတို့သည် ဆရာဘုန်းကြီးတို့ပြုလုပ်ထားသော အပြုအမူကိုအတုခိုးထားခြင်း အတတ်သင်ခြင်းဖြစ်ပါသည်။ ဤကဲ့ သို့သော အကြောင်းအရာအတွေ့အကြုံတို့ကြောင့် အတုမြင် အတတ်သင်ဆိုသောစကားကို ပို၍ပင် စာရေးသူလက္ခံလာရပါသည်။ ကလေးတို့သဘာဝ အတုမြင် အတတ်သင်လွယ်ပေသည်။ သူတို့လေးတွေက အတတ်သင်မူ့ သည် ကောင်းသောအတုကိုမြင်ပြီး အတတ်သင်စေခြင်ပါသည်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက - ကလေးအရွယ်လိမ္မာပါမှ ကြီးကလိမ္မာမည် မလိမ္မာပြည်ထောင်စုကြရင်ဖြင့် ကောင်းမူ့ဘယ်မတည် ကလေးတို့ နေပြည် တည်စေဘို့စိတ်စော နံနက်အချိန်အခါနဲ့ နေ့မကွာ ညဥ့်ပါသုံးလို့ရယ် ပြုံးကြ စေသော်။ ကဗျာဖြင့်ဆရာတော်ကြီးကဆုံးမစကားဆိုခဲ့ပါသည်။ တနည်းဆိုရသော် သတိပေးခဲ့ခြင်းဖြစ် ပါသည်။ ကလေးငယ်တို့ အတုမြင် အတတ်သင်မမှားဘို့သည် မိဘဆရာမှသည် အားလုံးတွင်တာဝန် ကိုစီရှိပါသည်။ အားလုံးကမိမိကိုယ်တိုင် ပြုပြင်ထိန်းသိမ်းဘို့အရေးကြီးပါသည်။ မိမိတို့၏၀ံသာနုရက္ခိတ တရားများကို ကလေးငယ်တို့တန်ဖိုးးထားတတ်ဘို့အမတန်အရေးကြီးပါသည်။ ဒါကြောင့် အမိမြန်မာ ပြည်ကြီး၏ သားကောင်းရတာနာလေးများ ပေါ်ထွန်းဘို့ဝိုင်းဝန်းကြီုးပမ်းဘို့အချိန်ရောက်နေပါတော့ သည်။

