လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့

နန္ဒာလှစေတီတော်

Thursday, June 28, 2012

ရွာဦးကျောင်းကခေါင်းလောင်းသံ

ရွာဦးကျောင်းကခေါင်းလောင်းသံ
ဒိုးဒိုးဒေါင်ဒေါင်ညံ
ခေါင်းလောင်းသံငါတို့ကြား
အမျှယူစို့လား
အမျှဘာကြောင့်ယူရတယ်
ကုသိုလ်ရဘို့ကွယ်
ကုသိုလ်သည်ဘယ်မှာလဲ
ခေါင်းလောင်းထိုးနေဆဲ။
          မူလတန်းကျောင်းသားဘ၀ကသင်ယူခဲ့ရပါသည်။ ငယ်စဉ်အခါတွင်ထိုကဗျာလေး၏အနှစ်သာရ အဓိပ္ပါယ်ကိုမသိခဲ့၊ မခံစားတတ်ခဲ့ပေ။ ယ္ခုအခါ သည်ကဗျာလေး၏ဆိုလိုရင်းအဓိပ္ပါယ်ကိုခံစားတတ်ဖွင့် ဆိုတတ်လာသည်။ သည်ကဗျာလေးက ဟိုတချိန်ကျေးလက်ဒေသ၏သရုပ်ကိုပေါ်လွင်စေသည်။ ရွာဦး ရွာထိပ်တွင်ဘုန်းတော်ကြီးကျောင်းများ၊ထုံးဖြူဖြူစေတီပုထိုးများတည်ထားကိုးကွယ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာရှေးမြန်မာလူမျိုးများ မိမိတို့ဘာသာတရားနှင့်ကင်းမနေနိုင်ပုံကိုပြနေပေသည်။ ရှေးခေတ် ပညာရေးသည် ဘုန်းတော်ကြီးကျောင်းပညာရေးများဖြစ်ခဲ့ကြလေသည်။ ဘုန်းတော်ကြီးကျောင်းများမှ ဘာသာရေးအဆုံးအမစာပေတို့ကို ကျောင်းသားငယ်ဘ၀ ရှင်သာမဏေဘ၀၊ မိန်းကလေးငယ်များပါ မကျန်းငယ်စဉ်အခါမှစ၍သင်ယူခဲ့ကြရသောကြောင့် ဘာသာတရားအပေါ်ရိုသေကိုင်းရိုင်းမူ့၊  လေးစား လိုက်နာမူ့၊ ရတနာသုံးပါးအပေါ်ရိုသေလေးစားမူ့၊ မိဘဆရာသမားတို့အပေါ်၌ရိုသေလေးစားမူ့တို့သည် တို့သည်ကားပြောဖွယ်ပင်မလိုတော့ပါချေ။
          ရှေးဆရာတော်ကြီးများစီမံထားသော ဘုန်းတော်ကြီးသင်ပညာရေး သင်ကြားပုံနည်းစနစ်၊ သင်ရိုးညွှန်းတမ်းများမှာလည်းစနစ်ကျလှပေသည်။ ဘုန်းတော်ကြီးကျောင်းကိုစရောက်ချိန်တွင် ဘုန်းတော်ကြီးအားဦးချပုံ အရိုအသေပြုပုံ ထိုင်ပုံ နေပုံ သွားပုံတို့ကိုဂရုတစိုက်သင်ကြားပေးလေသည်။ အဲဒီနောက်မှာတော့ က၊ကာ၊ကိ၊ကီး၊ကု၊ကူး၊ စသည်ဖြင့်ပြီးသင်ပုံကြီးနှစ်စောင်တွဲစာအုပ်မှစ၍ သင်ကြားရပါသည်။ ဘုန်းတော်ကြီးထံ စာသွားပြန်ရလျှင်လည်း အလွတ်ပြန်ရမည့်စာကို ကျောက်သင်ပုန်းနှင့်တခါတည်းရေးသွားပြီးပြရသည်။ လက်ရေးလက်သား သတ်ပုံကအစလက်ထားပုံ အားလုံးစနစ်တကျရှိစေရန်သင်ကြားပေးပါသည်။ သင်ပုန်းကြီးနှစ်စောင်တွဲစာအုပ်တွင် နောက်ဆုံးအခန်းဖြစ်သော