လမ်းမှန်မှန်လျောက် လမ်းမပြောက် လမ်းကောက်မလိုက်နဲ့ လမ်းမှန်မှန်သွား လမ်းမများ လမ်းမှားမလိုက်နဲ့
နန္ဒာလှစေတီတော်
Wednesday, February 29, 2012
ဆွမ်းဆန်စိမ်းအလှူခံ
သိရီမင်္ဂလာကျောင်းကြီးစာသင်တိုက်မှ စာချ/စာသင်ရဟန်းသာမဏေ အပါး ၃၀ကျော်တို့သည် ယနေ့ နံနက်အာရုံဆွမ်းဘုဉ်းပေးပြီးနောက် ထောက်ကြန့်ကွင်း၊ ၀ါးတောကွင်းရွာတို့သို့ ဆွမ်းဆန်စိမ်း အလှူခံကြွရန် ရဟန်းတော်တို့အား ဆိုင်ကယ်များနှင့်လည်းကောင်း၊ သာမဏေတို့အား ထော်လာဂျီဖြင့်လည်းကောင်းတင်ဆောင်၍ ပုသိမ်-မုံရွာကားလမ်းမှ စောင့်ကြိုနေသော ထောက်ကြန့်ကွင်းရွာမှ ဆိုင်ကယ်များနှင့် ထောက်ကြန့်ကွင်းရွာ ဘုန်းတော်ကြီးကျောင်းသို့ အရင်ကြွတော်မူကြသည်။ ကျောင်း၌ ခေတ္တ ခဏနားကြပြီးလျှင် ထောက်ကြန့်ကွင်းရွာထဲသို့ ၉နာရီ ၄၅မိနစ်မှစတင်၍ကြွတော်မူပါသည်။ ထိုသို့ကြွတော်ရာတွင် ထောက်ကြန့်ကွင်းရွာမှ လူငယ်လူကြီး
အယောက်၂၀ကျော်တို့က အသံချဲစက်ထမ်းသူကထမ်း ဆန်အိတ်၊ဖလားကိုင်သူကကိုင်နှင့် ကုသိုလ်ယူကြပါသည်။
                            ထောက်ကြန့်ကွင်းရွာ ဘုန်းတော်ကြီးကျောင်းမှ စတင်၍ကြွတော်မူစဉ်
No comments:
Post a Comment
Birthday ceremony
pandavamsa's  album on Photobucket
ဆရာတော်ကြီး၏ မွေးနေ့အလှူတော်
pandavamsa's Srimingalar album on Photobucket
ရှင်ဉာဏိဿဿရ ရဟန်းခံ