Thursday, June 28, 2012

ရွာဦးကျောင်းကခေါင်းလောင်းသံ

ရွာဦးကျောင်းကခေါင်းလောင်းသံ
ဒိုးဒိုးဒေါင်ဒေါင်ညံ
ခေါင်းလောင်းသံငါတို့ကြား
အမျှယူစို့လား
အမျှဘာကြောင့်ယူရတယ်
ကုသိုလ်ရဘို့ကွယ်
ကုသိုလ်သည်ဘယ်မှာလဲ
ခေါင်းလောင်းထိုးနေဆဲ။
          မူလတန်းကျောင်းသားဘ၀ကသင်ယူခဲ့ရပါသည်။ ငယ်စဉ်အခါတွင်ထိုကဗျာလေး၏အနှစ်သာရ အဓိပ္ပါယ်ကိုမသိခဲ့၊ မခံစားတတ်ခဲ့ပေ။ ယ္ခုအခါ သည်ကဗျာလေး၏ဆိုလိုရင်းအဓိပ္ပါယ်ကိုခံစားတတ်ဖွင့် ဆိုတတ်လာသည်။ သည်ကဗျာလေးက ဟိုတချိန်ကျေးလက်ဒေသ၏သရုပ်ကိုပေါ်လွင်စေသည်။ ရွာဦး ရွာထိပ်တွင်ဘုန်းတော်ကြီးကျောင်းများ၊ထုံးဖြူဖြူစေတီပုထိုးများတည်ထားကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာရှေးမြန်မာလူမျိုးများ မိမိတို့ဘာသာတရားနှင့်ကင်းမနေနိုင်ပုံကိုပြနေပေသည်။ ရှေးခေတ် ပညာရေးသည် ဘုန်းတော်ကြီးကျောင်းပညာရေးများဖြစ်ခဲ့ကြလေသည်။ ဘုန်းတော်ကြီးကျောင်းများမှ ဘာသာရေးအဆုံးအမစာပေတို့ကို ကျောင်းသားငယ်ဘ၀ ရှင်သာမဏေဘ၀၊ မိန်းကလေးငယ်များပါ မကျန်းငယ်စဉ်အခါမှစ၍သင်ယူခဲ့ကြရသောကြောင့် ဘာသာတရားအပေါ်ရိုသေကိုင်းရိုင်းမူ့၊  လေးစား လိုက်နာမူ့၊ ရတနာသုံးပါးအပေါ်ရိုသေလေးစားမူ့၊ မိဘဆရာသမားတို့အပေါ်၌ရိုသေလေးစားမူ့တို့သည် တို့သည်ကားပြောဖွယ်ပင်မလိုတော့ပါချေ။
          ရှေးဆရာတော်ကြီးများစီမံထားသော ဘုန်းတော်ကြီးသင်ပညာရေး သင်ကြားပုံနည်းစနစ်၊ သင်ရိုးညွှန်းတမ်းများမှာလည်းစနစ်ကျလှပေသည်။ ဘုန်းတော်ကြီးကျောင်းကိုစရောက်ချိန်တွင် ဘုန်းတော်ကြီးအားဦးချပုံ အရိုအသေပြုပုံ ထိုင်ပုံ နေပုံ သွားပုံတို့ကိုဂရုတစိုက်သင်ကြားပေးလေသည်။ အဲဒီနောက်မှာတော့ က၊ကာ၊ကိ၊ကီး၊ကု၊ကူး၊ စသည်ဖြင့်ပြီးသင်ပုံကြီးနှစ်စောင်တွဲစာအုပ်မှစ၍ သင်ကြားရပါသည်။ ဘုန်းတော်ကြီးထံ စာသွားပြန်ရလျှင်လည်း အလွတ်ပြန်ရမည့်စာကို ကျောက်သင်ပုန်းနှင့်တခါတည်းရေးသွားပြီးပြရသည်။ လက်ရေးလက်သား သတ်ပုံကအစလက်ထားပုံ အားလုံးစနစ်တကျရှိစေရန်သင်ကြားပေးပါသည်။ သင်ပုန်းကြီးနှစ်စောင်တွဲစာအုပ်တွင် နောက်ဆုံးအခန်းဖြစ်သော မင်္ဂလသုတ်ပါဠိ အနက်ကိုအလွတ် ကျက်၍ကုန်ပြီဆိုလျှင်တော့ စာကိုအတော်ရေးတတ်ဖတ်သွားပြီဖြစ်ပါသည်။ ထိုနောက်ဆယ်စောင်တွဲ စာအုပ်ကိုဖတ်ရပါသည်။ ထိုစာအုပ်တွင် နမက္ကာရဘုရားရှိခိုး၊ရတနာရွှေချိုင့်၊အပြင်အောင်ခြင်း၊ အတွင်း အောင်ခြင်း၊လောကနိတိ စသည်တို့ကိုသင်ကြရလေသည်။ ထိုနောက်ဇာတ်တော်ဆယ်ဘွဲ့ ငါးရာ ငါးဆယ်နိပါတ် တော်တို့ကိုသင်ကြားနာယူရလေသည်။ ထိုကဲ့သို့ဘုန်းတော်ကြီးကျောင်းမှ ဘာသာရေး အခြေခံကောင်း သင်ယူရရှိထားသောပုဂ္ဂိုလ်တို့အတွက် ဘာသာရေးအယူအဆ အတွေး အခေါ်တို့မှာ မှန်ကန်နေမည်သာဖြစ်ပေသည်။ ရှေးအခါမှအစပြု၍ ဘုရားကျောင်းကန်စေတီ             ပုထိုးများ            ခေါင်းလောင်းများ    ထားရှိတတ်ကြလေသည်။ အဘယ်ကြောင့်ကြနည်းဟူမူကား ယ္ခုကဗျာမှ ပြောပြနေပေသည်။ ရွာဦးကျောင်းကခေါင်းလောင်းသံ၊ ဒိုးဒိုးဒေါင်ဒေါင်ညံ၊   ခေါင်းလောင်းသံငါတို့ကြား၊  အမျှယူစို့လား၊ ကျောင်းကန်ဘုရားစေတီများ၌ ကုသိုလ်ကောင်းမူ့ တခုတခုပြုလုပ်ပြီးပါက ခေါင်းလောင်းထို့၍အမျှဝေတတ်ကြသည်။ ထိုကြောင့် စေတီပုထိုးများ၌   ခေါင်းလောင်းများ ထားရှိခဲ့ကြသည်။
          ရွာဦးကျောင်းကခေါင်းလောင်းသံကြားရပြီဆိုလျှင် ကုသိုလ်ကောင်းမူ့ပြုပြီးလို့အမျှဝေကြခြင်း ဖြစ်သည်ဟု အလိုလိုသိလျက် သာဓုခေါ်ဆိုကြပါသည်။ အမျှဘာကြောင့်ယူရတယ် ကုသိုလ်ရဘို့ကွယ် ကုသိုလ်သည်ဘယ်မှာလဲ ခေါင်းလောင်းထိုးနေဆဲ၊ ထိုကဲ့သို့ပေးဝေသော အမျှကိုသိုလ်ကို သာဓုခေါ်ဆို ခြင်းဖြင့် ကုသိုလ်ကောင်းမူ့ကိုမိမိတို့လည်းရရှိပေတော့သည်။ ယ္ခုကာလသည် ခေါင်းလောင်းသံတွေ ဆိတ်သုံးစပြုနေပေပြီ။ ရွာဦးကျောင်းတွင်လည်း ကျောင်းသားကိုရင်မရှိတော့ပေ၊ ဗုဒ္ဓအဆုံးအမစာပေ သင်ကြားမည့်ကလေးငယ်များနှင့် ရွာဦးကျောင်းလည်း စာကျက် စာအံသံတွေမကြားရတော့ပေ။ ကုသိုလ်သည်တို့၏ ကိုသိုလ်ကောင်းမူ့ကိုတဆင့်ဟစ်ကြွေးနိုးဆော်ပေးမည့်ခေါင်းလောင်းလေးသည် လည်းအထီးကျန်စွာရှိနေပါတော့သည်။