မင်္ဂလသုတ်ပါဠိ အနက်ကိုအလွတ် ကျက်၍ကုန်ပြီဆိုလျှင်တော့ စာကိုအတော်ရေးတတ်ဖတ်သွားပြီဖြစ်ပါသည်။ ထိုနောက်ဆယ်စောင်တွဲ စာအုပ်ကိုဖတ်ရပါသည်။ ထိုစာအုပ်တွင် နမက္ကာရဘုရားရှိခိုး၊ရတနာရွှေချိုင့်၊အပြင်အောင်ခြင်း၊ အတွင်း အောင်ခြင်း၊လောကနိတိ စသည်တို့ကိုသင်ကြရလေသည်။ ထိုနောက်ဇာတ်တော်ဆယ်ဘွဲ့ ငါးရာ ငါးဆယ်နိပါတ် တော်တို့ကိုသင်ကြားနာယူရလေသည်။ ထိုကဲ့သို့ဘုန်းတော်ကြီးကျောင်းမှ ဘာသာရေး အခြေခံကောင်း သင်ယူရရှိထားသောပုဂ္ဂိုလ်တို့အတွက် ဘာသာရေးအယူအဆ အတွေး အခေါ်တို့မှာ မှန်ကန်နေမည်သာဖြစ်ပေသည်။ ရှေးအခါမှအစပြု၍ ဘုရားကျောင်းကန်စေတီ             ပုထိုးများ            ခေါင်းလောင်းများ    ထားရှိတတ်ကြလေသည်။ အဘယ်ကြောင့်ကြနည်းဟူမူကား ယ္ခုကဗျာမှ ပြောပြနေပေသည်။ ရွာဦးကျောင်းကခေါင်းလောင်းသံ၊ ဒိုးဒိုးဒေါင်ဒေါင်ညံ၊   ခေါင်းလောင်းသံငါတို့ကြား၊  အမျှယူစို့လား၊ ကျောင်းကန်ဘုရားစေတီများ၌ ကုသိုလ်ကောင်းမူ့ တခုတခုပြုလုပ်ပြီးပါက ခေါင်းလောင်းထို့၍အမျှဝေတတ်ကြသည်။ ထိုကြောင့် စေတီပုထိုးများ၌   ခေါင်းလောင်းများ ထားရှိခဲ့ကြသည်။
          ရွာဦးကျောင်းကခေါင်းလောင်းသံကြားရပြီဆိုလျှင် ကုသိုလ်ကောင်းမူ့ပြုပြီးလို့အမျှဝေကြခြင်း ဖြစ်သည်ဟု အလိုလိုသိလျက် သာဓုခေါ်ဆိုကြပါသည်။ အမျှဘာကြောင့်ယူရတယ် ကုသိုလ်ရဘို့ကွယ် ကုသိုလ်သည်ဘယ်မှာလဲ ခေါင်းလောင်းထိုးနေဆဲ၊ ထိုကဲ့သို့ပေးဝေသော အမျှကိုသိုလ်ကို သာဓုခေါ်ဆို ခြင်းဖြင့် ကုသိုလ်ကောင်းမူ့ကိုမိမိတို့လည်းရရှိပေတော့သည်။ ယ္ခုကာလသည် ခေါင်းလောင်းသံတွေ ဆိတ်သုံးစပြုနေပေပြီ။ ရွာဦးကျောင်းတွင်လည်း ကျောင်းသားကိုရင်မရှိတော့ပေ၊ ဗုဒ္ဓအဆုံးအမစာပေ သင်ကြားမည့်ကလေးငယ်များနှင့် ရွာဦးကျောင်းလည်း စာကျက် စာအံသံတွေမကြားရတော့ပေ။ ကုသိုလ်သည်တို့၏ ကိုသိုလ်ကောင်းမူ့ကိုတဆင့်ဟစ်ကြွေးနိုးဆော်ပေးမည့်ခေါင်းလောင်းလေးသည် လည်းအထီးကျန်စွာရှိနေပါတော့သည်။

No comments:

Post a Comment

Birthday ceremony

pandavamsa's  album on Photobucket

ဆရာတော်ကြီး၏ မွေးနေ့အလှူတော်

pandavamsa's Srimingalar album on Photobucket

ရှင်ဉာဏိဿဿရ ရဟန်းခံ