တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။
“ပြောဆို ပြုမူတဲ့နေရာမှာ ကြည်လင်သော ဖြုစင်သန့်ရှင်းသောစိတ်ဖြင့်ပြုလုပ်ပါ။ ထိုသို့ပြုလုပ် သောပုဂ္ဂိုလ်ကို ချမ်းသာသုခသည် အရိပ်သဖွယ်မိမိနောက်သို့လိုက်၏”ဟု မြတ်ဗုဒ္ဓကမိန့်တော်မူခဲ့ပါ သည်။
ဘာသာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်၊ လူမူ့ရေး စီးပွားစသည့်နယ်ပယ်အားလုံးတို့တွင် “မနသာ စေ ပသန္နေန - ကြည်လင် သန့်ရှင်းသောစိတ်ထားဖြင့်” ဟူသောဤစကားဖြင့် ပြောဆို လုပ်ကိုင်ကြမည်ဆိုလျှင် မြတ်စွာဘုရားက ဤကဲ့သို့ “တတောနံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ - ထိုကဲ့သို့ပြောဆို လုပ်ကိုင်သောပုဂ္ဂိုလ်အား ကိုယ်ကျန်းမာစိတ်ချမ်းသာခြင်းသုခဟာ မိမိအရိပ်သဖွယ် နောက်မှလိုက်သည်” ဆိုတော်မူပါသည်။ ဒါကြောင့်လိုက်နာကျင့်သုံးသင့်သောစကားတော်ဖြစ်ပါသည်။ ဗုဒ္ဓတရားတော်ဖြစ်သော စကားတော်သည် လိုက်နာရမည့်တာဝန်အကျင့်တရားနှင့် ရရှိမည့်ရလဘ် အကျိုးတရားတို့ပါဝင်နေပေသည်။ အကြောင်းအကျိုးတရားများဆက်စပ်နေပေသည်။
လူသားတိုင်းလိုက်နာကျင့်သုံးမည်ဆိုလျှင်ကမ္ဘာလောကကြီးသည် လွန်စွာသာယာချမ်းမြေ့ဖွယ် ကောင်းနေပေတော့မည်။ ထိုစကားသည် လူမျိုးဘာသာမရွေးလိုက်နာသင့်လှပေသည်။ လူသားတိုင်း မိမိတို့၏ ချမ်းသာသုခကို ရှာဖွေရာတွင် မိမိတို့၏ကိုယ်ကျိုးစီးပွားကိုရှေးတန်တင်ပြီးပြောဆိုပြုမူကြခြင်း။ သူတပါးတို့၏ဆန္ဒ၊ သူတပါး၏အခြေအနေတို့ကိုလျစ်လျူပြုတတ်ကြပေသည်။ ထိုသို့လျစ်လျူ ပြုကြသဖြင့် ယ္ခုအခါတွင် စစ်ပွဲပေါင်းစုံ၊ ပဋိပက္ခပေါင်းစုံပေါ်ပေါက်နေပေသည်။ ပြဿနာပေါင်းစုံကို ဖြေရှင်းလိုလျှင် ဗုဒ္ဓစကားတော်ကိုလက်ကိုင်ထားဘို့လိုပါသည်။
ချမ်းသာသုခကို လူသားတိုင်းနေစဉ်ရှာဖွေနေကြသည်။ နေရာမျိုးစုံ အလုပ်မျိုးစုံတို့ကိုလုပ်ကိုင် နေကြရသည်။ ထိုသို့ပြောဆိုလုပ်ကိုင်နေကြသောအလုပ်တိုင်းတွင် “မနသာ စေ ပသန္နေန -ကြည်လင်သောဖြူစင်သန့်ရှင်စိတ်ထား” နှင့်ပြည့်စုံသောလူတို့အတွက်အောင်မြင်မူ့ စိတ်ချမ်းသာမူ့ တို့ကိုရမည်မှာဧကန်မလွဲပေ။ သူတပါးတို့အပေါ်၌ နိုင်လိုမူ့ အသာစီးရယူလို့မူ့ ကိုယ်ဆန္ဒကို ရှေးတန်တင်မူ့တို့ကြောင့် အောင်မြင်မူ့နှင့်ဝေးကွာနေကြပါသည်။
ယနေ့ကမ္ဘာ၌ အောင်မြင်မူ့ကျော်ကြားသောပုဂ္ဂိုလ်တို့သည် ထိုစကားကိုလက်ကိုင်ထားသော သူတို့ဖြစ်ပေသည်။ “စိတ္တေန နိယတေ လောကော”ဟုလောက၌ပြောဆိုကြသည်။ စိတ်သည် သတ္တ၀ါ တို့ကိုရှေးဆောင်သည်။
ထိုကြောင့် “စိတ်ကိုလည်းပြင်၊ ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ၊ ပြုတိုင်းလှ”ဆိုရိုးစကားအတိုင်း ရုပ်အဆင်းလှပရုံတင်ပြင်ဆင်မနေပဲ စိတ်ကိုပါပြင်ဆင်လျက် ကမ္ဘာသူကမ္ဘာသားအားလုံး စိတ်ထား နှစ်လုံးသားများလှပနေပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါသတည်း။
မေတ္တာ စိတ္တေန - မေတ္တာဖြင့်ယှဉ်သောစိတ်ဖြင့်