Saturday, June 23, 2012

ဧည့်သည်

 ဤကျောင်းတိုက်သည်
သင်လည်းမပိုင် ငါမပိုင်ဘူး။
                                    ပိုင်ဆိုင်သည်မှာ
သာသနာတည်း
 နေသည့်အခိုက် သင်နှင့်ငါသည်
ကျောင်းတိုက်အရေး ဦးစားပေး၍
အလေးအနက် ထမ်းဆောင်ရွက်မှ
တိုးတက်ကြီးပွား အကျိုးများမည်။
သင်လည်းဧည့်သည် ငါဧည့်သည်မို့
ဧည့်သည်မှန်လျှင် အိမ်အရှင်ကို
အစဉ်လေးစား မစော်ကားနှင့်
ကျေးဇူးတရားသိတတ်စေ။

(သထုံဟိတကာရီဆရာတော်)

Sunday, May 13, 2012

သာသနာ့မှတ်တိုင်များ

၁၃၇၃ -ခုနှစ်၊နှစ်သစ်ကူးသင်္ကြန်ကာလအတွင်းစုပေါင်းကျင်းပအပ်သော ဒုလ္လဘရဟန်းခံ/ရှင်ပြုပွဲနှင့် (၅)ရက်တိုင်တိုင်အလုပ်ပေးတရားစခန်းတို့ကိုဖွင့်လှစ်ပေးခဲ့ပါသည်။ အားလုံးသောပါရမီရှင်/ကုသိုလ်ရှင် အပေါင်းတို့အား ကုသိုလ်သာဓုခေါ်စေသောငှါ မှတ်တမ်းများကိုဖေါ်ပြလိုက်ပါသည်။

Friday, March 16, 2012

စုပေါင်းဆောင်ရွက် သာသနာအတွက် ၂

                 လက်သမားဆရာကြီးဦးရွှေမှ စီစဉ်ညွန်ကြားရင်းဖြင့် ကုသိုလ်ရေးအတွက် တိုက်တွန်းအားပေးနေစဉ်
                                          ညပိုင်းလုပ်အားပေးအဖွဲ့များ၏မှတ်တမ်းများ

စုပေါင်းဆောင်ရွက် သာသနာအတွက်

သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်အတွင်း၌ ဆောက်လုပ်ဆဲဖြစ်သောသိရီနန္ဒာဝိဟာရ ကျောင်းဆောင်သစ်အား ယနေ့ ၁၃၇၃-ခုနှစ်၊ တပေါင်းလပြည့်ကျော်(၄)ရက်(11.3.2012) တနင်္ဂနွေ နေ့ နံနက် ၈-နာရီမှစတင်လျှက် ကျွန်းတောကုန်းရပ်ကွက်၊ ရွာလေးရပ်ကွက်၊ စံပြရပ်ကွက်တို့မှ လုပ်အားပေးလူပေါင်း ၁၀၀-ယောက်ဖြင့် မွန်းတည့် ၁၂-နာရီအထိ၊ မွန်းတည့် ၁၂-နာရီမှ ပေါက်သာကုန်းရပ်ကွက်၊ ရွာသာကုန်းရပ်ကွက်၊ ရွာသစ်ကုန်းရပ်ကွက်တို့မှလူပေါင်း ၁၀၀-ယောက်တို့ ဖြင့် ညနေ ၄-နာရီထိလုပ်အားပေးကြ၍၊ ညနေ ၄-နာရီမှ ဗိုလ်ကုန်း၊ညောင်ကုန်းရပ်ကွက်၊ ခတ္တာလမ်း၊ဥယျဉ်ကြီးရပ်ကွက်၊ စန္ဒကွင်း၊ ဒေါင်းကြီး၊ သာယာကုန်းရွာမှ လုပ်အားပေး ၂၀၀ ခန့်ဖြင့်စတင်လောင်းရာတွင် ည ၉-နာရီတွင် အားလုံးပြီးစီးသွားလေသည်။ စုပေါင်းညီညာ အောင်ကြောင်းဖြာ ဟူသောဆိုရိုးစကားအတိုင်း အလျား ပေ ၈၀+ အနံ ပေ ၄၄ ရှိသော ကျောင်းဆောင်အား အချိန်တိုအတွင်း ပြီးစီးအောင် ညီညာစွာကြိုးစား ခဲ့ကြလေသည်။ ကွန်ကရစ် လောင်းခဲ့သော ဘိလပ်မြေအိတ် ၃၀၉-အိတ်၊ ကျောက် ၁၇-ကျင်း၊ သဲ ၈ကျင်းခွဲတို့ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်သူတော် စင်တို့ဝမ်းမြောက်ဝမ်းသာဖြစ်စေဘို့ ကုသိုလ်ဒါန မျှဝေလိုက်ပါသည်။
          ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၊ အေးချမ်းကြပါစေ။
          မေတ္တာနှစ်လုံး ကိုယ်စီသုံးရွင်ပြုံးကြပါစေ။

Birthday ceremony

pandavamsa's  album on Photobucket

ဆရာတော်ကြီး၏ မွေးနေ့အလှူတော်

pandavamsa's Srimingalar album on Photobucket

ရှင်ဉာဏိဿဿရ ရဟန်းခံ